ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 1, 2010

ငပေါဂေဟာ နှစ်ပတ်လည် အခန်းအနားတော်ဂျီး

  • အခမ်းအနားမှူးအဖြစ် = ပျံဝံ
  • မိန့်ခွန်းပြောကြားသူ = နာယကကြီး
  • တက်ရောက်လာသော တစ်ဦးတည်းသောဧည့်သည်= ဥက္ကဌ အန်ဒီ


“ပေါနှစ်ပတ်လည်အခမ်းအနား” အဖြစ် ရန်ကုန်မြို့ စီဒိုးနားဟော်တယ်တွင် ခမ်းနားစွာ ကျင်းပသည်။


“ပရိသတ်များ အားလုံးပေါင်း ၃ယောက်တိတိ ခုလို စုံစုံလင်လင် ရှိတဲ့အချိန်မှာ နာယကကြီးမှ ငပေါဂေဟာနှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားပေးမှာဖြစ်ပါတယ်”

စင်ပေါ်တွင် ပေါတီးဝိုင်းများ ဘင်ခရာတီးဝိုင်းများဖြင့် အစုံအလင်ရှိပြီးဖြစ်သည်။


“ဂုဏ်သရေရှိ လူကြီးမိဘအပေါင်း၊ ပေါဝန်ထမ်း ညီကိုမောင်နှမများနှင့် ဧည့်သည်တော်အပေါင်း ခင်ဗျာ
ပေါနာရက မှ မိန့်ခွန်းပေါကြားမှာဖြစ်ပါ၍ တစ်ခြမ်းလောက် နေရာယူပြေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ”


“ဖြောင်း ဖြောင်း ဖြောင်း”

ဥက္ကဌမှ လွတ်နေသော ဖျာပေါ်တွင်သွားထိုင် လိုက်ပြီး လက်ခုပ်တီးသည်။


“အဲ.. နာယကကြီးက ကေတီဗီမှာ ညကအသကုန်ဟဲထားသောကြောင့် အသံမထွက်ဖြစ်နေပါတယ်တဲ့

ခြေဟန်လက်ဟန်ဖြင့် ပြောကြားနေပါပြီ။ ကျွန်တော်ပဲ သူဘာဆိုလိုလဲ ပြောပြပေးပါ့မယ်”

“အားလုံးကို မင်္ဂလာပါတဲ့”

“အဲအဲ.. ပြောနေပြီခင်ဗျ ခြေကားယား လက်ကားယားနဲ့ ကိုယ်ကိုလှည့်တယ်ခင်ဗျ။ အော်..ဆိုလိုတာက ဒီနေ့ဟာဆိုရင် ပေါဂေဟာရဲ့ နှစ်ပတ်လည်ဖြစ်တဲ့အတွက် အားလုံး ကိုယ်ခန္ဒာကို နှစ်ပတ်လည်ပြီး ဂုဏ်ပြုပါတဲ့ ပထမဆုံး အနေနဲ့”


“ဒုံ ချမ်း ချမ်း ဒုံ ပီးပေါ်ပီးပေါ်”


“ရပါပြီတဲ့..ဟုတ်..သူက ပြောနေပါတယ် ခြေဟန်လက်ဟန်နဲ့…

ပေါဘော်တို့.. ပေါဘော်တို့ဟာ ပေါဘော်တို့ပဲဖြစ်တယ်.. ဘာလို့လဲဆိုရင် ပေါဘော်တို့ဟာ ပေါဂေဟာအတွက် စွမ်းစွမ်းတမန်ပေါခဲ့ကြလို့ပဲဖြစ်တယ်.. ဒါဟာလည်း ပေါဦးတည်ချက် ၄ရပ်ကို တစိုက်မတ်မတ် ခံယူကျင့်သုံးခဲ့လို့ဖြစ်တယ်.. ဖြစ်တယ်…. ဖြစ်တယ်…။

ငပေါပြည်သူ လက်တွဲကူ လူတည်မှန်သမျှချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူတည်တွေကို ကိုက်ဖြတ်..အဲ တိုက်ဖျက်ရပါမယ်.. ဂေဟာတစ်ခုတည်ဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ကို ရရင်ရသလို ငပေါကွက်နင်းပြီး ဘုန်းတတ်ရပါမယ်တဲ့…”


“ဟော… နာယကကြီး မျက်နှာ မသာမယာနဲ့ ထမိန်ကိုချွတ်ပြီး ခြုံနေပြန်ပြီ”


“သူပြောချင်တာက.. ဘာလဲတော့သိဘူးပေါ့လေ.. ဟို……

ငပေါတွေကို အားမရဘူးတဲ့.. ဒီပုံစံအတိုင်းဆိုရင် ဂေဟာလဲ ချွတ်ချွတ်ခြုံမွဲတော့မယ်တဲ့”


“ဆက်ပြောတယ်ခင်ဗျ… မကြာခင်ရွေးကောက်ပွဲကနီးလာပါပြီတဲ့

ဟော… ချွတ်လိုက်ပြန်ပြီ တကိုယ်လုံး..

ရွေးကောက်ပွဲကို ယူနီဖောင်ချွတ်ပြီး သူကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဆိုလိုတာ ခင်ဗျ”


“အဲ.. ဥက္ကဌရဲ့ ဘယ်နေရာကို လက်ညှိုးထိုးနေလဲသိဘူးဗျ”

“အော်… သူက ပြွန်တန်ဆာကနေ ကိုယ်စားလှယ်လောင်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာတဲ့”


“ဟာ အဲဒီနေရာကိုပဲ ထပ်ပြီး ချောင်းကြည့်နေတယ်ခင်ဗျ….”

“အော်…ဆိုလိုတာက ဂွေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ပြီး လက်စသတ်နေပြီတဲ့”


“အိ.. နာယကကြီး အီ အီးထိုင်ပါနေပါလား..ဘာပြောချင်တာတုန်း..
ဟာ အီးတွေပါ ကောက်ကိုင်နေပြန်ပြီ”

“သိပါပြီ… သူက ပြည်သူတွေကို ပိုက်ဆံတွေလည်း ချေးပေးမယ်လို့ပြောတာပါ”

“ဟား လုပ်ပြန်ပြီ.. စတိတ်စင်ကြီးကိုပါ မီးရှို့နေပြန်ပြီ..ဟာ လုပ်ကြအုံး”

“သူပြောချင်တာက သူအနိုင်ရရင် မီးမှန်မှန်လောင်အောင်..အဲ မှန်မှန်လာအောင် ကူညီမယ်လို့ပြောတာဗျ.. ဒါကြောင့် မဲထည့်ပါတဲ့”


“မီးလည်း အတော်လောင်နေပြီဖြစ်ပါသောကြောင့်.. အခမ်းအနားကို အောင်မြင်စွာနိဂုံးချုပ်လိုက်ရပါတယ်..”

“ပြေးကြဟေ့!!!”


--
.....
ချမ်းရဲ

5 comments:

Han Thit Nyeim said...

အတော့်ကို လိုရာဆွဲပြီး ပြောနိုင်တာပဲ။ ပျံဝံ ပီသပါပေတယ်။ ဏာယကဂျီးတော့ နောက်ဆို လက်ညှိုးတောင် ထောင်ရဲတော့မယ့်ပုံ မပေါ်ဘူး... :)

မိုးယံ said...

အတော့်ကို ပေါရဲတာပဲ။ ဒါပေမယ့် သူတို့ပေါပုံလေးကို ခိုက်တယ်။

ငပေါ မိုးယံ

Anonymous said...

နှစ်ပတ်လည်ကြီးကို ဂလို
ခြိမ့်ခြိမ်သဲလုပ်တာတော့ ဟုတ်ပါပြီ
သေချာရဲ.လား
ဒီနေ့ဆိုတာ..
ပြန်လဲ စစ်ကြည်.ပါအုံး

ဖိုးဂျယ် said...

နှစ်ပတ်လည် မွှားနေတယ်
ပျံကြားရေးမှုးလေ ဒီလောက်တော့ မွှားတော့မယ်ပေါ့
နောက်လ ၃၀ ရက်နေ့မှ ၂ နှစ်ပြည့်မှား)
သတင်း မှားမလွှင့်ရင် ပျံကြားရေးဝံ ဘယ်ဟုတ်မလဲ :D

ငှက်ကထ said...

အဟီး စက်တင်ဘာလကို ၁၀ လပိုင်းမှတ်လို့ ငှက်ကထ ပါမစ်ပေးလိုက်တာ ဟီဟိ