ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, November 6, 2008

ဂေဟာအရှုပ်တော်ပုံ

ငပေါများဂေဟာတွင် တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပလေသည်။ အစည်းအဝေးက အရေးပေါ် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ ဒါတောင် ပြန်ကြားရေးဝန်ကြီးမပါ။ မပါရခြင်းမှာ အတွင်းရေးမှူး-၂ မှ ပြန်ကြားရေးဝန်ကြီးသို့ ဖုံးခေါ်ဆိုချိန်တွင် ပြန်ကြားရေးဝန်ကြီးမှာ အရေးပေါ်ကိစ္စဖြင့် မာဆက်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ နာယကကြီးမှ စတင်၍ပြောသည်။
"အဟမ်း အဟမ်း တကယ်တော့ဗျ လောကဆိုတာဟာ ကလောရဲ့ဇောက်ထိုးစာလုံးပဲဗျ"
ဥက္ကဌက စားပွဲအောက်ကို ငုံ့၍ ခွက်ပုန်း တစ်ခွက် ကစ်လိုက်သည်။ အတွင်းရေးမှူး ၁ က live score ကို အငမ်းမရ ကြည့်ပြီး သူရိုက်ထားသော မောင်း မြည်/မမြည် ကြည့်နေသည်။ အတွင်းရေးမှူး ၂ ကတော့ ချိုင်းထီစာရွက်လေး တကိုင်ကိုင်။ စည်းရုံးရေး အမှုဆောင်ကတော့ ငိုက်မြည်း၍ ကောင်းနေဆဲ။
" ဒီနေ့ အစည်းအဝေး ရုတ်တရက် ဆင့်ခေါ်ရတာ ဒီလိုဗျ... ကျွန်တော်တို့ ငပေါများဂေဟာရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဖြစ်တဲ့ ကိုအန်ဒီဆီကို ဥဿာပြည့်ရှင် မင်းမယားကြီးက သူ့သမီးတော် ဇီဝကလျာကို ဆက်သဖို့အတွက်...."
ဥက္ကဌကြီးရုတ်တရက်ခေါင်းထောင်လာကာ
"ဓါတုကလျာတော့လုပ်ပါဗျာ ခင်ဗျားကလဲ"
"လျှာမရှည်ပါနဲ့ သူ့သမီးတော်က ဓါတုဘာသာမှာ စာမေးပွဲကျလို့ ဇီဝဘာသာကိုပြောင်းယူထားတာ ငနာရဲ့ .. အစည်းအဝေးမှာ ပြန်ပြန်မပြောနဲ့.. ဟင်း ဘာမှတ်လဲ ရာထူးပြန်ရုတ်သိမ်းလိုက်ရမလား...
GSM ပြန်သိမ်းလိုက်ရမလား.. ငါပြောတာကိုပဲ ထောက်ခံမလား
"
ဥက္ကဌကြီး လည်လိမ်သွားသည်။ နာယကမှ ဆက်ပြောသည်။
"အဲဒီကိစ္စမှာ ကျွန်တော်များ ငပေါဂေဟာမှ သူရဲဘောလေးဦးဖြစ်တဲ့ သဘာပတိ၊ အတင်း ၁၊ အတင်း ၂ နဲ့ အကြံပေးအရာရှိတို့က ဥက္ကဌ၏ မဒမ်လောင်းလျာကို သွားရောက် ခေါ်ဆောင်ဖို့အတွက် ပြည့်ရှင် မင်းမယားကြီးက စာချွန်တော်ပါးလာတယ်... အဲဒါကို သဘာပတိက ခေါင်းဆောင်ပြီးတော့ ဥက္ကဌရဲ့ မဒမ်လောင်းလျာကို မှဲ့တစ်ပေါက်မစွန်းရအောင် ဒီကိုအရောက်ခေါ်လာစေဖို့ ဒီငပေါများဂေဟာက သဘောတူပါတယ်... ဒါကြောင့် ဒီကိစ္စကို အနှေးနဲ့အမြန် ဒီနေ့အပြီးဆောင်ရွက်ဖို့ ကျွန်ုပ်တွင် အပ်နှင်းထားသော အာဏာအရ လုပ်ချင်ချင် မလုပ်ချင်ချင် ဇွတ်အတင်းပင် ခိုင်းစေလိုက်သည်"
----------------------
အင်းဗျာ ကျလာတဲ့တာဝန်ဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော်.. ၀တ်ကျေတန်းကျေ ထမ်းဆောင်လိုက်ရတာပဗျာ..
ဒီလိုနဲ့ သူရဲဘောတို့လေးယောက် ဇီဝကလျာကို ခေါ်ဆောင်လာခဲ့ပေသည်။ လမ်းခုလတ်တွင် ခေတ္တနားကြ၏။ အတင်း ၁ က လမ်းဘေးတွင် ဘောလုံးကန်နေသော ခလေးများကို ကြည့်နေသည်။ အတင်း ၁ ဆိုတာက မန်ယူကန်တာ မကြည့်ရလျှင် ခွေးနှစ်ကောင် အမဲရိုးကို အပြိုင်ဆွဲနေတာကအစ စိတ်ဝင်တစား ကြည့်တတ်တဲ့သူလေ အတင်း ၂ ကတော့ ခွက်ပုန်းကစ်နေသည်။ အကြံပေးအရာရှိကတော့ တောတိုး၍ ဇောချွေးပြန်နေသည်။
သဘာပတိ တစ်ယောက် မယောင်မလည်ဖြင့် ဇီဝကလျာ အနီးသို့သွားလေသည်။ သဘာပတိလက်ထဲမှာတော့ ငှက်ပျောသီးလေးတစ်လုံးကို ကိုင်လျက်။
"ဗိုက်မဆာဘူးလားဟင် ညီမငေး"
"ဆာတော့ဆာတာပေါ့ အတိုရယ်"
သဘာပတိရဲ့ ၃၂ ချောင်းသော သွားတို့ လင်းလက်ကုန်သည်
"ဒါဆိုလဲ ဒီငှက်ပျောသီးလေး စားလိုက်ပါလား ညီမငေး"
ဟု လက်ထဲတွင်ကိုင်ထားသော ငှက်ပျောသီးအား လောကွတ်ချော်ကျွေးလေသည်
"ညီမငေး မစားရဲပါဘူး အတိုရယ် ... မစားပါရစေနဲ့နော် .. ညီမငေး ငှက်ပျောသီးစားရမှာကြောက်တယ် အတိုရဲ့"
"အော် ညီမငေးရယ် ဗိုက်ဆာနေတာပဲကို အဆာမခံပါနဲ့ ညီိမငေးရယ် ငှက်ပျောသီးစားတာများ မကြောက်ပါနဲ့လားဟင် အကို့မှာ အဖော်တွေနဲ့ပါ ညီမငေးရဲ"
"ရှင်"
"အော် မဟုတ်ပါဘူး အကို့ရဲ့အဖော်တွေ အတင်း ၁ ၊ အတင်း ၂ နဲ့ အကြံပေးတို့ ရှိနေတာပဲလို့ပြောတာပါ.. စားမှာသာစားပါ ညီမငေးရယ်.. ဘာမှမကြောက်နဲ့သိလား"
"ဟုတ်တာပဲ အတိုရယ် မစားပါရစေနဲ့နော် မစားပါရစေနဲ့လား အတိုရယ်"
" ညီမငေးကလဲကွာ အကိုက စေတနာရှိလို့ ကျွေးတာပဲကို ပဲကို ပဲကို... အတို့အိမ်က မဒမ်လောင်းကိုတောင် ကျွေးတာမဟုတ်ဘူးရယ် တိရား ရှားနော် ညီမငေး ရှား ရှား "
ထိုသို့ဇွတ်ကျွေးမှသာ ဇီဝကလျာခမျာ အငမ်းမရ မြိန်ရေ ရှက်ရေ ငှက်ပျောသီးကို စားလေသည်။ သဘာပတိမှာလဲ အောက်ကနေ တပြုံးပြုံးနဲ့ ကြည့်နေသည်။ ဇီဝကလျာခမျာမှာလည်း ငှက်ပျောသီးတစ်လုံးကို ၂ မိနစ်ထဲနဲ့ အပြီးစားပြစ်သည်။ ငှက်ပျောသီးကုန်မှ သဘာပတိကို သတိရလေသည်။
"ညီမငေးက အကုန်ချားပြစ်ရိုက်တာရား အတို့ဖို့ မချန်တော့ဘူး အတိုလဲ ဗိုက်ချာလိုက်တာ ညီမငေးရယ်"
"အော် အတိုရယ် ဗိုက်ဆာလို့လား သိဘူးလေ အတိုက ညီမငေးကို အကုန်ကျွေးတာလားလို့လေ... အော် နေအုံး နေအုံး ညီမငေး လမ်းမှာ မန်းမြို့တော် ပေါက်စီ ၂ လုံး ၀ယ်လာခဲ့တယ် အတိုရဲ့... အတိုဗိုက်ဆာရင် အဲဒါနည်းနည်းစားလိုက်နော်... နည်းနည်းပဲစားသိလား ... ညီမပေါက်စီလေး သေးသွားမှာစိုးလို့ (အဲလေ ဟုတ်ပါဘူး ညီမပေါက်စီလေး ကုန်သွားမှာစိုးလို့ပါ) ညီမ လမ်းမှာဆာလာရင် စားအုံးမယ်လေနော်.. ရော့ ရော့" ဟု ဆိုကာ ဘယ်ဘက်ရင်ကြားတွင် ၀ှက်လာသော ပေါက်စီ တစ်လုံးကို ထုတ်ကျွေး၏။
သဘာပတိမှာလဲ ရှက်ရှက်ဖြင့် သိပ်မစားနိုင်ရှာ တစ်ကိုက်သာကိုက်ပြီး ဇီဝကလျာအား ပြန်ပေး၏။
ထိုအခါ ဇီဝကလျာလဲ ဘယ်ဘက်ရင်ကြားထဲတွင် ပြန်ဝှက်ထားပြန်၏။
ဒီလိုနှင့် ငပေါများဂေဟာသို့ ခရီးဆက်ကြ၏။ ဂေဟာသို့ရောက်သော်
ဥက္ကဌက ၀မ်းပန်းတသာအပြေးလာရာ လှေကား ၂ ဆင့်ကပင် ပြုတ်ကျ၏။ အငမ်းမရဖြစ်နေသော ဥက္ကဌအား အမှုဆောင်မှ မျက်စောင်းခဲလေ၏။
"မီးလေး လာပြီလား.. မီးလေးလာပြီလား... အကိုကြီးက မီးလေးကို စောင့်နေတာ ... အကိုကြီးရင်တွေ တုန်လွန်းလှပါလားမီးလေးရယ် ... ဒီမှာလေ မီးလေးစားဖို့ အကိုကြီး ငှက်ပျောသီးတွေ ၀ယ်ထားတာ ဒီမှာကြည့်စမ်းမီးလေး ငှက်ပျောသီးကို အကြီးကြီးပဲနော်.. ဟဲဟဲ မီးလေးစားဖို့ ရခိုင်ငှက်ပျောသီးအကြီးကြီးပဲ ၀ယ်ထားတာ"
ပြောပြောဆိုဆိုဖြင့် ဥက္ကဌကြီးက သူ၏ ၀တ်လုံတော်အားလှန်ပြ၏ (ငှက်ပျောဖီးမှာ တန်းတွင်ချိတ်ထားပြီး
အဖွဲ့ဝင်များ ခိုးယူမစားသောက်စေရန် ပုဆိုးဖြင့်အုပ်ထားခြင်းဖြစ်၏)
" မီးလေးရင်ပြည့်နေလို့ပါ အကို မစားပါရစေနဲ့နော်.. ပြီးတော့လမ်းမှာလဲ ငှက်ပျောသီးတစ်လုံးစားလာသေးတယ်အကိုရဲ့ "
" ဒါဆိုလဲ မီးသဘော မီးသဘော... ဒါပေမဲ့ မီးလေးလာမယ်ဆိုလို့ အကိုဘာမှမစားသေးဘဲ စောင့်နေတာသိလား.. အကိုလဲ ဗိုက်တွေဆာနေတယ် ... မီးလေး လမ်းမှာ အကို့အတွက် ဘာတွေ ၀ယ်ခဲ့သေးလဲဟင် "
" မီးမှာ ဘာမှပါမလာဘူး အကိုရဲ့.. အကိုစားချင်ရင်လေ မီးလေးဝယ်လာတဲ့ ပေါက်စီကိုပဲစားနော်..
မီးလေးပေါက်စီက နာမည်ကြီး... အကိုကြိုက်လောက်မှာပါ... branded ပေါက်စီလေ အကိုရဲ့ ...
သိတယ်မို့လား နာမည်ကိုက မန်းမြို့တော်တဲ့ အဟဲ...
" ပြောပြောဆိုဆိုဖြင် ရင်၏ ညာဘက်ကြားတွင် ၀ှက်ယူလာသော ပေါက်စီအား ထုတ်ကျွေးလေ၏။
ညာဘက်ကြားကို နှိုက်သော်လည်း ယောင်ယမ်းပြီး ဘယ်ဘက်ရင်ကြားသို့နှိုက်မိလေသော် တစ်ဝက်တစ်ပျက်စားထားသော ပေါက်စီကို ပေးမိလျက်သားဖြစ်နေ၏။
ဥက္ကဌ၏ ပွယောင်းနေသော နှာခေါင်းမှာ နီရဲလာလေ၏။ ဒေါသမီးလျှံတို့ လျှံထွက်လာ၏။
ပါးစပ်တို့ တဆတ်ဆတ်တုန်ယင်နေ၏။ မျက်လုံးကြီးလဲ ပြူးသထက် ပြူးလာသည်။
ထိုအခါမှ ဇီဝကလျာလဲ မိမိ၏ပေါ့ဆမှုကို သတိထားမိ၏။ ဘယ်လိုမှ ထိန်းသိမ်းချိန်မရှိလိုက်။
ကိုက်ရာပါသော ပေါက်စီက ဥက္ကဌလက်ဝယ် သက်သေအဖြစ်ရောက်နေသည်။
" ဒါ ဒါ ဒါ ဒါ ဘယ်ကောင့်လက်ချက်လဲကွ ဟမ် လုပ်ရက်လိုက်တာကွာ" ဟု ဦးကျော်၏ အိုဗာအိုင်ဒီယာများဖြင့်
သူရဲဘော လေးယောက်ဘက်သို့လှည့်အော်လေ၏။
ပြီးတော့ တစ်ယောက်ချင်း၏ ပါးစပ်နှင့် ပေါက်စီ၏ကိုက်ရာအားလိုက်တိုင်းလေသည်။
နောက်ဆုံးတွင် သဘာပတိလက်ချက်ဖြစ်ကြောင်းကို သဘာပတိ၏ ပါးစပ်ပြဲကသက်သေခံနေပေပြီ။
သဘာပတိလဲ မပြောမဆို ထ ပြေးလေသည်။ နောက်က ဥက္ကဌကလဲ သဘာပတိနောက်သို့ ထပ်ချပ်မကွာလိုက်လေသည်။ငပေါများဂေဟာတစ်ခုလုံး ကမ္ဘာပျက်မတတ် ပြေးလွှားအော်ဟစ်နေသည်။

2 comments:

Unknown said...

ကျွန်တော့်အတွက်လည်း ပေါက်စီတစ်လုံးလောက်လုပ်ပါအုံးဗျ ။ သဘာငတိနဲ့ ဥက္ကဌတို့ပဲ ငှက်ပျောသီးကို မျှစားကြပေါ့ဗျာ...

Unknown said...

စိတ်မရှိနဲ့နော်..
ကျွန်တော် မန္တလေးမှာနေတုန်းက
သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်မှုနဲ့
မန္တလေးဆေးကျောင်း ကထိန်မှာ (ကထိန်လို့ထင်တာပဲ)
အဲဒီ ငပျောသီးနဲ့ ပေါက်ဆီ ဇာတ်လမ်း ပြဇာတ်လုပ်တာ
ကြည့်ဖူးတယ်...။
ပိုးအိစံ သီချင်းက နောက်ခံဖွင့်ပေးထားတာ..
(တရံတခါဆီက ပုဂံရာဇ၀င် ချစ်မှတ်တမ်းမှာ.. မှတ်တမ်းတင်ရစ် မင်းကျန်စစ် ..ဘာဆိုလား ညာဆိုလား)
အဲဒီသီချင်းနဲ့။

တိုက်ဆိုင်မှုဆိုရင် ခွင့်လွှတ်ပါ.