ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, March 21, 2009

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ မဟာအလင်းသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ မဟာအလင်းသင်္ကြန်စာ

ယခုအချိန်အခါသည်ကား ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၏ အဦးအစ အခါသမယကောင်း၊ တန်ခူးလ သာစွညောင်းချိန် ဖြစ်သည်နှင့်အညီ နတ်တို့သခင် အရှင်သိကြားဘုရင်သည် မကောင်းမှုပြုသူများအား ထောင်းထုအမှုတင်ရန် ခွေးရေပုရပိုက်အစား၊ မြန်ပြည်တစ်ဖြာ ထွန်းကားစီသည့် Multimedia Room များအညီညှိကာ၊ ဟိုဒီထိုင်ငိုသွားနိုင်တဲ့ `Sony Vaio´ Laptop တစ်လုံးကို အပိုမှီဒိုင်လျှိုတင်၍ Driver မာတလိမောင်းနှင်သော `CNG စီးတော်ယာဉ်´ ကို စီးတော်မူပြီးသကာလ…… လက်တစ်ဖက်တွင် ရတက်မပူရရန် အရက်ဖြူ… အဲ… `ကြက်စူပင်´ ကို ကိုင်ပြီး၊ အခြားလက်တစ်ဖက်ကား အရားသမက်များ… အဲ… တအားအခက်မပွားရအောင် `နွားဇတ်ပျက် ငစားတစ်ကောင်´ အား ဂုတ်မှဆွဲပြီး အဟုတ် ခဏ၀ဲကာ တိဘက်၌ Transit ဖြင့် တစ်ထောက်နားဆော့ကစားပြီး မဖောက်မပြားသော ပကာသနတို့ဖြင့် ရွှေမြန်ပြည်သို့ မသွေအမြန်ချီလာတော့လေသတည်း။



ယခုအချိန်သည်ကား နယူးရီးယားဟုခေါ်သော ထူးပြီးခြားသည့် အခါခဏဖြစ်ရာ မူးပြီးဟား… အဲ… ခုနှစ်ရက်သားသမီးအပေါင်းတို့ လိုအင်ဆန္ဒအ၀၀ ပြည့်ဝစေရန်အလို့ဌာ ကျွန်ုပ်ဗေဒ အထွတ်အထိန် ပေါ်ငြိမ်သည် သူ့အလိုလို လှည့်လည်လျှက်ရှိနေကြသော ဂြိုဟ်၊ နက္ခတ်တာရာ၊ ဘာညာသာရကာများအား ကိုယ့်အပူ ကိုယ်ရှာ၍ သွားရောက် ဖင်ရှည် ကြည့်ရှုပြီးသည့်သကာလ အမှန်သရုပ် သဏ္ဍာန်လုပ်ကာ ဤ… မဟာအလင်း သင်္ကြန်စာကို ပလီပလာသတင်း အတင်းအမှန်ရှာ၍ အဆုံးသတ် နိဂုံးဖြတ်ကာ ရေးသားသမှု ပြုလုပ်လိုက်ရ ပါလေသတည်း။



တနင်္ဂနွေ (အ၊ ဧ၊ ဥ)

တနင်္ဂနွေသားသမီးများသည် အပျင်းဖြေအားကြီးလွန်းသောကြောင့် အချင်းတွေ အသွားကြီးသော အပျင်းပြေ ဘားကြီးများသို့ သီချင်းတွေသွားဟီးတတ်ရုံမက သတင်းတွေ မှားဖြီးတတ်ပါလိမ့်မည်။ ထိုမျှမက ဂဠုန်မင်းတို့သည် အကုန်ဖျင်းလွန်း သောကြောင့် ငထုံငပျင်းများဖြစ်တတ်ရာ ရဂုံချင်းကာ ဖာခုန်ညှင်းလို အသားကုန် ကမြင်းနေရလတံ္တ့။

(ယတြာ။ တနင်္ဂနွေ ဂဠုန်တို့မှာ ပုလင်းတွေအစုံတီးပြီး တလင်းမြေအဟုန်ပေါ်မှာ ထမင်းတွေပုံကာ စားပါက အခင်းတွေ ပြေကုန်အံ့လတ္တံ)



တနင်္လာ (က၊ ခ၊ ဂ၊ ဃ၊ င)

တနင်္လာသားသမီးတို့သည် ဂင်္ဂါတံတားအနီးက ၀မ်းနာအဖွားကြီးကို ပုလင်းရှာသော ကုလားသမီး ဟုထင်ပြီး အတင်းလာအကြွားကြီးသဖြင့် သတင်းစာအမှားကြီးမှာ `မင်းဟာ ငနွားကြီး´ ဟု အထင်းသာ အဟားမိတတ် လေတော့သည်။ တအားငြင်းသော ကျားမင်းတို့သည် သွားရင်းက မှားနင်းမိတတ်ရာ (ခွေးချေးပုံမဟုတ်) ဆီကုန်သက်သာ စရိတ်ကာသော ကားတစ်စင်းအလား နွားတစ်ရှဉ်းအငှားဖြင့် တအားနင်းသွား ရမည့်ကိန်းမြင်ကြောင်း ကျားမင်းကြီးအား ပွားနင်းကီးပါသည်။

(ယတြာ။ တနင်္လာကျားတို့သည် သတင်းစာသမားတို့အား ဟင်းမပါဆားအချို့ဖြင့် ထမင်းလာစားဖို့ရန် အတင်းမှာကြားညှို့လိုက်ပါလေ။)



အဂၤါ (စ၊ ဆ၊ ဇ၊ စ်၊ ည)

အစဉ်အလာမပျက် မင်္ဂလာအချက်နဲ့ အင်္ဂါလက်တို့ဟာ အင်တာနက်လောကမှာ ထင်ကာထွက်နေဖို့ကတော့ မြင်သာလို့နေပါတော့သည်။ အင်္ဂါသားသမီးတို့မှာ နင်ဟာမယားကြီးဟု အထင်မှာတအားစီးနေလောက်အောင် ဘ၀င်ဟာ မတရားကြီးပါတယ်။ ခြင်္သေ့မင်းတို့သည် ဖင်ဝှေ့ကမြင်းတတ်သည့်အပြင် အမြင်အတွေ့ မရှင်းသောကြောင့် နင်တစ်နေ့ ဆင်းရမယ် ဟုပင် အပြောခံရတတ်ပါသည်။

(ယတြာ။ အင်္ဂါခြင်္သေ့ကို နင်လာဖင်ဆိတ်ပါဟု တမင်တကာထွင်ဖိတ်ပြီး ဘ၀င်လွှာရွှေစိတ်မှာ မင်္ဂလာဝင်အိပ်ပါစေလေ။)



ဗုဒ္ဓဟူး (ယ၊ ရ၊ လ၊ ၀)

အဟုတ်ထူးခြားတဲ့ ဗုဒ္ဓဟူးသားသမီးတွေကတော့ ဒီနှစ်သစ်မှာ အပီတစ်ဖြစ်နေမှာပါ။ `ဗုဒ္ဓဟူး တုတ်စူး၊ ဖုတ်ပူး အဟုတ်ရူး၊ ဘူးဘူးဘူး မဟုတ်ဘူး´ ဟု ပြန်ငြင်းရလောက်အောင် ဗုဒ္ဓဟူးတွေက မရှုပ်စဖူး အလုပ်မြူးနေကြမှာပါ။ ဆင်မင်းတို့ပီပီ အမြင်ထင်းလို့ကြည်တဲ့ နင်ပုလင်းတို့ ဘော်ဒီဟုပြောရလောက်အောင် ဆင်မင်းတို့က ဖင်ဝင်းကာ အသွင်အဆင်းဖြာလို့နေပါလိမ့်မယ်။

(ယတြာ။ ဗုဒ္ဓဟူးဆင်တို့ အစုတ်အရူးထင်မှ အဟုတ်အထူးဝင်မှာမို့ မုန့်ဘူးဖင်မှာဆို့ပါဗျို့။)



ကြာသပတေး (ပ၊ ဖ၊ ဗ၊ ဘ၊ မ)

ကြာသပတေးသားသမီးတို့သည် ဘာညာကလေးကလားကြီးဟု ဆိုရလောက်အောင် အာပလာအပေးများလွန်းသဖြင့် ဘာသာရေးများလုပ်ရန် အချိန်ကျလို့နေပါပြီ။ သို့အတွက် ကြာသပတေးတို့မှာ အသာအယာမှေးမနေဘဲ နာနာပြေးကာ ၀ါသနာကလေးဖြင့် စာကဗျာရေးသင့်ပါတော့သည်။ ကြွက်မင်းတို့မည်သည် အရက်ပုလင်းဖက်ရီသည် ဟု ဆိုရလောက်အောင် အပျက်သတင်းတို့ ထွက်စည်နေတတ်သဖြင့် ကက်ကင်းဓာတ်မှီ ရတော့ပေမည်။

(ယတြာ။ ကြာသပတေးကြွက်တို့ ဘ၀အရေးမခက်ရအောင် မာနကလေးဖက်ပြီး ငါက ကလေးငပျက်ဟု စာထရေးကျက်လိုက်ပါ။)



သောကြာ (သ၊ ဟ)

မြှောက်ကာစကားကြီး လျှောက်ကာတအားဖြီးတဲ့ သောကြာသားသမီးတွေကတော့ `မျောက်ငနာငစားကြီး´ ဟုပင် ပြောခံရလောက်အောင် ထောက်ညှာသနားကြည့်ဖို့ မသင့်ပါဘူးဟု ဆိုရလတ္တံ့။ ပူးမင်းတို့မှာ ဘီလူးမင်းစတိုင်ဖြင့် အရူးချင်း မလိုင် လုပ်ချင်သောကြောင့် ဒူးရင်းသီးဆိုင်တို့နှင့် အထူးအငြင်းကြီးပြိုင်ရသည့်အခါ မထူးချက်ချင်းကြီး အနိုင်ရပါလေအံ့။

(ယတြာ။ သောကြာပူးတို့မှာ အခြောက်မသာအရူးတို့ကြား သောက်ကာမူးပြီး လျှောက်ကာပလူးသင့်လှပါကြောင်း ကောက်ကာနှူးလိုက်ရပါသည်။)



စနေ (တ၊ ထ၊ ဒ၊ ဓ၊ န)

ဒီနှစ်မှာ စနေသားသမီးတို့သည် ငွေပွားမစီးသဖြင့် အထွေအပြားကြီးတတ်ချေရာ မနေမနားဖရီးစားဖို့ လိုအပ်ပေတော့သည်။ ထို့ကြောင့်လည်း အနေအစားမှားပြီး အသေနားလည်း နီးတတ်ပေရာ အမွေစကား ညည်းရတတ်ပေသည်။ စကားရှင်းရှင်း နဂါးမင်းတို့မှာ တအားပျင်းလွန်းသောကြောင့် ကုလားသီချင်းနှင့် အားတင်းပြီး ကစားကွင်းထဲမှာ သွားကမြင်းနေကိန်းများရှိလေအံ့။

(ယတြာ။ စနေနဂါးတို့ အသရေကြွားစေဖို့ ဒန်ငွေဖလားဖြင့် အမြန်ရေကစားပြီး အမှန်လေအဖျားဆင့်ပါမှ နံပြေအစားသင့်ပေလိမ့်မယ်။)



ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ

နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ

မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်

ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော

မြန်မာသက္ကရာဇ် ၁၃၇၁အတွက် That’s Sure! မဟာ သင်္ကြန်စာမှ



လျှောက်လုပ်ရေးဝံကြီး ပေါငြိမ်

7 comments:

Anonymous said...

မိုက်တယ်ကွာ...
လေးစားတယ် အရမ်းဘဲ
သင်္ကြန်စာ ကို တိုင်းသိပြည်သိ ကော်ပီ ကူးပြိး
ဖြန်.ရန် မဖုရားလေးမှ အခမဲ.ကူလီထမ်းမည်
ဖြစ်ကြောင်း..
happy new year ပါ..
ကေလာမမ

ဖိုးဂျယ် said...

သင်္ကြန်စာ ဖတ်သွားတယ်ဗျို့
အရမ်းမိုက်တယ်။ ကာရံလေးနဲ့ ရေးသွားတာလေးကို ကြိုက်၏

တီချမ်း said...

ဪ သင်္ကြန်စာ လာပြန်ပလား
ငါမပြန်တာ ဒါတင်ပါမက
စာစီစာချ တော်လှချေလား
ဒေါ်လှကြည်သားရယ်
အဖော်ကဒီမှာ မျှော်လှပြီကွယ့် မျှော်လှပြီ

tututha said...

တော်တယ်ဟေ့ .. ပေါငြိမ်ကို နှာခေါင်းပြင်ဆင်ခွင့် ပါမစ် ချပေးလိုက်ပြီ။ ဘိလပ်မြေ တအိတ်၊ ထုံးတပိဿာ၊ သဲ တကျင်း ကိုယ့်ဟာကိုယ် ဝယ်ပြင်စေ ...

Anonymous said...

သင်္ကြန်စာကို
မြန်မကြာ လာရှု၍
ဆလံသာ ဆလု လိုက်ပါသည်။

ယခုမှစ၍ မလစ်မကြာ
တစ်နှစ်လုံးမှာ ၃၇၀ ရက်
လပ် ရက်မရှိအောင် မူးစေသော်ဝ်။

သင်ကာ

ဗန်ပိုင်းယား said...

အခြောက်မသာအရူးတို့ကြား သောက်ကာမူးပြီ.... ဟီဟိ

Unknown said...

မိုက်တယ်ဗျို့ 
ဆက်ပေါထား