ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, February 27, 2009

ကြော်ညာများနှင့် ငပေါများဂေဟာ

မြန်မာဘလော့ဂါများ များပြားလာသည်နှင့်အမျှ ဘလော့ဖတ်ရှုသူ ဦးရေကလည်း တစ်နေ့တခြားတိုးပွားလာပြီ.. ဘလော့ဂါများ၏ ယူဆာဟစ်ကောင့်များမှာလည်း တစ်နေ့တစ်နေ့ လူရာချီ၍၀င်နေသည်.. ဒါကိုအကြောင်းပြုပြီး စီးပွားရေးသမားများက နည်းလမ်းများတီထွင်လာကြသည်.. မိမိတို့ကုန်ပစ္စည်းများကို ဘလော့များတွင်ကြော်ညာခြင်း..

သက်ဆိုင်ရာဘလော့အလိုက် ကုန်ပစ္စည်းကြော်ညာတွေထည့်သွင်းကြသည်.. ဥပမာ နာမည်ကြီးဘလော့ဂါများဖြစ်သည့် Nyi Lynn Seck 18+DEN တို့.. သံလုံငယ်တို့ဆိုလျှင် နည်းပညာများ သုတများ ဝေငှပေးရာနေရာဖြစ်လို့ အများဆုံးစိတ်ဝင်စားတာက အိုင်တီကုန်ပစ္စည်းများရောင်းသည့် ကုန်ပနီတွေ.. ဗိုင်းရပ်စ်ဒဖန်ဒါအုပ်စုတွေက ကြော်ညာထည့်ကြသည်.. ဗီလိန်တို့လို ဘလော့တွေကျပြန်တော့ နာမည်နဲ့တင် လူမုန်းများမှာပဲလို့ တွက်ကာ.. ဒဏ်ကျေလိမ်းဆေးတို့ ပတ်တီးတို့ကြော်ညာကြသည်.. နန်းညီတို့လို ပန်းချီအကြောင်းရေးသည့် ဘလော့တွေကျ တစ်မျိုး.. ရေဆေး ဆီဆေး ပတ်စတယ်.. နာမည်ကြီးဆေးကုန်ပနီတွေ ပန်းချီပစ္စည်းကုန်ပနီတွေက အလုအယက်.. ကြားရတာတော့ နန်းညီတို့များ မာကက်တင်းတစ်ဖွဲ့တောင်ခန့်ထားရတယ်ဆိုပဲ..

အဆိုးဆုံးက ငပေါများဂေဟာဖြစ်သည်.. သူတို့ဘလော့က ဟာသဘလော့ဖြစ်လို့.. လာသူပိုများသည်.. ရသပဲရေးရေး နည်းပညာပဲ ရေးရေး .. ကဗျာ ၀တ္တု.. ဘာရေးရေး.. ရယ်တော့ရယ်ချင်ကြသူများသာ.. ဒီတော့ ဘယ်ဘလော့ဘယ်လောက်ကောင်းသည်ပြောပြော နောက်ဆုံးတော့ ငပေါများဂေဟာမှ ၀င်မဖတ်လိုက်ရလျှင် တစ်နေ့စာအတွက် တစ်ခုခုလိုနေသလိုကို လူတွေခံစားလာကြရသည်.. ရယ်ရလွန်းလို့ မျက်ရည်တွေ.. ရှူရှူတွေတောင် ထွက်ကုန်ကြသည်တဲ့.. ဒီတော့ လာပြီပေါ့.. တစ်သျှူးကြော်ညာတွေ.. ပြီးတော့ ဂေဟာအရှိန်အ၀ါကိုယူကာ ကြော်ညာကြသည့် ဟာသစာအုပ်တွေ.. မောင်ကောင်းထိုက်တို့ အကြည်တော်တို့ဆိုတာ.. ပင်တိုင်ကြော်ညာရှင်တွေပေါ့.. ပြီးတော့ ဂေဟာကတ်ဘိနက်များနှင့် ၀င်ကြီးများ (အဲလေ) ၀န်ကြီးများ၏ တစ်ကိုယ်တော်ကြော်ညာတွေ.. နာယကကြီးတူးတူးသာကြိုက်တဲ့ သွားကြားထိုးတံက ဘာတံဆိပ်တို့.. သဘာပတိဂျဲဂျယ်ကြိုက်တဲ့ လက်သည်းညှပ်တို့.. တွင်း-၂ ဗီလိန်အကြိုက်ဆုံး စွပ်ကျယ်တို့.. ဘယ်ဝန်ကြီး အသည်းစွဲ အတွင်းခံ.. ညာဝန်ကြီးအမြဲသုံးတဲ့ ချေးချွတ်ဆေးတို့.. ငပေါများဂေဟာ side bar မှာ ကြော်ညာတွေ ပလူပျံနေတာမြင်ရသည်.. ကြော်ညာတောင် ပိုက်ဆံပေးတိုင်းထည့်လို့ရတာမဟုတ် .. ငပေါများဂေဟာ၏ မာကက်တင်းဌာနကိုဆက်သွယ်.. စာရင်းသွင်း.. အလှည့်စောင့်ရသေးသည်.. တော်တော့ကို မလွယ်..

လူကြိုက်များလာသည်နှင့်အမျှ လူကြားမှာ ထင်ပေါ်လာသည်နှင့်အမျှ ဂေဟာအဖွဲ့သားများမှာ Privacy ဆုံးရှုံးလာရသည်.. ဘယ်သွားသွား ဓာတ်ပုံသမားတွေ သတင်းသမားတွေနှင့်မို့ မလွတ်လပ်ကြတော့.. ဂေဟာရှိ ကာကွယ်ရေးဝန်ကြီးမှာလည်း အလုပ်တွေမအားမလပ်ဖြစ်လာသည်.. ပို့စ်ရေးဖို့တောင် စိတ်ကူးထဲမထည့်အား.. ဂေဟာရှိလူများကို သတင်းသမားများရန်မှ လိုက်ကာကွယ်ရတာနဲ့တင် ပတ်ရှုပ်နေသည်.. ဟိုတလောလေးကလည်း ကြော်ညာတစ်ခု ထွက်လာသဖြင့် အတော်လေး ရှင်းယူရသည်.. ငပေါများဂေဟာမှ မွေးမြူရေးဝန်ကြီးမွေးသော CPမွေးမြူရေးခြင်.. ၂ ဆ ပိုကိုက်သည်.. မွေးမြူလိုသူများ မျိုးစိတ်ရနိုင်ပြီ ဟူသောကြော်ညာ.. အဲ့ဒိတုန်းက ပြန်ကြားရ ဖြေရှင်းရနဲ့ ဂေဟာကလူတွေ အတော်လေး အလုပ်ရှုပ်သွားသည်.. တော်ကြာ ပျံကြားရေးဝန်ကြီး သူ့ဟာသူ အပျံကျင့်ရင်း ပြုတ်ကျကျွမ်းပစ်နေတာတောင် သတင်းသမားတွေက ဓာတ်ပုံရိုက်ပြီး.. ငပေါများဂေဟာမှ အကြိုက်ဆုံးကျွမ်းပစ် အားကစားနည်း.. တစ်လအတွင်း အမြန်သင်ပေးမည်.. မတတ်လျှင် ငွေပြန်အမ်းမည် တို့ဘာတို့ လုပ်ကုန်ရင် မခက်ဘူးလား.. ဂေဟာရှိလူများမှာ အရင်လို ဘလော့တောင် ပေါ်ပေါ်ထင်ထင်မလည်ရဲကြ.. တလောလေးကပဲ ဂေဟာမှ ကြမ်းမာရေးဝန်ကြီးက ဘလော့တစ်ခုကို ရာထူးအမည်ဖြင့် သွားလည်ရာ.. ထိုဘလော့ကို လူစိတ်ဝင်စားကုန်ပြီး ဟစ်ကောင့်တွေ စွတ်တက်ကုန်သဖြင့် လူလာနည်းသော ဘလော့ပိုင်ရှင်များမှာ ဂေဟာမှ အရာရှိများ အသင်းသားများ သူတို့ဆီလာလည်ရေး နည်းမျိုးစုံနှင့် ကြိုးစားကြတော့သည်..

လူကြိုက်နည်းသောဘလော့ဂါများမှာ ဂေဟာမှ အရာရှိအရာခံများ အသင်းသားများ ကြွရောက်လာပါမည့်အရေး.. လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ကြသည်.. ပြီးတော့ အသင်းသားဝင်ခွင့်လျှောက်လွှာကိတ်စတွေမှာလည်း မမှန်မကန်မှုတွေရှိလာသည်.. သို့သော် ၀န်ကြီးအဖွဲ့ကရော ကတ်ဘိနက်ကရော အသေအချာ စိစစ်သဖြင့် ၀င်ခွင့်ကိစ္စကတော့ သိပ်မလွယ်လှ.. ဒါတောင် ထင်ပေါ်ကျော်ကြားမှုအား ကြီးမားလွန်းသော ငပေါများဂေဟာအဖွဲ့သားများမှာ တစ်လတစ်လ ၀င်ငွေက ဒေါ်လာသန်းနှင့်ချီနေကြပြီး သူဌေးမင်းများ ဖြစ်ကုန်ကြသဖြင့် တစ်ချိန်က ဤဂိုဏ်းကြီးဖြစ်ထွန်းလာခြင်း .. တည်ထောင်မိခြင်းကိုပင် လှိမ့်ပိမ့် ကျေးဇူးတင်ကာ ပေါတောတောပို့စ်များ အဆက်မပြတ်ရေးသားလျက်ရှိကြကုန်သည်ဟူသတည်း.. ... .

(စိတ်ကူးယဉ်ရတာ အရသာကိုရှိလို့.. သာဓု သာဓု သာဓု... )

11 comments:

ဖိုးဂျယ် said...

သဘာပတိ ကြိုက်တဲ့ လက်သည်းညှပ်
သဘာပတိ ကြိုက်တဲ့ ခေါက်ဆွဲ ထုတ်
သဘာပတိ ကြိုက်တဲ့ ဘလော့
သဘာပတိ ကြိုက်တဲ့ ဖုန်း
သဘာပတိ . . . . . .

Anonymous said...

ကျွန်တော်တို့ ကမ်ပဏီရဲ့ အိမ်သာကျြွေခွက်ကျော်ညာချင်လို့ပါ ခင်ည(စ်)။

tututha said...

နာယကဂျီးကြိုက်တဲ့သွားကြားထိုးတံက နှယ်နှယ်ရရ မဟုတ်ဘူးနော်။ သွားကြားထိုးတံတချောင်းဖြစ်ဖို့ ကျွန်းပင်တပင်ကုန်တာ ဟွန်း (ဘယ်ရမလဲ နာလည်း ဝင်စိတ်ကူးယဉ်မှာပဲ)

ဗန်ပိုင်းယား said...

အင်း .. အနေအထိုင် ဆင်ခြင်မှ ဖစ်တော့မယ်..စ်

K. said...

ဇင်ကတော့ စိတ်ကူးယဉ်နေတာ
ဇင်ကြိုက်တဲ့ဘေဘေနဲ့ လျှောက်လည်မှာ။။ လက်သည်းညှပ်တော့ကျော်ညာဘူး ပင်လယ်ကမ်းခြေခရီးစဉ်လေးကြော်ညာမလားလို့ နွေရာသီဆိုတော့

Anonymous said...

အင်း...ကော်တာဘဲ..
မဖုရားလေးလည်း ကြော်ငြာဝင်တော.မယ်.
အကြောင်းပြန်မယ်နော်
ဂေဟာဈေးကွက်နဲ. အလုပ်ဖြစ်မယ်.ပစ္စည်းပေါ.
ကေလာမမ

မေ့သမီး said...

ဟိဟိ နန်းညီလည်းတော်တော်ပေါတယ်နော်။ :P
ဒို့လည်းကြော်ငြာချင်လို့ရမလား။ အရောင်းထိုင်းကုန်ပစ္စည်းဆိုပြီး။ :P

Anonymous said...

ငှက္ကဋ္ဌကြီးကြိုက်တဲ့ ဘီအီးဆိုပြီး ကြော်ငြာလက်ခံရမယ်။

Chairman's choice ဆိုပြီး ဟီးးးးးးးးးးးးးးးနေအောင်

Anonymous said...

ပို့ဆောင်ရေးဝံဂျီးကို ဖို့ဒ်ကုမ္ပဏီနဲ့ တိုယိုတာကပြေးလိုက်ခေါ်နေတယ်... ဘိုလုပ်မလဲ... အရောင်းကျတုန်း နေ့အိပ်မက်နဲ့ကြော်ငြာမှ ကမ္ဘာ့စီးပွားပျက်ကပ်ကယ်နိုင်မယ်ဆိုလား

Anonymous said...

ကျုပ်ကတော့ ဘားသက်ဇ်ရဲ့ဘီး လေလံတင်မလို့။ ဟဲဟဲ

Anonymous said...

(စိတ်ကူးယဉ်ရတာ အရသာကိုရှိလို့.. သာဓု သာဓု သာဓု... )
သုမောင်
ဖိုးသောကြာ
မောင်ဝဏ္ဏ
ထွန်းထွန်း