ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, April 1, 2010

နှုတ်ထွက်စာ တင်ခြင်း (လျှောက်လုပ်ရေးဝန်ကြီး)

ကျွန်တော် လျှောက်လုပ်ရေးဝံဂျီး ပေါငြိမ်သည် ငပေါများနှင့် ဂျီတော့ခ်တွင် လက်ခံ စကားပြောဖြစ်ပါသည်။ အချို့က ပေါတောတော၊ အချို့က ကြောင်ကြောင်တောင်၊ အချို့က ကဂျိုးကဂျောင်၊ အချို့က သွပ်ချောင်ချောင်၊ အချို့က အူကြောင်ကြား စသည် စသည်ဖြင့် လာရောက်လုပ်ပါသည်။

ထိုသို့ လာရောက်ပေါသည်၊ ရောနှော မိတ်ဖွဲ့သည်ကို သီးခံနိုင်ပါသော်လည်း အချို့မှာ တဖြည်းဖြည်း ရောင့်တက်လာကာ ပုဂ္ဂိုလ်ရေးနှင့် အခြားသော ကိုယ်ရေးကိုယ်တာများကို ထိခိုက်လာပြီး မလေးမစား လုပ်သည်များနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။

အဆိုးဆုံးအချက်များတွင်...

(၁) ရုပ်တည်ကြီး လာလုပ်မနေစမ်းပါနဲ့ဗျာ
(၂) ခင်ဗျားတည်တော့ကော လူလေးစားမှာ မို့လို့လား
(၃) ခင်ဗျားမှာ ပေါညင်တွေ မွေးကတည်းက ပါလာတာပါဗျာ
(၄) စာတွေ အတည်ပေါက်နဲ့ ဖြဲချောက်မနေပါနဲ့ဗျာ
(၅) တကယ်က ခင်ဗျားဟာ ငပေါအရင့်အမာကြီးပါ
(၆) လျှောက်လုပ်ရေးဝန်ဆိုမှတော့ လျှောက်လုပ်တာ ဘာဆန်းလဲဗျာ
(၇) စသည်၊ စသည်...

အထက်ပါကဲ့သို့သော ပြောဆိုမှုများနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။

သို့ဖြစ်ပါ၍ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်စွမ်းမရှိတော့ပါသဖြင့် (ဂိတ်ဆုံးသွားပါသဖြင့်) ယနေ့မှ စ၍ ငပေါများ ဂေဟာမှ နှုတ်ထွက်ခွင့်ပြုပါရန်နှင့် လျှောက်လုပ်ရေးဝန်ကြီး ရာထူးကိုလည်း အခြားသူအား လွှဲပြောင်း ပေးအပ်ပါရန် ဏာယကဂျီးနှင့် အတူ ငပေါများအားလုံး သိစေရန် တောင်းဆိုအပ်ပါသည်။

မလေးမစားစွာဖြင့်
ပေါငြိမ်
လျှောက်လုပ်ရေးဝန်ကြီး

7 comments:

Yaminnie’s Daydream said...

ann... ဘာကြီးတုန်းဟ.... ဘာလဲ... April fool လာလုပ်တာလား... :O .. လာနောက်နေတာထင်ပါရဲ့  တော်... :P

mama said...

ကျွန်မ ဖြစ်သူ အကယ်ဒမီ ကက်စီနို မမ သည်လည်း
ဝမ်းနည်းကြေကွဲစွာဖြင်. ဆက်လက်ပေါနိုင်စွမ်းမရှိသော်သောကြောင်.
နှုတ်ထွက်ခွင်.ကို ဒီ post နှင်.အတူ တစ်ပါတည်း
ပူးတွဲ လျှောက်ထားပါသည်။
april fool မဟုတ်ပါ.တကယ် ၁၅ခါပါ။
အကယ်ဒမီ ကက်စီနို မမ

Ma Chitsnow said...

အယ် ထွက်ကြပါနဲ့တော်
မလိမ်မိုးမလိမ္မာလေးတွေကို ခွင့်လွှတ်ပေးကြပါ (မှတ်ချက်။ ။လက်လက်တောက်မပါပါ။)

ဖိုးဂျယ် said...

ထောက်ခံပါတယ် ထောက်ခံပါတယ်း)

ပေါငြိမ် said...

ဟီးဟီးဟီး... လန့်သွားကြပါသလား၊ လန့်မယ်လည်း မထင်ပါဘူး၊ ဒီလူကြီး နှုတ်ထွက်လေ ကောင်းလေ ဆိုပြီး ဝိုင်းမေတ္တာ ပို့ကြမယ် ထင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး၊ April Fool မို့လို့ ငပေါတွေကို နောက်ကြည့်တာပါ။ ဟီး ဟီးဟီး။ မလန့်လည်း မတတ်နိုင်ပါဘူး။


တကယ်တမ်း လူတွေဆိုတာ April Fool မှ ရူးကြတာ မဟုတ်ပါဘူး။

နိစ္စဓူဝ တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပါပဲ။


မေတ္တာဖြင့်
ပေါငြိမ်

aungnyinyi said...

တယ် .... အဲ့ဂလို လန့်အောင်လုပ်ရလဲ
ကိုလျှောက်ရယ်

tututha said...

ထင်သားပဲ အဲသဟာကြောင့် ၁ ရက်ကျော်သည်ထိ အိပ်ပျော်ချင်ယောင်ဆောင်နေတာ ...