ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, August 27, 2009

ဂေဟာသို့ ပြန်လာခြင်း.. ...

တစ်နေ့သော မိုးအုံ့ချိန်တွင် ငပေါများဂေဟာမှ ကျွန်ုပ် အမောင်ထောက်ချုပ်သည် လက်လျားလက်လျား ပျင်းအားအား ရှိသည်နှင့်အညီ ဟိုးရှေးရှေး ရာဇ၀င် ဇတ်ဝတ္ထုနိပါတ်ဖြစ်အင်မှ လောက၏ ဂန္ထ၀င်သစ္စာတရားအား ရှာဖွေရန် လှည့်လည်သွားပါသော ဖာတစ်လုံးဂေါင်းကျားဟု အမည်သညာထားသည့် အဆိုပါ ယောက်ျားကို အားကျသည် ဖြစ်သောကြောင့်...................

ငါလည်းပဲ ယောက်ျား.......... ကိုယ်တစ်နိုင်တက်အားသလောက် လူအသိုင်းအ၀ိုင်းတွင် ပေါက်ပေါက်မြောက်မြောက် ပေါလိုသော စိတ်ထားပေါ်ပေါက်လာသည်ဖြစ်ရာ ..... လက်ကျန် ၀ီစကီတစ်ပြားကို အမြန်သောက်၊ ....စီးတော်ယာဉ် ဂျပန်ဖိနပ်ကို လက်ကောက်ဝတ်တစ်ဖတ်စီမှာ ကောက်စွတ်ပြီး သကာလ ..... ကွယ်လွန်ခဲ့ပြီးသော ဂျီးတော်ဗွေးတုတ် အမွေထား.. ကုတင်အောက်မှ ခပ်ပြားပြားဖာကို တုတ်ထိုးပြီး ထမ်းကာ.................................

“အို ... အသင်လောက ..... ငါသည်ကား ... ဖာတစ်ပြားမိုးသား ..ဖြစ်တော့သကိုး.....”ဟု သုံးကြိမ်သုံးခါတိတိ ဘ၀ဂ်ထိတိုင်အောင် ကျူးရင့်ပြီး ကျွန်ုပ်၏ အိမ်ဂေဟာရှေ့တည့်တည့်တွင် ရှိသော အင်တာနတ်ဆိုင်သို့ ကြွမြန်းပြီး ခပ်စုတ်စုတ် ကွန်နက်ရှင်ကို ဂုတ်ပိုးခွစီးကာ ဂလိုဘယ်လ်ကမ္ဘာ့ရွာကြီးကို ဆရာယောင်ယောင် ဘာယောင်ယောင်နှင့် မူးကြောင်မူးကြောင် ရောက်ရှိခဲ့လေတော့သတည်း.....။

( တားတားလေး ထောက်ချုပ် စပြီး ..ပေါပါပြီ ခင်ညာ.....ရှေ့ဆုံးမှာ အိပ်နေတဲ့ ကလေးတွေ ရှူးရှူး ထပေါက်ကြပါ....)


“ ဟေ့... ရပ်၊ ... ဘယ်သူလဲ ..... ဒါ တားမြစ်နယ်မြေ၊ ၀င်ချင်တိုင်းဝင် ..ထွက်ချင်တိုင်းထွက်လို့မရဘူးကွ....”

“ အောင်မာ ..ရာရာစစ.. ငါ့ဘာသာ တစ်နာရီ လေးရာပေးပြီး ကမ္ဘာကြီးပေါ် လျှောက်သွားနေတာ.. ဘယ်သူ့ကို ဂရုစိုက်ရမှာတုန်းကွ... ငါ့ကို တားရအောင် မင်းက ဘယ်သူမို့တုန်းကွ... ဒါကကော ဘာနေရာမို့တုန်းကွ.....”

“ ဟိတ်!... ဒါ တားမြစ်နယ်မြေကွ.. အာပလာ..အာချလာနေရာများ မှတ်နေလား.... ဒါ လူတည် လူကောင်းတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ နေရာကွ...... ငပေါဂေဟာလို့ ခေါ်တယ် ..သိပြီလား...”

“အော ...ဂလို လား.. ဒါများ ပြောပြောက စောရောပေါ့... ငါလည်း ၀င်လို့ ရပါတယ်ကွ.. အခု မူးနေတာပါ....”

“ တော်..တန်..တိတ်....................ငမူးတွေ ..ငရူးတွေလည်း ၀င်လို့မရဘူးကွ...ဒါ ကမ္ဘာ့ထိပ်ထိပ်ကြဲ ..ဂရိတ်မဟာ .. ငပေါတွေပဲ သက်သက်ဝင်လို့ရတဲ့ နေရာကွ... မင်း..တော်ရာကို သွားနေ လိုက် စမ်း ဘာာ.....

“အာကွာ...... စောစောက ပြောပါလား...ငါလည်း ငပေါပဲလေကွာ... ထောက်လှမ်းရေးချုပ်ပါ.... အခု မျက်စေ့လည်ပြီး ရုံးလာတတ်တာ... ကဲ..ကဲ... တံခါးဖွင့်......”

“ထောက်ချုပ်ဆိုတိုင်းမရဘူးကွ.. .ဒါဆို စကားဝှက်ပြော.....”

“ဟားဟား....ဟားဟား..... ရယ်ချင်လိုက်တာ ဖတ်ဖတ်မော..ရင်ဘတ်နောက်က ကျော... ...ဒါလေးများ...လွယ်လွယ်လေး ....ကဲ ပြောဆိုရင်လည်း ပြောမယ်.......
ထောင့်ခွန်၊ စပိတ်တစ်၊ ဂျိုကာပူး၊ ၀င်းပလေး၊ အောရမ်း၊ ဝေဖာဒေါင်း...”

“မှားတယ်ဟေ့.. အဲဒါ စကားဝှတ် အဟောင်းကြီးကွ.. ..... ဟိုးအရင်တုန်းက သုံးတာ အခုကစကားဝှတ်အသစ်...
ပြန်ပြော......”

“ဟိုက်... ဒွတ်ခပဲ .. အနော်က ဂေဟာကို မရောက်တာကြာနေလို့ပါခင်ညာ..အဲဂလို မရောက်တာကလည်း အိမ်ထဲက အိမ်ပြင် မထွက်ရဲလို့ ပါ.. ညှာတာပါ ခင်ညာ....”

“အဲလို ရကြေးလားကွ.. ဒါဆို ဘာကြောင့် ဂေဟာကို မရောက်ပဲ ရုံးတက်လယ်ဂျာမှာ ပျက်ကွက်ဖြစ်နေရတာလဲ ဆိုတာ ရှင်းပြစမ်းး.......”

“ဒီလိုပါ အစ်ကိုကြီးရာ... အခုတစ်လော ကျွန်တော်နဲ့ အိမ်ဒရာကျော်ဇင်လေးနဲ့ကို ဘာလိုလို ညာလိုလို သတင်းတွေ လျှောက်ရေးနေတဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရဲတာနဲ့
ဂေဟာကို ပျက်ကွက်နေရတာပါခင်ညာ...ခွင့်လွှတ်ပေးပါ.......”

“ ဘာဆိုင်လဲကွ ..ဘယ်လိုပဲ သတင်းထွက်ထွက် မင်းက ယောကျာင်္းလေးပဲ... ဘာမထွက်ရဲစရာရှိလဲကွ”

“ဟာ...အစ်ကိုကြီးကလဲဗျာ.....ဘာမှလဲ မသိဘဲနဲ့ ....အဲဒီသတင်းတွေ ထွက်လာကတည်းက လူတွေက ကျွန်တော့် အိမ်ရှေ့မှာ မိုးလင်းမိုးချုပ်စောင့်နေတာဗျ... မထွက်များ မထွက်လိုက်နဲ့.. ထွက်လိုက်တာနဲ့... ကောင်လေးကမှ ချောသေးတယ်ဆိုပြီး.. အတင်းကာရော.. အော်တိုတွေ ထိုးခိုင်းနေလို့ဗျ..သိပြီလား.....”

“နေစမ်းပါဦး...ကျုပ်ကို ဂေဟာထဲ မ၀င်ဖို့ တားနေရအောင် ..ခင်ဗျားက ဘယ်သူတုန်း....”

“ ငါက .. ဂေဟာကြီးရဲ့ သဘာငတိပဲကွ.... ငှားငှား”

“အာ... ဖိုးဂျယ်.... ငါလေကွာ.. မိုးသားလေ.. ”

“သိသားပဲ ...သောက်မြင်ကပ်လို့ ရစ်နေတာ...”

“ အော.. ဂလိုလား..အေးပေါ့ ..မင်းတို့ ခေတ်ကိုး... လုပ်ထားဦးပေါ့.....ဒါနဲ့ ..အခု ငါ ဂေဟာထဲကို ၀င်လို့ရပြီလား.....”

“ ဒီလို လွယ်လွယ် ဘယ်ရမလဲကွ.... အထဲကို ၀င်ချင်ရင် ....ငှင်းငှင်းငှင်း..ငွားငွားငွား...........”

“ အော.. ပေါက်ပြီ.. ပေါက်ပြီ......................အစ်ကိုကြီး ဂျဲရယ် ..ငတိရယ်.. ........ကျွန်တော် ငတိကြီးအတွက်မြန်မာနိုင်ငံက လက်ဆောင်တွေ ယူလာခဲ့ပါသေးတယ်.. အဲဒါ .. ဟဲဟဲ... ကျွန်တော့်ကို ...ဟဲဟဲ........”

“ဘာ!.... ဘာပြောတယ်....ဒါ ..လာဘ်ထိုးတာပေါ့.. လာဘ်ထိုးနေတာပေါ့... ငါ့ကို ဘာများအောက်မေ့နေလဲ......လာဘ်စားတဲ့ကောင်များအောက်မေ့နေလား.. ဂေဟာရဲ့ သဘာပတိလုပ်နေတာ အလကားမဟုတ်ဘူးကွ... အခု မင်း ဂေဟာ ဆိုင်းဘုတ်အောက်က ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်စမ်းပါ.. ဖတ်ကြည့်လိုက်စမ်းဘာာာာာာ........... ဘယ်လိုများ ရေးထားသလဲ .. သတိပေးထားလဲလို့.........”

“ဟို ... လာဘ်ပေးလာဘ်ယူ ..ဒို့ ရန်သူလို့ ရေးထားပါတယ် ..ခင်ညာ.....”

“ အေး...အဲဒါပဲ ..မင်းက မသိတတ်တာကိုးကွ.. မသိတတ်တာကိုးးးးးးး”

“ဟို..ဒါနဲ့....ဒီဆိုင်းဘုတ်က ကျွန်တော်တို့ ရပ်ကွက်တရားရုံးရှေ့က ဆိုင်းဘုတ်ကြီး မဟုတ်လားခင်ဗျာ.. ပျောက်သွားတာ တော်တော်ကြာပါပြီ....”

“ ဟုတ်တယ်လေ.. ငါ ဂေဟာမှာထားဖို့ ခိုးလာတာ......”

“ ဟာဗျာ.....ကိုငတိ... အဲလို လုပ်တာ ကောင်းလားဗျ... ခင်ဗျားအဲလိုလုပ်လိုက်တာ ...
အဲဒီဆိုင်းဘုတ်ကြီး မရှိတော့ကတည်းက ကျုပ်တို့ ရပ်ကွက် တရားရုံးမှာ ဘာတွေ ဖြစ်ကုန်လဲ ခင်ဗျားသိရဲ့လား.....”

“ မသိဘူးကွာ.. ငါလဲ ဂေဟာကောင်းကျိုးအတွက် လုပ်တာပဲ.....”

“ ကဲ.. အခု ဂေဟာမှာ ဒီဆိုင်းဘုတ်ကြီးရောက်လာတော့ ဘာတွေများ ကောင်းလာလို့လဲ..... လာဘ်ပေးလာဘ်ယူရော ပျောက်သွားပြီတဲ့လား.......”

“ ဟိုကွာ... ဟိုဒင်းလေ...
အဲလိုတော့ ပျောက်မသွားဘူးပေါ့ကွာ..... ငါကလဲ ပျောက်သွားဖို့ ရည်ရွယ်ပြီး ဒီဆိုင်းဘုတ်ကြီး ခိုးလာတာ မဟုတ်ပါဘူး... မင်းတို့ဆီမှာလိုပဲ .. နည်းနည်းများ လူရှိန်မလားလို့ လုပ်မိတာပါ........”

“ ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ...... .. ဒီလို လုပ်တာ ကောင်းလားဗျ... အခု ချက်ချင်း.... ကျုပ်တို့ ရပ်ကွက်ကို ပြန်ထားပေး... ဒီဆိုင်းဘုတ်ကြီး မရှိကတည်းက ကျုပ်တို့ဆီမှာ......ဟင်း .......မပြောလိုက်ချင်ဘူး.... အခု ပြန်ထားဗျာ.....ဒါပဲ.......”

“ အေးပါကွာ... ထားပါ့မယ်.... အခု မင်းဂေဟာထဲကို ၀င်မှာ မို့လား.......... ၀င်လေကွာ...ရပါတယ် .. အချင်းချင်းတွေပဲ ..စကားဝှတ်တွေ ဘာတွေ ...မလိုပါဘူး......”

“ ပြီးရော...ဒါဆို ၀င်ပြီ...”
ဟိတ်!.......င့ါတစ်အိမ်ပါမယ်ဟေ့..... .. အခု မပါရလို့ကတော့ .. နာယကကြီးကို သွားတိုင်ပြောလိုက်မယ်.. ဟင်းဟင်း.. ”


10 comments:

ငတိ said...

ဒါတောင် သနားလို့ နည်းနည်းပဲ ရစ်တာ ငှီးငှီး
သိတတ်ရတယ် ငသပေါရ လဒရ
လက်လာမပေးနဲ့ အိမ်လာ ကန်တော့ကြားလား

Anonymous said...

ခုချိန်မှာ နာယကကြီးသွားပြောလို.ကတော..
ကော်ရည်ခေါက်ဆွဲ ချက်တာနဲ.တိုးပြီး
အနည်းဆုံး ငရုပ်သီးဝိုင်းထောင်းနေရမယ်နော်
သဘောပေါက်..

ဗီလိန် said...

တစ်အိမ်တော့ရမယ်။ ဒိုင်ဆိုရင်တော့ အလှည့်စောင့်ရမယ်။ နောက်တစ်ပတ် လည်မှ ဝင်တော့ ဒါဗြဲ။

ငှက်ကထ said...

ကန်တော့တာက ငတိနဲ့တင် ဘယ်ပြီးမတုံး။
ငှဲငှဲငှဲ

နန်းညီ said...

အောင်မာမာ.. ကတ်ဘိနက် ဘယ်နှစ်ယောက်ရှိလဲ.. လုပ်လေ.. ငတိတစ်ယောက်ထဲကို ကွက်ကန်တော့လို့ ရမလားအေ့..

ဗန်ပိုင်းယား said...

အလွတ်တော့ မရဘူး . .အနည်းဆုံး သရေပင်တစ်ပင်လောက်နဲ့တော့ အပစ်ခံရမယ်.. .ဟီဟိ

ရင်ြို said...

တားက ဘာလုပ်ရင်ကောင်းမလဲ
ကုန်းကိုက် မယ် ကွ

ရင်ြို said...

တားက ဘာလုပ်ရင်ကောင်းမလဲ
ကုန်းကိုက် မယ် ကွ

Unknown said...

ပေါညီ
ထောက်ချုပ်ကိုမိုးသားဂျီးပျံလာပီ
လေးခွနဲ့ပစ်ပီးကြော်စားမယ်ဗျို့ ... ဟီး

tututha said...

စာမရေးနိုင်လောက်အောင် ရင်ဆို့နေပါသဖြင့် ခွင့်လွှတ်ကြပါရန် အဟင့်အဟင့် မိုးသား စကားမစပ် စာလုံးပေါင်းမှားနေသဟ