ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, April 30, 2010

သတင်းကျိုး (၃၀-၀၄-၂၀၁၀)

သတင်းခေါင်းစဉ်

ဂေဟာဝန်ကြီးချုပ် ဘောင်းဘီချွတ်မည် တကဲကဲဖြစ်နေ

အတင်းစုံသည်မှာ

ဝန်ကြီးချုပ်များ ဘောင်းဘီချွတ်သည့် ဖက်ရှင်ခေတ်စားနေသောကြောင့် ငပေါဂေဟာ ဝန်ကြီးချုပ်လည်း ဘောင်းဘီချွတ်မည် တကဲကဲ ဖြစ်နေရာ ဂေဟာ တာဝန်ရှိသူများက တားမြစ်ထားရကြောင်း အတင်းရရှိပါသည်။

ထိုသို့ တားမြစ်သော်လည်း ဝန်ကြီးချုပ်က သူတယောက်တည်း ချွတ်မည်မဟုတ်ကြောင်း၊ တွင်း ၁၊ တွင်း ၂၊ ငှက်ကထ၊ သဘာငတိ၊ ပျံဝံ၊ ပေါညီ၊ ပေါငြိမ် စသည်ဖြင့် ဂေဟာရှိ ဝန်ဂျီးနှင့် ဘုတ်အဖွဲ့ဝင် တချို့လည်း ချွတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ချွတ်ခြင်းမှာ ဖက်ရှင်ဟု မယူဆစေလိုကြောင်း တပ်ချုပ်ကြီး အောင်သာငယ်က ချွတ်ခိုင်း၍ ချွတ်ရကြောင်း ပြောဆိုသည်။

“ကျုပ် ငိုရပါများတော့ မျက်ရည်တွေ နှပ်တွေ အရမ်းအရမ်းကို ထွက်ပြီး လက်ကိုင်ပုဝါတွေ တစ်ရှုးတွေနဲ့တင် မလောက်တော့လို့ ဝန်ဂျီးချုပ်အပါအဝင် ဂေဟာက တခြားဝန်ဂျီးတွေရဲ့ ဘောင်းဘီတွေချွတ်ခိုင်းပြီး သုတ်ချင်လို့ပါ” ဟု တပ်ချုပ်ကြီးက မပြောသော်လည်း ဂေဟာသတင်းထောက်က သူ့ဟာသူ အထင်နှင့် ရမ်းတုတ်သည်။

အတည်မပြုနိုင်သော သတင်းရပ်ကွက်များ၏ အဆိုအရ ဂေဟာဝန်ဂျီးဂျုပ်အပါအဝင် ဝန်ဂျီးအဖွဲ့ဝင်တချို့မှာ ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။ ဝန်ဂျီးဂျုပ်ခေါင်းဆောင်သော ပါတီအမည်မှာ “ဂေဟာ ဖဲဝိုင်းနှင့် အရက်ဝိုင်းဖွံ့ဖြိုးရေး” ပါတီ ဟူ၍လည်း သတင်းရရှိသည်။

ထိုကိစ္စအရပ်ရပ်နှင့်ပတ်သက်၍ ဂေဟာသတင်းထောက်က ဝန်ဂျီးဂျုပ်အား မေးမြန်းရာ ဝန်ဂျီးဂျုပ်က မည်သည့်အဖြေမှ မပေးပေ။ သို့သော် သူနှင့်အလွန်ရင်းနှီးပြီး ကြုံရင်ကြုံသလို နေ့လယ်စာ မကြာခဏ ဝယ်ကျွေးခိုင်းလေ့ရှိသူ နာယကဂျီးကိုမူ “ဘယ်ဖြေလို့ရမလဲဗျ ... ညက ကျုပ်မိန်းမ ပိတ်တီးလိုက်လို့ ပါးတဖက်ယောင်နေတယ်။ ဘာစကားမှ မပြောနိုင်ဘူး” ဟု တိုးတိုးတိတ်တိတ် ဂျီတော့ခ်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။

ဤတွင် ဂေဟာသတင်းကျိုးကို ကြေညာလို့ပြီးပါပြီ။

နာယကဂျီးရေးသည်

11 comments:

khin oo may said...

ဘြာု့ပုလို့ကိုအောင်သာငယ်နာမည်ပါရတာလဲ (ဘလော့ဂါ) သူသဘောတူလို့လား။ ခွင့်ပြုချက်တောင်းရဲ့လား။

Unknown said...

တော်သေးတာပေါ့လေ .. ပေါညီက ပုဆိုးဝတ်ထားလို့
ဒါဆိုချွှတ်စရာလိုတော့ဝူးပေါ့လေ

Unknown said...
This comment has been removed by the author.
တွင်းတူး said...

ငပေါများဂေဟာ: သိချင်ရင် ဒီလင့်ခ်ကိုသာ ဖတ်ပါဗျိုး။ ဘလော်ဂါဂျီးမမကွန်ကလည်း ခေတ်တွေ နောက်ကျနေပါရော့လား။ http://www.crazyvilla.net/2009/09/blog-post_28.html

khin oo may said...

ကိုယ်တွေ လူတွေ မူတွေ မပြောလိုပါ။
ဒါပေမဲ့ တပ်ချုပ်ကြီး. ကာကွယ်ရေးဝန်ကြီး စစ်တပ်. အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဘာဘဲဖြစ်ဖြစ် ရာထူးတွေ ဟာ နောက်စရာပြောင်စရာမဟုတ်ဘူးလို့ခံယူမိပါယ်။ ဘယ်သူက ဘာဘဲဖြစ်ဖြစ်ပါ။

ဖိုးဂျယ် said...

အနော်တော့ ချွတ်ပါဘူး။
ဒါပေမဲ့ ဘုရားသွားရင်တော့ ချွတ် သွားတယ်း)

ပေါငြိမ် said...

အော... မခင်ဦးမေ... ထယ်နောက်ကျသကိုး... တားတားရို့က ပေါရာတာ ကြာရဘီ... ခုမှ ရာမပေါနဲ့ ရို့ပြောနဲ့ ရတော့ဝူး... :)

Anonymous said...

လူတွေ မူတွေ ရာထူးတွေ
လာပြောနေတာ
တညျိုးကြီးဘဲ
ထင်ဘူးဟ
ငပေါကို ငပေါလို. မြင်ဘို.
ဘရိန်း ၀ပ်ရှ် လုပ်ဘို.လိုပြီ..

မောင်ရင်ညို said...

ဟိဟိ ဘာမှန်းလဲမသိပဲ လာ ဟောက်နေတယ်
ဘောင်းဘီ ကချွတ်ခိုင်းတဲ့ လူပဲ ချွတ်ရမှာနော်
ချွတ်ချင်တိုင်း ချွတ်လို့ မရဘူး

Anonymous said...

ဟိ... ကွန်ကွန်ကလည်း ပေါဘ။

Ma Chitsnow said...

ှုIT ၀န်ကြီးမှာ ဘောင်းဘီချွတ်မည့် ကိစ္စတွင် ပါဝင်မည်မဟုတ်ကြောင်း ၊ အတင်းချွတ်ပါက အမျိုးသမီးရေးရာနှင့် တိုင်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
(ကိုယ့်ဘာသာ ဖြေရှင်းချက်ထုတ်သွားပါ၏)