ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, December 13, 2008

နှုတ်ထွက်စာလျှောက်ထားခြင်း

အကြောင်းအရာ ။ ။ နာယကကြီးနဲ့ ဥက္ကဌအား နှုတ်ထွက်စာ လက်ခံရန် ရိုသေစွာ လျှောက်ထားခြင်း
ရည်ညွှန်းချက် ။ ။ သဘာပတိမှာ အနေမတတ်သဖြင့် ဂိုဏ်းကြီးအား အရှက်ရစေခြင်း

စာကိုယ် ။ ။ သဘာပတိဖြစ်သော ကျတော်ခပ်ပိန်းပိန်းကောင်လေးသည် အနေအထိုင် မတတ်သဖြင့် ငပေါဂိုဏ်းကြီးအား အရှက်အကြီးအကျယ်ရစေသဖြင့် သဘာပတိ ရာထူးမှ ကိုယ့်ကိုကိုယ် ရှက်လွန်းသဖြင့် ကိုယ်သဘောနဲ့ ကိုယ် နှုတ်ထွက်ပါသည်။ ထိုင်းဝန်ကြီးလို့ ရုပ်တည်ဖြင့် အရှက်မရှိ မနေတတ်သဖြင့် နှုတ်ထွက်ပါသည်။ ယနေ့မှ စ၍ ဤ ငပေါဂေဟာကြီးနှင့် ကျတော်ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ် (သဘာပတိဟောင်း)သည် လားလားမျှ မသက်ဆိုင်တော့ကြောင်း သဘာပတိဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းမှ ပြောကြားလိုက်ပြီး ကျတော် ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ်မှ ဥက္ကဌသို့ ဦးတိုက်လျှောက်ထားလိုက်ပါသည်။ ကျတော်ကြောင့် ဂိုဏ်းကြီး အရှက်ရ နစ်နာစေသည့် အတွက် အားလုံးသော အဖွဲ့သားများအား ရိုသေလေးစားစွာ အနှုးအညွှတ်တောင်းပန်အပ်ပါသည်။ နောက်နောင် ယခုလိုအရှက်ရစေမည့် အဖြစ်မျိုး မဖြစ်စေရန် ကျတော် (သဘာပတိဟောင်း)မှ စံပြအဖြစ် နှုတ်ထွက်ပါသည်။ ငပေါဂိုဏ်းကြီး ယခုထက်မက အောင်မြင်ကျော်ကြားပါစေလို့ ရင်ထဲက ဆန္ဒအမှန်ဖြင့် ဆုတောင်းရင်း ခပ်ပိန်းပိန်းကောင်လေးဖိုးဂျယ်မှ အားလုံးသော အဖွဲ့သားများအား ၀မ်းနည်းစွာ နှုတ်ဆက်အပ်ပါသည်။ အဖွဲ့သားများ ကျတော့်အိမ်ကိုတော့ မကြာခဏ လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်ပါသည်။

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ပုံ/
ဘေထယ်ရောင်း

5 comments:

Andy said...

သဘာပတိသည် ရှက်လွန်းသဖြင့် နုတ်ထွက်မည်ဆိုသော်လည်း ဤဂိုဏ်းသည် သောက်ရှက်ကင်းမဲ့လွန်းမှသာ လုပ်၍ရသောဂိုဏ်းဖြစ်ကြောင်း ကြေငြာလိုက်သည်...။

tututha said...

သောက်ရှက်လုံးဝမရှိသော မျက်နှာပြောင်တိုက်သူများ စုပေါင်းထားသည့် ဤ ရူးပေါဂိုဏ်းကြီးသို့ ဝင်ပြီးသူ ဂိုဏ်းသားအားလုံး ပြန်ထွက်ခွင့်မပြုကြောင်း ထပ်ဆင့် ကြေညာလိုက်သည်။

Yaminnie’s Daydream said...

ဤကဲ့သို့ အရှက်မရှိသောဂိုဏ်းတွင် ...
အရှက်မရှိသော သဘာငတိကြီးရှိမှသာ တင့်တယ်မည်ဖြစ်သောကြောင့်...
လုံးဝ နှုတ်ထွက်ခွင့်မရှိကြောင်း တရားရေးဝန်ကြီးမှ ထပ်ဆင့် အမိန့်ထုတ်ပြန်လိုက်သည်....

စပ်မိစပ်ရာ said...

သဘာပတိ(ချစ်လှစွာသော အစ်ကိုကြီး)၏ နှုတ်ထွက်ခွင့် အား အခြားတာဝန်ရှိသူများ ဆန္ဒကဲ့သို့ပင် ပြင်းထန်စွာ တားမြစ်ပါကြောင်းနှင့်
နှုတ်ထွက်ခွင့်မပြု(မပြု)ကြောင်း အသိပေး ကြေညာလိုက်သည်။
ပုံ
ကူးသန်း ၀န်ကြီး
PA PwaGyi

သံလွင် HeRo said...

သဘာငတိ၏နှုတ်ထွက်စာအားဆည်မြောင်းဝန်ကြီးမှ
ဗီရှည်အာနာသုံးပြီးပယ်ချလိုက်ပါကြောင်း