ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, February 12, 2009

၁၀၁ ပုဒ်မြောက်

ဘာလိုလိုနဲ့ ငပေါဂေဟာစတင်ခဲ့တာ ခုဆိုပို့စ် ၁၀၁ မြောက် တောင်ရှိပြီတဲ့။ ငတိကပြောတာပဲ။ ဟုတ်မဟုတ်တော့ ရေသာကြည့်ကြပေတော့။ ငပေါတို့လမ်း လျှောက်လှမ်းရာမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ၊ အတိုက်အခိုက်တွေ (ဟီး နည်းနည်း များသွားလားမသိဘူး၊ တူညားတွေ မိန့်ခွန်းပြောတာ အတုခိုးထားတာ) အဲဂလိုတွေ ကြုံလာခဲ့ရပါတယ်။ ဒီဂေဟာကြီးကို လွယ်လွယ်နဲ့ တည်ဆောက်တယ်လို့တော့ မထင်စေချင်ဘူး။ အုတ်၊ သဲ၊ ဘိလပ်မြေ ဈေးကြီးတဲ့ကြားက .. ရှောက်လုပ်ရေးဝန်ကြီးကို အဲ့ပစ္စည်းတွေ ခိုးပြီး ဆောက်ခိုင်းထားရတာ။ ဒီကြားထဲ ရုပ်တည်ဂိုဏ်းက ကောင်တွေရဲ့ သွေးခွဲ နှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံထားရ (ဒါကတော့ ဟိုအဖွဲ့အစည်းက ခေါင်းဆောင်တွေ ပြောတာ ကြားဖူးတာလိုက်ပြောတာပါ)၊ ပြီးတော့ ငတိ အသည်းကွဲလို့၊ တွင်း ၂ ပြည်တော်ပြန်လို့၊ ငှက်ကထ အလုပ်ထွက်လို့၊ အသင်းသားချုပ် ဖိနပ်အသစ်လိုချင်လို့၊ အမှုရှောင် ထန်းရေမူးနေလို့ ... ကျန်ဝန်ဂျီးတွေ ဘာဖြစ်လို့ ညာဖြစ်လို့ .. အဲလို ခက်အခဲပေါင်းများစွာကိုလည်း ကျော်ရဖြတ်ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခုတော့ ပို့စ် ၁၀၀ တိုင်ပြီ (ဟီး ခပ်တည်တည်ပဲ နှစ် ၁၀၀ ပြည့်လိုလို ဘာလိုလိုပေါ့) ပြောနေကျအတိုင်း ငပေါဂေဟာ အဓွန့်ရှည်ပါစေ၊ လောင်းလစ်ဗ် သပေါစ်။ ကဲ နာယက လက်ဆော့လို့တော့ ပြီးပြီ .. ကျန်တဲ့သူတွေ .. ကြိုက်သလို ဆက်ဆော့ကြပါကုန် .. ဒန်တန့်တန် ...။

ယခု အလှည့်ကျတာကတော့ ခပ်ချောချောကောင်လေး ငတိ ဖြစ်ပါတယ်။ သူဟာ ဘယ်လောက်တောင် ချောလဲဆို မပြောကို မပြောချင်တော့ပါဘူး။ မပြောချင်ဘူးဆိုတာ ပြောမလို့ အစပျိုးတာ အရမ်းချောလွန်းတော့ ကောင်မလေးတွေက ခဏခဏ ဆွဲလား ရမ်းလားလုပ်တော့ ကြောက်တာပေါ့ ဒါနဲ့ ငပေါဂိုဏ်းမှာ ခပ်တည်တည်နဲ့ သဘပတိ ၀င်လုပ်လိုက်တာ (ဘာမှလဲ မဆိုင်ဘူး)။ ခဏခဏလဲ အသည်းကွဲတယ် အသည်းကွဲတော့ ကဗျာတွေ တပုဒ်ပြီး တပုဒ်ရ ဘယ်လောက်ဂွတ်လဲ စဉ်းစားကြည့်လေ။ အခုဆို အသည်းကွဲကောင်းတာ ၁၀၀ ပြည့်ပြီလေ။ (ကပ်ကြော်ငြာသွားတာ) ရှေ့က နာယကဂျီးကဖော ပြီးသားဆိုတော့ မှားလို့ ပြောပြီးသားဆိုတော့ ထုံးစံအတိုင်း ဖောလို လိုက်ရတာပေါ့။ သိတဲ့အတိုင်းပဲ ဒီဂေဟာမှက ကိုယ်က ဆရာလေ၊ ကိုယ်မရှိရင် ဂေဟာတောင် ပိတ်သွားနိုင်တယ်။ ဒီလောက် ဆရာကျတာ (ကိုယ်ဖာသာ အတင်း ဆရာကျထားတယ်) အကယ်ဒမီလဲ မယူချင်ပါဘူးဆို အတင်းလာပေးတယ်။ ဒါနဲ့ လာပေးရင် ဂေဟာက ထွက်လိုက်ရမလား ဆိုတော့မှ ငြိမ်သွားတယ်။ ဒါနဲ့ အပြင်သွားရင် အမှုရှောင်၊ ယဉ်ကျေးမှုဝန်ကြီး၊ သစ်တောရေးရာ ၀န်ကြီး၊ အသင်းသားချုပ်နဲ့ တွင်း ၂ ကို ဘေးကနေ ဘော်ဒီဂတ် လုပ်ခိုင်းရတယ်။ တွင်း ၂က ဓာတ်တိုင်လို အရပ်ရှည်တော့ အဝေးက ရန်သူကို မြင်တယ်လေ။ အတင်းသားချုပ်က ရန်သူကို ရုပ်ပြလိုက်တာနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားလောက်တဲ့ အစွမ်းရှိတယ်။ အမှုရှောင်ရဲ့ မျက်လုံးပြူး သိုင်းကွက်ကိုလဲ ရုပ်တည်ဂိုဏ်းကလူတွေ သေမလောက် ကြောက်တယ်။ ယဉ်ကျေးမှုကျတော့ တမျိုး သူက မင်းဘယ်သူလဲလို့ အသံနဲ့ မေးလိုက်တာနဲ့တင် ရန်သူတွေ ရူးသေ။ (အဲ့လောက် အသံကောင်းတာ) သစ်တောကျတော့ တမျိုး အရူးချီးပန်း သိုင်းကွက်နဲ့ ကြုံရာ ကိုက် သိုင်းကျမ်းကို အောင်ထားတာ ဆိုတော့ကာ သူ့လဲ အားကိုးနေရတယ်။ ဒီလို လူတွေရှိတော့ ငတိတို့က ရုပ်ချောပေမဲ့ သိပ်ကြောက်စရာ မလိုဘူးလေ။ ကဲပါ ဖောတာတွေ များနေပြီ နောက် လူကြီး လက်ရည်တက်လေးတွေ ကျန်သေးတယ် အလှည့်ပေးဦးမှ ကိုယ်က ရုပ်ကလဲချော ငယ်ကလဲငယ်ဆိုတော့ မြန်မြန် သွားမဲ့ လူကြီးတွေ နေရာပေးရဦးမယ်လေ။ တူနယ် တူနယ်ဗြောင်

၁၀၁ ပို့စ်မြောက်ဆိုတော့ အနှစ်သာရ ရှိတဲ့ ၁၀၁ အကြောင်း ကျနော် တွင်းတူးက ရှင်းပြပါမယ်။
101 ဆိုတော် လက်နဲ့ ချရေးရင် lOl ပေါ့ အဲဒါဘာလဲဆိုတော့ တုတ်နှစ်ချောင်းနဲ့ ကြက်ဥတစ်လုံးပါ။ တနည်းပြောရရင် ငပေါသိုင်းကျမ်းရဲ့ လျှို့ဝှက် သင်္ကေတလို့လည်း ပြောလို့ရပါတယ်။ ဟိုအရင်ခေတ်က ဒီသိုင်းကိုတတ်မှ ငပေါဂိုဏ်းသားတွေ ရည်းစားထားခွင့် ရပေမယ့် အခုခေတ်မှာတော့ တွင်း-၂လောက်ပဲ တတ်တော့တဲ့ သိုင်းဆိုတော့ ဒီစည်းကမ်းကမထားတော့ပါဘူး။ ဒီ့ထက် အနက်ဖော်ရမယ်ဆိုရင် ကြက်ဥကို တူနဲ့ညှပ်ပြီးကိုယ်ချစ်တဲ့သူကို ဘယ်လင်တိုင်းဒေး (ညာလင်တိုင်းဒေးမဟုတ်ပါ) မှာ ချစ်ခွင့်ပန်ပြီး ကြက်ဥကျွေးတဲ့ သိုင်းကွက်ပါ။ တူနဲ့ ညှပ်ထားတဲ့ ကြက်ဥ လွတ်မကျခင် ချစ်တယ်ဆိုတဲ့ အဖြေကိုရပြီး ချစ်သူက အဲဒီကြက်ဥကိုစားမှ ငပေါဂိုဏ်းသားတွေ ရည်းစားထားခွင့်ရပါတယ်။ အကယ်၍ ၁၀၁ကြိမ်တိုင်တိုင် ချစ်ခွင့်ပန်လို့မှ အဖြေမရရင် ဇွဲပေါကြီးဆု ကိုပေးပါတယ်။ ဒါကိုအတုယူပြီး ဂျပန်နိုင်ငံက ၁၀၁ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇာတ်ကားကို ရိုက်ကူးခဲ့တာပါ။ ဘာကြောင့် ဒီသင်္ကေတကိုရွေးရသလဲဆိုရင် တစ်နဲ့တစ် ကြားမှာ သုညရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရပါတယ်။ ရှေ့က 1 က ငပေါလေးတစ်ယောက်လို့ အဓိပ္ပာယ်ပါ။ ဒါဆိုနောက်က 1 ကကော။ ဟုတ်ပါတယ်။ ငပေါမလေးတစ်ယောက်ပေါ့။ ဒါဆို သူတို့ ချစ်သူနှစ်ဦးကြားမှာ ဘာရှိသလဲ။ သုညဆိုတဲ့ အချစ်ရှိပါတယ်။ အချစ်ကလွဲလို့ ဘာမှမလိုတဲ့ အချစ်။ ပေါပေပေါညား အချစ်ကြီးတဲ့ ဂုဏ်ကိုဆောင်ပါတယ်။ အဲဒါကြောင့် ငပေါလေးနဲ့ ငပေါမလေးနဲ့ အချစ် ရဲ့ အနှစ်သာရပါတဲ့ ဒီ ဝမ်းအိုဝမ်းကို ငပေါချစ်သင်္ကေတအဖြစ် အဓိပ္ပာယ်သတ်မှတ်ခဲကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ဖြောင်း... ဖြောင်း... ဖြောင်း... (တီးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ်တီးတာ။) ဒါဗြဲ။

နောက်တစ်ခု အခါအခွင့်သင့်တုံး တစ်ဆက်တည်းပြောချင်တာက
မင်းသမီးလုပ်ရင်ကောင်းမလားလို့ မဖုရာလေး စိတ်ထဲမှာ ကြိတ်ကြံထားတာ . . အခုတော . . . ဟတ်ကော့ကြီးဖြစ်သွားပြီ။
သေခါနီး မိတ်ကပ်အပြည့်နဲ့ တစ်ဘ၀လုံးအကြောင်းကို ၃ နာရီမျှကြာအောင် စိတ်ရှည်ရှည်ထားပြီး ဖလပ်ဖလပ်နဲ့ပြောပြနိုင်တဲ့ အနုပညာရှင်များ-
ညကြီးသန်းခေါင်း အိပ်နေရာက ခြံတံခါးဆင်းဖွင့်တာတောင် ဒေါက်ဖိနပ်စီးပြီး shoppingထွက်သကဲသို့ အပြတ်ရှိုင်းထားသော အနုပညာရှင်မမများ-
သွေးဆိုတာ အနီလည်းရှိသလို တစ်ခါတစ်လေလည်း ပြာနှမ်းနှမ်း-မရမ်းရောင်မကျတစ်ကျလည်း ရှိတတ်တယ်ဆိုတာ ထင်သာ မြင်သာအောင် အဖြူရောင် စွတ်စွတ် ၀တ်လေ့ဝတ်ထရှိပြီး ဖိုက်တင်ပလေးတတ် သေပြတတ်သော အနုပညာရှင်များ
အဓိကရများ သေပြီဆိုလျှင် ရှိတာတွေ ပြစ်ချကြဆိုပြီး အင်းတိုက်အားတိုက်ပြေးလာကြသော တာဝန်သိ ရဲသရုပ်ဆောင်အနုပညာရှင်များ
ပိုက်ဆံအိတ်ကြီးတွေ လွယ်အိတ်တွေကို အသစ်စက်စက်အတိုင်း ပြားချပ်ချပ် ကိုင်လေ့ကိုင်ထ ရှိသော အနုပညာရှင်များ. . . ကဲသို့ ကဲသို့ . . ကဲသို့
အခြား ၁၀၁ ပါးသော် အံသြဖွယ် ရင်သတ်ရှု့မောဖွယ် အကယ်ဒမီရိုက်ချက်များနှင့် အစွမ်းကုန်ကျိုးစားကြပါကုန်သော်ငြားလည်း
မိန်းမတွေ အကယ်ဒမီ မပေးတော့ဘူးလိုဖြစ်သွားတဲ့ အခါသမယမှာ မမ မင်းသမီးလုပ်မယ့် စိတ်တွေ ဒုန်းကနဲ အုန်းကနဲ ပြုတ်ကျသွားပါတယ်။

အခုတော့ ပေါဂေဟာမှာ ရထားတဲ့နေရာလေးမှာဘဲ သက်တောင့်သက်သာ ဆံကေတာ ဂတုံးဖြစ်တဲ့အထိ ဆက်လက်ပေါအုံးမယ်လို့ အနစ်နာခံတဲ့ စိတ်တွေ ဆက်ဖြစ်နေဆဲဖြစ်ကြောင်းနှင့် လစာတိုးပေးလို စိတ်များတစ်ဟုန်ထိုးဖြစ်ရန် လူဂျီိးမြင်းများအား ရည်ရွယ်အကြောင်းကြားပါသည်။

ကေလာမမ

အထက်က လူချီးတွေ ပန်းသွားပြီးသကာလ ထိပ်ထုလေးဇင်ဇင်မှာလည်း မအားသည့်ကြားမှ လာပန်းရ....အဲ.. လေယာဉ်စင်းလုံး ငှားပြီးတော့ ဟိုးးးး မိုင်ပေါင်း အတော်ဝေးကွာသော ဂျန်းဂဲမှ ဒီရာပြည့်ပွဲလေးကို တက်ရောက်ချင်ဇောနှင့် အပြေးလေးလှမ်းလို့ လာခဲ့ရပါတယ်။
သံယောဇဉ်အမျှင်အတန်း ရှင်ကန်းဘယ်လို ဖြတ်ပါ့မလည်းဆိုတဲ့ စိတ်လေးတစ်ခုထဲနဲ့ပါ (ပြောရင်းနိုချင်လာပြီ)
ဒီဂေဟာအပေါ်မှာ သံယောဇဉ် ဘယ်လောက်ကြီးတယ်ဆိုတာကို မပြောချင်တော့ပါဘူး.... ........ ......... ....... (အသံများတုန်နေရင်းနှင်
့ ပြောနေချိန် အောက်ကနားထောင်သူများ မှာငိုက်မြဲ)

လာတဲ့လမ်းကကြမ်းတော့ လေယာဉ်ဘီးက သုံးလေးခါပေါက်လို့ဖာခဲ့ရသေးတယ်။ စိတ်ကလည်းထင်မှတ်နေတာ အခုလောက်ဆို ဟိုးးးးး အပေါ်က ငှက်ကဥတို့ ဘလာ ဘလာတို့တော့ရေးပြီးလောက်ရော ဆိုပြီးပေါ့နော်။ လာကြည့်တော့လည်း အမြဲမြင်နေရသော..သောက်ခွက်တွေ အမြဲကြားနေရသော အသံကွဲတွေ ဘဲကြားရတယ်။
ဟွန်း... ထိပ်ထားလေးမှာတော့ဖြင့် အလွန်အင်မတန်မှကို ဘီးဇီးနေသည့် သကာလ အကယ်ဒမီရသည်ကို တောင်တက်ရောက်ယူခြင်းမရှိခဲ့ပါ။ တိုးတိုးတိတ်တိတ် ဇင်ဇင်ရှိရာနေရာဂျန်းဂဲသို့ လေယဉ် ပေါ်မှ ရွှေဇင်ရုပ်ထုပစ်ချပေးခဲ့ကြရသည်။ (မလိုချင်ဘူးလို့အတင်း ငြင်းနေလို့ပါ ..အဟမ်း..)
ကဲကဲ ပြောရတာလေရှည်တယ် သိပ်ကြာကြာပြောလို့မရဘူး ဒီဂေဟာက ရေတောင်ရှိတာမဟုတ်ဘူး.. ငှက်ကဥ အိမ်မှာ အရက်ချက်ဖို့ဆိုပြီး ဂေဟာကပိုက်လိုင်းကိုခိုးသွားတာ။ အားလုံးသိအောင် အခုမှ တိုးတိုးလေးပြောရတာ။ ဇင်ဇင် ကသူများအကြောင်းပြောတတ်ပါဘူး။
ဒါသိစေချင်လို့သာ...နော်.... နော် ငှက်ကဥ... အာဘွား ချိတ်ချိုးနဲ့နော်....
ကဲလိုရင်းကိုရောက်တော့ဘူး..
ကဲပြောမယ် အခုလိုပျော်ရွှင်ဖွယ်နေ့လေးမှာ စိတ်ညစ်စရာလေးတွေ ခါးမှာချိတ် (ဟမ်းဖုန်းမချိတ်နိုင်လို့ တစ်ခုတော့ချိပ်ရတာပေါ့နော်) ထားပြီး ဒီလိုဂေဟာရဲ့ အမှတ်တရနေ့လေးကို လူချီးမြင်းများ နှင့် အတူကျင်းပခွင့်ရတာ ကို အထူဘဲ ကျေးကျူးတင်ပါတယ်။ သူတကာတွေက နှစ်တစ်ရာတို့ ရက်တစ်ရာတို့ အမှတ်တရရက်လည်လုပ်ကြတယ် ။ ဒီဂေဟာက တစ်ရာ့တစ်ပုဒ်မြောက်မှာမှ... ရက်လည်တယ်။
နောက်ထပ်ရက်လည်ရင်လည်း နှစ်ရာ့နှစ်မှာမှ ရက်လည်လုပ်မည်ဖြစ်ကြောင်း ငပေါများ ခေါင်းရှောင် ငှက်ကဥကိုယ်စား ...ဇင်ဇင်မှစားလိုက်..အယ် ပြောကြားလိုပါတယ်။

ရွှီး...ဖြောင်း...ဖြောင်း....

အခုလိုလာရောက်အိပ်ငိုက် စားသောက် မထောင်ချင်လည်းထောင် မတီးချင်လည်းတီးပေးကြသော လက်ခုတ်သံများ အတွက်လူချီးမြင်းတို့ကို အထူဘဲကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်။
လာရောက်ချီးပန်းပေးသွားသော ပြည်ညာရေးမူး ......မူးမူးနှင့်ပြန်...အဲ....အပြန်ခရီးအား ဂေဟာမ လူချီးမင်းများ က ပျော်ရွင်စွာ လေဆိပ်သို့ လိုက်ပါပို့ဆောင် ပေးလိုက်ကြကြောင်း... (လေယာဉ်မြန်မြန်ထွက်ပါစေဟုစိတ်မှပြော မပြချင် ဘဲပြရသောလက်များ ဝှေ့ယမ်းကာပြနေကြပုံ)

ပြင်ညာရေးဝန်ချီး


ငပေါငှက္ကဋ္ဌကြီးတစ်ယောက် အကောင်းပကတိကြီးနေနေရာမှ ရုတ်တရက် ဂိသွားလေသည်။ ဂိတာမှ ရိုးရိုးဂိခြင်းမဟုတ်။ ဆန်းဆန်းဂိခြင်းဖြစ်သည်။ ဂိပုံဂိနည်းကိုတော့ နေရာမဟုတ်သောကြောင့် အရှည်မရေးတော့ပြီ။ ဂိသည်ဟုသာမှတ်ကြပေတော့။ အို… အသင်တို့။ အသင်တို့ ဒိုမီနိုကို စားဖူး (အင် ဟုတ်ပါဘူး) ဒိုမီနိုသီအိုရီကို ကြားဖူးကြသည် မဟုတ်တုံလော။ ၄င်းသီအိုရီအရ ဂိနေသောကြောင့် အပြင်မထွက်နိုင်။ အပြင်မထွက်နိုင်သောကြောင့် အင်တာနက်မကိုင်နိုင်။ အင်တာနက် မကိုင်နိုင်သောကြောင့် ငပေါဂေဟာကိုလည်း မျက်စောင်းမျှ မချိတ်နိုင်ခဲ့ချေတကား။

ထိုသို့ရှိနေစဉ်အတောမှာပင် ငပေါတို့၏ ၁၀၀ကြိမ်မြောက် နှစ်ပတ်လည်ကြီးကို ဝှဲချီးကျင်းပခဲ့ရာ အလွန်ပင် ပျော်ရွှင်မြူးတူးခဲ့ကြသဖြင့် ငှက္ကဋ္ဌကိုပင် သတိမရသောဟူ၏။ ထို့အတူ ၁၀၁ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း (အာာ ဟုတ်ပါဘူး… အင်း စာကမရေးတာကြာတော့ မှားသဗျို) ၁၀၁ကြိမ်ပြည့်ပွဲတော်ကြီးကိုလဲ ကျင်းပရန်စီစဉ်နေကြကြောင်း၊ ငှက္ကဋ္ဌအနေဖြင့် တစ်ခုခုတော့ရေးမှဖြစ်မည်ဖြစ်ကြောင်း မရေးပါက အကြည်ညို ပျက်ကြလိမ့်မည်ဖြစ်ကြောင်း နာယကဂျီးမှနေ၍ နေအိမ်သို့ပင် ဖုန်းဆက်ကြိမ်းမောင်းသောကြောင့်လည်းကောင်း၊ တခြားအသင်းသားများ၏ ဝိုင်းဝန်းတောင်းပန်မှု (ဟီဟိ ငှက္ကဋ္ဌစားပြီဗျို့) ကြောင့် ဦးနှောက်ကို အပြင်းအထန်ခလောက်ကာ ရှိရှိသမျှ "အိုင်ဒီယာ" လေးဖြင့် ရေးသားလိုက်ရပေသည်။

၁၀၁ ဆိုသည်မှာ ၁၀၀ နှင့် ၁ ကိုပေါင်းထားခြင်းဖြစ်၏။ ၅၁ နှင့် ၅၀ ကိုပေါင်းလျှင်လည်း ၁၀၁ပင်ရ၏။ ထို့အတူ ၁ကို ၁၀၁နှင့်မြှောက်ရင်လည်း ၁၀၁ရ၏။ ထို့ကြောင့် ၁၀၁ သည် ထူးခြားသောဂဏန်းဖြစ်၏။ ထို့ကြောင့် ဤ ၁၀၁ပွဲတော်ကြီးကို ငပေါဂိုဏ်းသားအားလုံးနှင့် ဆင်နွဲရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါသတည်း။

ငှက်ကဥ


မှတ်ချက် -
ဒီဂေဟာလေးက အခုဆို ပိုစ့် ၁၀၁ ပုဒ်မြောက်ပါ။ အစကတော့ တယောက်ယောက်ရေးပေါ့လေ။ အခုတော့ အားလုံး တယောက် တပိုဒ် အမှတ်တရ ရေးချင်ရာလေး ၀င်ရေးကျပေါ့။ ပေါပေါလေးနဲ့ ရီရစေမဲ့ စာလေးတွေပေါ့။ ကောမန့်မှာ ရေးပေးခဲ့ကျပါ။ ဒါမှမဟုတ် မေးလ်သို့ ပို့ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ ငပေါအဖွဲ့သား အားလုံးကို ဆိုလိုတာပါ။

5 comments:

ဗန်ပိုင်းယား said...

အစကတော့ .. ဘာရယ် မဟုတ် အပြောပေါရာကနေ . . ကေလာအခု တကယ်ပေါသွားပါပီခင်ဗျာ... ပေါပေါများစုဝေးရာ . .ပေါဂေဟာကိုလည်း တော်တော် သံယောဇဉ်ဖြစ်နေပါပီခင်ဗျ။ .... ၁၀၁ ပုဒ်မြောက်ပို့စ်တွင် အားရပါးရ အားပေးချင်ပါသော်လည်း ... ဘာကိုဘယ်လိုရေးပီး ပို့ရမယ်မှန်းမသိတော့လို့ ... . နှလုံးပီတိ ဂွမ်းဆီထိ တလို ဖစ်နေလို့ ... ၀မ်းသာလုံးစို့နေပီ .. ဒီကွန့်မန့်အား ရေးလိုက်ရပေတတည်း။ ...
ပုံ/
ကေလာ

ဗီလိန် said...

ကေလာမမ လက်စွမ်းထက်နေပါလားဗျ။

Unknown said...

အဟမ်း..အဟမ်း..အခမ်းအနား အစည်းအဝေးပြီးဆုံးသွားသော်လည်း သဘာငပေါမှာ ပန်းကန်များဆေးရင် လေလုံးထွားနေသေးသည်..
အခုလို ၁၀၁ ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း(အဲလေ) ၁၀၁ ပို့ စ်မှာ သူဘယ်လို အားကုန် ကြိုးပမ်းခဲ့ရကြောင်း..
နောက်ဆို ဘယ်တော့မှ ကမ်းခြေမသွားတော့ကြောင်းတွေ..ထပ်တလဲလဲ ပြောဖန်များလာတော့ ကျနော် ဘရက်ပစ်ဒဒိုးလည်း မနေသာတော့...သူဆေးနေသော ပန်းကန်အထပ်လိုက်(လူချီးမင်းများ ၀ါးစားသွားသော) အားကူဆေးရင်း ၁၀၁ ကြိမ်မြောက် ပိုစ့် အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါသည်..ဒန့် တန့် တန့် ...
(အဲ)..နေဦး....ကံစမ်းမဲ အစီအစဉ်ပါမယ်ဆို...နာလည်း ဘာမှ မရလိုက်ဘူး...ပန်းကန်ဆေးပြီး ပြန်သွားရတာပါလားနော်..ဟင်းဟင်း..

sait phay yar said...

ငှက်ကဥက ရေးတော်မူလိုက်တာ.......သူလည်းတစ်တန်းမှ မအောင်ဘဲနဲ့ သူငယ်တန်းသင်္ချာတွေ လာသင်သွားတယ။်
ဟဲဟဲ... ဂလုဂလု....

Anonymous said...

101 ပုဒ်မြောက်က ဘယ်တော.ပြီးမှာလည်း.အချိန်limit လုပ်ထားသေးဘူးလား..အခု တစ်ခုခု တင်ချင်ရင် အဲဒီ ခေါင်းစဉ်အောက်ရောက်သွားရင် ၂ ခါ ရေးလို. ကော်မလိန်းက တက်လာအုံးမယ်..ရင်ဖွင်.စရာတွေ ရှိနေသည်။ရေးမှကို ဖြစ်တော.မည်။မတီးမမြည်-မရေးရင် မဖတ်ရ လို ဖြစ်နေသည်။အမြန်ဆုံး ၁၀၁ အတွက် ပိတ်ရက်သတ်မှတ်ပေးရန်။
ပေါက်ကွဲနေသည်။
ကေလာမမ