ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, February 3, 2009

လျှောက်လွှာလက်ခံခြင်း (၂၂)

အကြောင်းအရာ။ ။ လျှောက်ထားခြင်း .. (သတိ။လျှောက်ပြန်သံပေးလုပ်ခြင်းမဟုတ်)

သဘာငတိကြီးနဲ့တကွ ငှက်ကထကြီး ၊ နာရာကကြီး ၊ ဂေဟာမှ ရှိရှိသမျှသော ဝံကြီးချုပ် ဝံကြီးများ ၊ အတင်းသူ အတင်းသားများ ခင်ဗျာ။ ကျွန်တော် အမောင် သောကြာသားမှ အသင်တို့၏ ရူးပေါဂိုဏ်းကြီး၏ ပေါဂုဏ်သတင်းကြီးသဖြင့် ငပေါများဂေဟာတွင် သမ္မတလုပ်ရန်လျှောက်ထားလိုက်ပါတယ်။ ကျွန်ုပ်၏လွန်စွာမှ ကြီးကျယ်မြင့်မြတ်၍ အဖွဲ့အသီးသီးမှမျှော်လင့်နေသော ချီးဘရိန်းကြီးအား အသင်တို့ဂေဟာအတွက်သာပေးအပ်လိုပါသည်။(ပေးတုန်းယူထား ချီးဘရိန်းနော်ရခဲတယ်)

သို့ပါသောကြောင့် ကျွန်ုပ် သောကြာသား အားယနေ့မှ စ၍ သင်တို့ ငပေါများဂေဟာမှ ပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ (ယူယူ မယူယူ အတင်းပိုင်ခိုင်းတယ်။) ကျွန်ုပ်မှာ ဂေဟာ၏ သမ္မတကြီး ဖြစ်သည်နှင့် ဂေဟာ၏ ပျက်စီး ဆုတ်ယုတ်နေသော စီးပွားရေးကြီး နလံထူစေရန် ဂေဟာဘဏ္ဍာမှ ၂ ကျပ် ၆ ပြား ကို ဂေဟာမှ အဖွဲ့ဝင် အားလုံးနှင့် ၁လ ကြာ အစည်းအဝေးပြုလုပ်ပြီး ထောက်ပံ့ပေးမည်။ ပေါဂေဟာမှ ထုတ်လုပ်လျှက်ရှိသော ပေါစတားဂျစ်၏ ထုတ်လုပ်မှုများ ရပ်ဆိုင်မသွားစေရန် ၁ ကျပ် ၂၀ ပြား ထောက်ပံ့ကာ စရိတ်သက်ကာစေရန် ပေါတွန်းလှည်းများ ထုတ်လုပ်နိုင်ရန် လွဲညွှန်ပေးသွားမည်။

ဂေဟာမှ အမျိုးသမီးအဖွဲ့ဝင်များအလွန်အားကျကာအတုယူလိုသော သဘာငတိနှင့်တွေ့ဆုံမည်ဆိုသည့် ကုလသမ္မဂ ကိုယ်စားလှယ် မန်ဒါလီ၏ အသားအရေထိန်းသိမ်းမှု လှို့ဝှက်ချက်ကို မသိမသာကပ်ဒိုးလေး မေးပေးပါမည်။ ရူးပေါဂိုဏ်းမှ စစ်ခင်းလျက်ရှိသော လူတည်ဂိုဏ်းဂေဟာစစ်မြေပြင်သို့ လူသားချင်း စာနာထောက်ထားသောအားဖြင့် ဂျော်တကီးများနှင့်သာ အစားထိုး စစ်ခင်းသွားမည်ဖြစ်သည်။ ဖမ်းဆီးခံထားရသော ရူးပေါဂိုဏ်းသားများ လွတ်မြောက်ရေးအတွက် လူတည်ဂိုဏ်းမှ အလိုရှိသော ဂျော်ကယ်များနှင့် အလဲအလှယ် ပြုလုပ်ပေးမည်။ လူမှုရေး အနေဖြင့် အီသီယိုးပီးယားနိုင်ငံမှ အစာရေစာ ပျက်လပ်နေသော ကလေးငယ်များအတွက် အစာစားချင်စိတ်ကိုဖြစ်စေသော Appeton အားဆေးများ လှူတန်းတိုက်ကျွေးမည် ဖြစ်သည်။ ဂေဟာတွင် မီးမပြတ်စေရေးနှင့် အဆင့်မြင့်လက်နက်များ ပိုင်ဆိုင်ရေး အတွက် ဖယောင်းချက်စက်ရုံ တစ်ခုတည်ဆောက် အကောင်ထည်ဖေါ်သွားမည် ဖြစ်ကြောင်း အစီအစဉ်များနှင့်တကွ လျှောက်ထားလိုက်ပါသည်။

စာကြွင်း ။ ။ သမ္မတကြီးခန့်အပ်ခဲ့လျှင် အမေရိကန် သမ္မတ အိုဘမ ထက်မနိမ့်စေဘဲ ပေါစတားဂျစ်ဝမ်း (PaulStarJeep-1) ကိုအောက်ပါအရည်အချင်းများ ပါအောင်တပ်ဆင်ပေးပါရန်။

၁။ လုပ်ကြံသူများရန်မှကင်းဝေးရန် လောက်လေးခွ ဒါဏ်ခံ မှန်။
၂။ ကြက်ဆူဆီဖြင့်လည်ပတ်နိုင်သော အင်ဂျင်။
၃။ သမ္မတကြီးအလုပ်လုပ်နိုင်ရန် အသင့်ပါရှိသော ကျောက်သင်ပုန်းငယ် နှင့် ကျောက်တံ။
၎။ ဂေဟာနှင့် အမြဲဆက်သွယ်နိုင်ရန်အတွက် နို့ဆီဘူးကြိုးတပ် ဟုန်းဖုန်းတစ်လုံး။
တို့ကို တပ်ဆင်ပေးပါရန်တောင်းဆိုအပ်ပါသည်။

လူကြီးမြင်းများ လိုအပ်သည်များ မှာစားကြပါ။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး-၂ လိန်လိန် (ငပေါများဂေဟာ)

9 comments:

ဗန်ပိုင်းယား said...

လျှောက်လွှာတွေကလည်း ကေလာ့ အောက် တစ်ယောက်မှ ရှိဘူး .. အထက်က ကြည့်ပဲ .. ဂွမ် ....

ဖိုးဂျယ် said...

တွင်းတူးရေ တခြားရာထူးလေးကို အားလုံးပြောသလို
စဉ်းစားပေးပေါ့။ သမ္မတကတော့ နာယကပြောသလို
အားလုံး အတူတူ ထမ်းဆောင်နေလို့
တခြားထူးလေး စဉ်းစားပေးလိုက်ကြပါဦး
ကျွန်တော် ငတိကတော့ ခုရက်ပိုင်း မအားသေးလို့ပါ

သဘာပတိ ဖိုးဂျယ်

chanye` said...

yesssss!!! we can!!! ဘာရယ်မဟုတ်ဘူး လူရှိန်မလားလို့ လျှောက်အော်ကြည့်တာ .. အဟီး။

sait phay yar said...

ဟတ်တယ် ငတိကိုထောက်ခံလယ် ကာကွယ်ရေးဝန်လုပ်ခိုင်းး
ဂေဟာက လေဒီချောချော လေးတွေကိုကာကွယ်ဖို့ ဟီဟီ

sait phay yar said...

ကေလာ အားငယ်နဲ့ ကေလာအောက်မှာ တစ်ယောက်ရှိတယ်လေ.....
မမကေလာ..ဒန်ဒန်

NangNyi said...

တိန်.. တန်မဒ တော့ မဖြစ်ဘူးနဲ့တူတယ်.. ဘာရွေးကောက်ပွဲမှလည်း မလုပ်ပဲနဲ့

zyluway.blogspot.com said...

ဟေ့... ဟေ့... ရမ်းရမ်း မလုပ်နဲ့နော်.... 19 လမ်းက ဆိုင်မှာစောင့်နေမယ်လေ။ အဲဒီတော့မှ ပြောကြတာပေါ့လို့

Anonymous said...

..အမေရီကန် သမ္မတ အိုဘားမား ကို ယှဉ်ဘို....အိုမြန်မာ မမ လျှောက်လွှာတင်ရန် စီစဉ်နေပါကြောင်း....အပြန်အလှန်ထောက်ခံကြရန် တိုင်ပင်ကြပါလော...
ကေလာမမ

tututha said...

တမတတော့မရဘူးလေဟာ ပြောပြီးပြီပဲ ဗန်ဒါအခွံကောက်မလား မေးကြည့်။ အရည်အချင်း ပြည့်မီရင်ခန့်မယ် .. နော် ငှက်ကထ၊ ငတိ၊ အမှုရှောင်၊ တွင်း ၂၊ အသင်းသားချုပ် ဟာမောလိုက်တာ .. ဘယ်ရောက်နေကြမှန်းမသိဘူး ဟွန်း။