ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, April 16, 2010

သင်္ကြန် သတင်းကျိုး (Break News) (၁၆-၀၄-၂၀၁၀)

- ဧပရယ်လ ၁၅ ရက်နေ့(သင်္ကြန်အကျက်နေ့) တွင် ငပေါများဂေဟာ၏ သဘာငတိဖြစ်သူအား ဗုံးခွဲ လုပ်ကြံ
ခင်းဖြစ်ပေါ်ခဲ့ ...
- သင်္ကြန်တွင်း လူ့ပြည်သို့ လာရောက်ပျော်ပါးသော သကြားမင်း၏ စနက်ကြောင့် မန္တလေးတွင် မဏ္ကပ်များပြိုခဲ့

>ငပေါဂေဟာ၏ ရိုးရာအခါတော်နေ့ ဘီယာပတ်သော အခါသမယတွင် ငပေါများဂေဟာ၏ သဘာငတိဖြစ် သူအား ဗုံးခွဲ လုပ်ကြံခြင်းဖြစ်ပေါ်ခဲ့ပါသည်။
သို့သော်လည်း ပြန်ကြားရေးဝံချမ်းရဲ၏ သတင်းထုတ်ပြန်မှုအမှားကြောင့် ငတိမူးနေသော မဏ္ကပ်နှင့် တခြားမဏ္ကပ်တစ်ခုအား မှားယွင်း၍ ဖောက်ခွဲခဲ့သောကြောင့် ငတိမှာ အသက်ရှင်လျှက် လိပ်ပြာဖမ်း၍ ပြန်လာနိုင်ခဲ့ကြောင်း .....
သဘာငတိကြီးမှာ စိတ်နူ ကိုယ်နူသောသူဖြစ်သောကြောင့်တစ်ကြောင်း ၊ ထပ်မံလုပ်ကြံမည် စိုးရိမ်သောကြောင့်လည်းကောင်း နောက်တစ်နေ့တွင်
ဦးပုတ်အားစောင့်၍ ဘုန်းကြီးကျောင်းမှာပင် တစ်နေကုန်ပုန်းအောင်နေရကြောင်း နောက်ဆုံးအတင်းများအရသိရှိရပါသည်

>သကြားမင်းကြီးသည် သင်္ကြန်ရက်တိုင်း လူ့ပြည့်သို့အလည်လာကာ ပျော်ပါးခဲ့ပါသည် ။ သို့သော် မဏ္ကပ်များတွင် DJ များမဖွင့်ရသောကြောင့် သီချင်းသံနားထောင်ချင်လှသော သကြားမင်းသည် အနီးတွင်ရှိသော ပုလွေစုတ်နှင့် လေမှုတ်သောကြောင့် .. ၁၆ ရက်နေ့မနက် မန္တလေးကျုံးဘေးတွင် အစကတည်းက ပြိုချင်နေသော မဏ္ကပ်များ ပြိုကျသွားခဲ့ကြောင်းသတင်းရရှိပါသည်... ။

ပေါညီလက်မှတ်ရေးထိုးမှာစားသည်
လက်မှတ်

5 comments:

ဖိုးဂျယ် said...

တကယ် ကံကောင်းခဲ့ပါကြောင်းး)

tututha said...

သကြားမင်းသည် တက်ဈေးမိသောကြောင့် ထန်းလျက်မင်းနှင့်အစားထိုး ဆင်းလာရသဖြင့် ငတိမှာ ဗုံးဒဏ်နှင့်လွတ်သွားကြောင်း၊ သို့ရာတွင် မကျေနပ်သည့် ဏာယကဂျီးက ရေပုံးဖြင့် ဆော်လိုက် သဖြင့် နဖူးတွင် ခြောက်ချက်တိတိ ချုပ်လိုက်ရကြောင်း .. ထိုသတင်းကိုကြားသော ပေါညီမှာ ၆ စီးရီးဖြင့် နှလုံးထီပတ်လည် ရိုက်လိုက်သဖြင့် ရှိသမျှ ကုန်သွားကြောင်း ... ဤတွင် နောက်ဆက်တွဲ အတင်းကို ကြေညာ၍ ပြီးပါပြီ ...

aungnyinyi said...

ဘယ်.. ဘယ်လိုတိသွားရပြန်တုန်း
ပေါညီ

Anonymous said...

သတင်းကျိုး (ဘရိတ်ကင်း နယူးစ်)ကို တပတ်တခါ တင်နိုင်ရင် သိပ်ကောင်းမယ်း)

သတင်းကျိုးတွေဟာ စာဖတ်သူကို အကျိုးရှိစေလိမ့်မယ်။

ကဲ - လိုအပ်တာတွေကို ညွှန်ကြားချင်တာကတော့ ဒီလောက်ပါပဲး)

ပုံ

ဝန်ကြီးချုပ်း)

tututha said...

သတင်းက အမြဲတမ်း ကျိုးနေရင်တော့ ကောင်းတာပေါ့ အမည်မဖော်လိုသူ ဝံဂျီးဂျုပ်ကလည်း ...