နံငန်ဂျားရေး ၀န်ကြီးက ရုံးတက်တာမှ မကြာသေးတော့ သူက တွင်း ၂ကို မမြင်ဘူးဖူးလေ။ မမြင်ဖူးဆို တွင်း၂က ခွင့်ယူပြီး ထိုင်းသွားတာကိုး ပြန်ရောက်တော့ ရုံးမှာ ခဏခဏတွေ့နေတယ်လေ။ ဒါနဲ့ သူတို့နှစ်ယောက် ချစ်သူဖြစ်သွားကြတယ်ဆိုပါတော့ မအံ့သြနဲ့ ဒါInternet ခေတ်လေ ပြီးတော့ နားနဲ့မနာ ဖ၀ါးနဲ့သာ နာကြပါ အသက်ကလဲ ငယ်တော့ဘူးလေ သူတို့ အိမ်ထောင်ပြုသင့်ပြီပေါ့။ မနေ့က အတူတူအိပ်ဖို့ လုပ်နေတုန်း ထောက်ချုပ်က ဘယ်လို့ သတင်းရလဲမသိဘူး ဓာတ်ပုံခိုးရိုက်သွားတယ်။ ပြီးတော့ ဖြစ်နေတဲ့ အခြေအနေကို ရုံးတော်ကို တင်ပြတယ်။ ကဲ ကောင်းကြရော ကျတော် လဲ မသိလိုက်ဖူးလေ။ ကိုယ့်အစ်ကို အကြောင်းဆိုတော့ ထောက်လှမ်းရေးချုပ် မဖွခင် မျက်နှာပူပူနဲ့ ကိုယ်ဖာသာ ကိုယ် ဖွထားမှဖြစ်မယ် သူများပြောတာထက် ကိုယ်ဖာသာကိုယ်ပြောတော့ နည်းနည်းခံသာတာပေါ့။ သူဖွမှာဆို ပိုအရှက်ကွဲမယ်လေ။

===============================================================
မှတ်ချက် ။ ။ ဓာတ်ပုံက Forward Mail က ရတာပါ။ Source သေချာမသိလို့ မတင်ပြနိုင်တာ ခွင့်လွှတ်ပါနော်။
2 comments:
ဖစ်မှဖစ်ရလေဂျာ ဖတ်ရင်းနဲ့ကိုရီနေရတယ် ဟားဟားဟား
ဘာများလဲလို့ဖတ်နေတာ...
ပထမတော့ရယ်လိုက်ရတယ်။
နောက်တော့..ပြန်တွေးကြည့်မိတယ်..
ခုအဲဒါတွေခေတ်စားနေတယ်ဗျာ...
တော်တော်စိတ်ပျက်စရာကြီးပါ..
ဘယ်သူကစပြီးလုပ်ပေးတယ်မသိပါဘူး..
ကိုယ့်သားသမီးခေတ်ကျရင်အဲဒီလိုလုပ်ချင်ပါတယ်
ပူဆာနေရင်တော့ခက်ပြီဗျို့...
Post a Comment