ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, February 22, 2009

ပျံကြားရေးဝံကြီး ဘာကြောင့် ရုံးမလာရတယ်..

ပျံကြားရေးဝံကြီး အခုတလော ရုံးမလာတာကို အလေလိုက် ပျော်ပါးနေတယ်လို့ ထင်နေပါသလား ။

ရုံးမလာရခြင်း အကြောင်းအရင်း ၃ ချက်ရှိပါတယ်။

၁) ဂေဟာအတွက် သတင်းပြန်ကြားဖို့ အနယ်နယ်အရပ်ရပ်က သတင်းထောက်တွေနဲ့ပူးပေါင်းပြီး သတင်းရှာဖွေနေလို့ပါ။
၂) နာမည်အလွဲသုံးစားလုပ်တဲ့ လူတွေပေါ်ပေါက်လာပြန်တော့ အဲဒီအယုတ်တမာကောင်တွေကို ဖော်ထုတ်ဖို့လည်း စုံစမ်းနေရပါတယ် ။
၃) ဆက်သွယ်ရေးဝန်ကြီးနဲ့ တိုင်ပင်ပြီး သူများတွေနားမလည်အောင် စကားဝှက်အသုံးအနှုန်းများ သတ်မှတ်ခေါ်ဆိုဖို့ ဆောင်ရွက်နေလို့ပါ ။

နောက်ဆုံးသိရတဲ့ ထူးခြားသတင်းတွေကတော့ အောက်ပါအတိုင်းပါပဲ ။

* ရုပ်ရှင်နှင့်ဗီဒီယို အကယ်ဒမီသရုပ်ဆောင် မင်းသားဒွေး ဘာကြောင့်မှန်းမသိ ရုတ်တရက် ကွယ်လွန်

* ရက်အတိအကျမသိသောနေ့က အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးဘီးပေါက်

* အိုင်တီသတင်းအနေဖြင့် google.com တွင် မိမိသိချင်သောအကြောင်းအရာများကို ရှာဖွေနိုင်ဟု သိရ

* အိမ်နောက်ဖေးခြံမှ ကြက်မကြီး ဥဥ.. အထီးမှန်း အမမှန်း သေချာမသိရသေး။ ထောက်လှမ်းရေးအဖွဲ့မှ ဥကို မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိ

* ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ပြီဖြစ်သဖြင့် ဆေးလိပ်ကိုမီးညှီပြီးမသောက်ရန် မီးသတ်တပ်ဖွဲ့မှ သတိပေးပြောဆို

နောက်ပြီး ပျံကြားရေးဝံကြီးဆိုပြီး နာမည်ကိုအလွဲသုံးစားလုပ်တဲ့လူကို ကျွန်တော်ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းတာ သဲလွန်စရနေပြီ ဖြစ်ပါတယ် ။

မောင်တီးဘလော့မှာ ယောင်ရွှီးပြီး ဆဲဆိုနေတာ ပျံ/၀ံ ချမ်းရဲအစစ် မဟုတ်ပါဘူး ။ လျှောက်လွှာထဲမှာပါတဲ့အတိုင်း ချမ်းရဲအစစ်ရဲ့ ထင်ရှားတဲ့အမှတ်အသားက ပေါင်ခြံမှာ မှဲ့ရှိပါတယ် ။
မယုံရင် ဒီမှာကြည့်ပါ..ကဲဟာ..(လှန်ပြပြီး..) ။ တွေ့တယ်ဟုတ်..ငှဲ ငှဲ ။ သိရတဲ့သဲလွန်စအရ ပျံကြားရေးဝံကြီးအနေနဲ့ ဟန်ဆောင်သူဟာ မြန်မာလိုဆဲဆိုနေတာကြည့်ခြင်းအားဖြင့် မြန်မာစကား ရိုက်တတ်သူဖြစ်ရမယ်။ အသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် ယောက်ျားလေးဖြစ်ဖို့ ၇၀% သေချာပါတယ် ။ ပျံ/၀ံဆိုတာကိုသိတဲ့အတွက် ဂေဟာနဲ့ ပတ်သက်နေတဲ့သူဖြစ်ရမယ် ။
ပျံ/၀ံ (ကျွန်တော်) ကို သိပ်မကြည်တဲ့ကောင်ဖြစ်မယ် ။ ကျွန်တော်လို ငပေါကို မကြည်တဲ့လူဟာ တည်တည်တံ့တံ့နေတတ်သူပဲဖြစ်မယ် ။ ဒါတွေအားလုံးခြုံကြည့်လိုက်ရင် အတုယောင်ဆောင်သူဟာ ဘယ်သူလဲဆိုတော့.......... သဘာငတိကြီး ပဲဖြစ်နိုင်တယ် ။ အတွင်းသစ္စာဖေါက် ဖိုးဂျယ်ကို တန်းတူညီမျှ ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့တောင်းဆိုချင်ပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ ဂေဟာကလူတွေအတွက် အတုယောင်ဆောင်လုပ်လို့မရအောင် လျှို့ဝှက် နာမည်ဝှက် (စက်စကား) တွေ သတ်မှတ်ပေးထားတာကိုပါ ။ နာမည်ဝှက်တွေကိုအောက်မှာကြည့်ပါ ။

သဘာပတိ ဖိုးဂျယ် _ ဂေါက်တောက်တောက်
ဝန်ကြီးချုပ် ဇေယျာလင်း _ ဇရက်
ဆက်သွယ်ရေး ပိုက်ပိုက် _ ပိုးဟပ်
ဆည်မြောင်း သံလွင်ဟီးရိုး _ သရဲလေး
ပြန်ကြားရေး ချမ်းရဲ _ ချစ်ချစ်
နာယက တူးတူးသာ _ တောက်တဲ့
တွင်းနှစ် ဗီလိန် _ ဗလကြီး
နိုင်ငံခြားရေး ဇင်မင်း _ ဇ
လူဝန်မှုကြီးကြပ်ရေး ဂျူဝသန် _ ဂန်တူးလေး
သစ်တော သတိုးရာဇာ _ သိုးမဲ
ဆောက်လုပ်ရေး ဟန်သစ်ငြိမ် _ ဟစိဟစိ
ထောက်ချုပ် မောင်မိုးသား _ မြေဘီလူး
ပေါကလာ _ ကိုရီးယား
တရားစီရင်ရေး ယမမင်းလေး _ ယဉ်ယဉ်လေးရုး
အသင်းသားချုပ် ခေါင်ခေါင် _ ခွက်ထိုးခွက်လန်

လောလောဆယ် ကိုယ်သိသလောက်တော့ နာမည်ဝှက်ပေးထားပါတယ် ။ စက်စကားနဲ့ပြောကြဆိုကြတော့ တခြားလူတွေ အလွယ်တကူမသိနိုင်ဘူးပေါ့လေ ။
ဥပမာx အစည်းအဝေးလုပ်တယ်ပေါ့ ။ ဘယ်သူတွေပါလဲမေးရင် ပြန်ပြောတဲ့အခါ.........

"ကိုရီးယားမှာ ဂေါက်တောက်တောက်ဇ၇က်က ပိုးဟပ်ကိုမြင်တော့ သရဲလေးလိုလို မြေဘီလူးလိုလိုထင်ပြီး ဟစိဟစိနဲ့ ခွက်ထိုးခွက်လန်ရယ်ကြတာလေ ။
ယဉ်ယဉ်လေးရူးနေတာ ။ ဂန်တူးလေးကလဲ ဇရှိတဲ့ ဗလကြီးဟန်ဆောင်ထားတဲ့ ချစ်ချစ်ကိုပဲ တောက်တဲ့လို ကပ်နေတာ ။ တကယ်တော့ သူကလည်း သိုးမဲလေးပါပဲ"

အဲလို ပြောလိုက်ခြင်းအားဖြင့် ဘယ်သူမှ အလွယ်တကူမသိနိုင်တော့ဘူးပေါ့ ။
ကဲ ပြောချင်တာတော့ ဒါအကုန်ပါပဲ...။
လစာပါတခါတည်းထုတ်သွားမယ် ။ ပျံဝံ အလုပ်လုပ်တယ်နော် ဟဲဟဲ ။

ပုံ/ ပျံကြားရေးဝံကြီး ချမ်းရဲ ( ချစ်ချစ် )

6 comments:

Anonymous said...

အမ်..များ ကျတော.နာမည်ဝှက်မပေးဘူး
ဂေဟာမှာ အပြေးအလွှာကြည်.မှ အသင်းသူလေး မမ တစ်ယောက်ရှိတာ ပဲစားပြီး ခွဲခြားခွဲခြားနဲ. ကံစမ်းမဲလို
မျက်နှာလိုက်ပြီး ချန်ထားခဲ.သည်။
ရှပ်အကျိင်္ကော-ဘလောက်ကော-စကတ်ကော-ဘောင်းဘောင်းကော အားလုံးတစ်တန်းတည်း လှန်းခွင်.ရှိရန် အမျိုးသမီးရေးရာမှ တန်းတူအခွင်.အရေး ရရှိရေးအတွက်
မမ ကော်ပလိန်းတက်-တောင်းဆိုလိုက်ပါကြောင်း။
လုပ်နေကြအတိုင်း-အမြန်ဆုံး(ပြင်ဆင်)သတင်း
အနောက်က ဒရောသောပါး ဆက်လက်ထုတ်လွှင်.ပေးပါရန်။
အပီအပြင် ပေါက်ကွဲနေပါကြောင်း.
ဝုန်း-ဒိုင်း-အုန်းကနဲ..
ကေလာမမ

NangNyi said...

အိ.. အမှုရှောင်ကိုကျ စာရင်းမသွင်းဘူး.. တော်ပီ နောက်ဘဒေါ့မှ ရုံးမလာတော့ဘူး.. အဟင့်

sait phay yar said...

ဇင်ဇင်ကိုလည်းမပါဘူးနော် ခရေးကိုမေ့တဲ့ လူ အသူလည်း နာမယ်နော်။ ခွေးလွှတ်ဖူးနော်
နာမည်ရရလေးပေးနော် မပေးရင် ဂေရာကလူတွေ ကိုဂဲနဲ့ပေါက်မယ် ဒါဗြဲ
စိတ်တော်တော်လေးကောက်သွားတယ်
ပြန်ဖြောင့်ရန် အမြန်လာပါ

Anonymous said...

အဖွဲ.၀င်များအားလုံးအတွက် လျှို.၀ှက်နာမည်များကို ရှေ.မျက်နှာနောက်ထားပြီး မွားတဲ.အခါလည်း မွားမှာပေါ.- ခပ်တည်တည်နဲ.(ပြင်ဆင်)သတင်း အမြန်တင်ရန် တောင်းဆိုပါသည်။
အချင်းချင်းဘဲ သိတာ.အေးဆေးပေါ.(ဒါလေးများ)နော်..
မည်သည်. သတင်းစာ ရှင်းလင်းပွဲကိုမှ အရေးတယူလုပ်မည် မဟုတ်ပါ။(ကြောက်ပါနဲ)
ကေလာမမ

ခေါင်ခေါင် said...

ဘယ်လိုဖစ် လို့... ငါ့ကျတော့ ခွက်ထိုးခွက်လန် ဖစ်သွားရတာလဲ..စဉ်းစားလို့ကိုမရဘူး.. ဗြဲ..

ဝှိုက်ဝှိုက် said...

နာမည်ဝှက်တွေနဲ့ တိုးတိတ်အစည်းဝေးလုပ်တာပေါ့
နာ့နာမည်လည်းအပါဘူး အီး ဟီး ဗြဲ