ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, March 16, 2009

ဂေဟာလူကြီးမြင်းများ မေတ္တာဝေ အမှုရှောင် ကျန်းမာပါစေ

ငပေါဂေဟာရဲ့ လူကြီးမြင်းများအားလုံး ဂေဟာကိုစတင်တည်ထောင်သူ ဖောင်ဒါတဦးဖြစ်သူ အမှုရှောင်ရဲ့ မွေးနေ့ပွဲကို အကြီးအကျယ် ကျင်းပပေးဖို့ အတော်ကို မအားမလပ်ဖြစ်နေကြပါတယ်။ ဒီနေ့ မတ်လ ၁၆ ရက်နေ့ဟာ အမှုရှောင်ကြီးရဲ့ မွေးနေ့ဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက အားလုံး ကြိုသိကြပါတယ်။

ကြိုသိတဲ့အတိုင်းပဲ ကြိုပြီး အလုပ်ရှုပ်ကုန်ကြပါတယ်။ အဲလိုအလုပ်ရှုပ်ကုန်ကြတဲ့အတွက် ပို့စ်တောင် အသစ် မတင်နိုင်လောက်အောင်ပါပဲ။

ဘယ်လိုရှုပ်သလဲ ဆိုတာကို နာယကဂျီး ကြားသိတော်မူတဲ့အတိုင်း (ခွင့်လွှတ်ပါ ဇာတ်သံ .. အဲလေ ယောင်လို့ ထီးသံနန်းသံ နည်းနည်းပါကောင်း ပါပါလိမ့်မယ်။ ဘာလို့ဆိုတော့ နာယကဂျီးက ခုတလော ဘုရင်ရူးရူးနေလို့ပါ)
ဖောက်သည်ချပါမယ်။

နာယကဂျီးက ခုတလော ဘာလို့ ပို့စ်တွေ မရေးကြသလဲဆိုတာကို စုံစမ်းလိုက်တဲ့အချိန်မှာ .. ပထမဆုံး တွေ့တဲ့ သူကတော့ ဗီပုန်း .. အဲ ဂျီပုန်းလုပ်နေတဲ့ တွင်း ၂ ဖြစ်ပါတယ်။ သူ့ရဲ့ မပြီးဆုံးနိုင်တဲ့ (ဘယ်တော့မှလဲ ပြီးမှာမဟုတ်တဲ့ ဝတ္ထုရှည်ကြီးကို အမှုရှောင်ရဲ့ မွေးနေ့အမီ (ဒါက နာယကဂျီးကိုယ့်ဘာသာ ဖြည့်စွက်တွေးတာ) ရေးနေရလို့ ပုန်းနေရတဲ့အကြောင်း၊ နောက်တော့ သူ့ရဲ့ နာမည်ကျော် ကြက်ဥ တဝက်ပြုတ်၊ တဝက်ကျော်ကို လည်း ပေါညီမ ရဲ့မွေးနေ့မှာ လုပ်ကျွေးဖို့ သေသေချာချာလေ့ကျင့်နေကြောင်း၊ ဒါကြောင့် သူ့မှာ မပုန်းချင်ဘဲ ပုန်းနေရပြီး ..ခုလိုပုန်းတာတောင် ငတိက လာလာ နှောင့်ယှက်လို့ တခါတခါ ပွင့်ရကြောင်း (အပြင်ထွက် လာတာကို တင်စားတာပါ) ပြောပါတယ်။

နောက်တယောက်ကတော့ ပြန်ဝင် .. အဲယောင်ပြန်ပြီ ပြန်ဝန်ဖြစ်ပါတယ်။ ဒင်းကတော့ တော်တော့ကို အားကိုး လောက်ပါတယ်။ သူ့အစ်မတော် အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ အများနဲ့မတူ တမူထူးခြားစွာ ဂုဏ်ပြုချင်တာကြောင့် တပြိုင်ထဲ ရည်းစား ၂ ယောက်ထားနည်း လေ့ကျင့်နေပါသတဲ့ (နာယကဂျီးကို တိုးတိုးတိတ်တိတ် အော်ဟစ် အသိပေးလို့ သိရတာပါ) အဲဒီကိစ္စ အောင်မြင်ရင် သူက အမှုရှောင်မွေးနေ့ပွဲကို ၂ ယောက်တွဲနဲ့ တက်ပြီး ဂုဏ် ပြုမယ်လို့ ဆိုပါတယ်။ သို့သော် ကြည့်ရတာ ဒီနေ့ထိပျောက်နေပုံထောက်တော့ အဲဒီ ၂ ယောက်ပေါင်းပြီး ပြန်ဝန် ကြီးကို လုပ်ကြံလိုက်ပြီလား မသိပါဘူး။ ရှာကြပါဦး … ဤကားစကားချပ်။

နောက်တယောက်ကတော့ ငတိပါ။ သူကတော့ အားတက်သရောအရှိဆုံးလို့ ဆိုရပါလိမ့်မယ်။ ငတိနဲ့ ယဉ်ကျေးမှု ဝန်ဂျီးတို့ ၂ ယောက်ပေါင်းပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပဖို့ ဘယ်နေရာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ လွန်ခဲ့တဲ့ တလကျော်ကတည်းက လိုက်စုံစမ်းကြပါတယ်။ ဘယ်ဘီယာကောင်းမလဲလို့ လိုက်မြည်း ကြည့်ရ တာလည်း အတော် မူးနေပြီလို့ ဆိုပါတယ်။ အဲဒီလောက်ထိ ချာလပတ်ယမ်းနေတာတောင် လုံးဝ စိတ်တိုင်းမကျ တဲ့အတွက် အတော် ဦးနှောက်စားနေကြပါတယ်။ တကယ်လို့ စိတ်တိုင်းကျနေရာ မတွေ့ခဲ့ရင် ဆက်လက် ရှာဖွေ စုံစမ်း မြည်းကြည့်ဦး မှာ ဖြစ်ပြီး .. မွေးနေ့ပွဲကိုတော့ နောက်နှစ်မှာ ကျင်းပဖြစ်အောင် ကျင်းပပေးမယ်လို့ စီစဉ်နေကြောင်း အတွင်းသတင်း ရရှိပါတယ်။

ငှက်ကထကတော့ တမျိုးပါ။ ဒီနေ့မှာ အမှုရှောင်ရဲ့မွေးနေ့ဖြစ်တာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက ကြိုသိပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပပေးဖို့ အလုပ်ရှုပ်သလိုလို ဘာလိုလိုနဲ့ ပို့စ်မရေးတော့ဘဲ နှပ်နေပါတယ်။ တချက်ခုတ် ၂ ချက်ပြတ်ဆိုသလို သူ့ကောင်မလေးနဲ့ သူနဲ့ ရီးဇားဖြစ်တာ နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် အမှုရှောင်ကို မုန့်ဝယ်ကျွေးခိုင်းပြီး လက်ဆောင်တခု မရမကတောင်းမယ် ဆိုတာလည်း အတွင်းသတင်း ရထားပါတယ်။ အမှုရှောင်ဆီက ဓားပြတိုက်လို့ရတဲ့လက်ဆောင်ကို သူ့ကောင်မလေးကို မျက်နှာလုပ်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးတော်မူလိုက်ပါတယ်။ အမှုရှောင်အနေနဲ့ ရှောင်စရာရှိ စောစော စီးစီး ရှောင်နိုင်အောင် ငှက်က ဘယ်သူ့မှမပြောပါနဲ့ဆိုတဲ့အတိုင်း လိုက်နာ ဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။

အသင်းသားချုပ်ကြီးကတော့ အလုပ်ပြုတ်လိုက် ပြန်ရလိုက်၊ တခါ ပြုတ်လိုက် ပြန်ရလိုက်၊ ပြန်ပြုတ်လိုက် ပြန်ရလိုက် ပြန်ပြုတ် ပြန်ရနဲ့ နောက်ဆုံးမှာ ပြန်ရလားမရလားမသေချာဘဲ ပြန်တော့မယ် (ပြည်တော်ကို) လို့ သိရပါတယ်။ ဘာမှန်းကို မသိဘဲ အလုပ်ရှုပ်နေတဲ့ ချုပ်ကြီး ပို့စ်မတင်နိုင်ဖြစ်နေသလို အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ မနွှဲနိုင်သော်လည်း ပြည်တော်ပြန်တဲ့အခါ အမှုရှောင်ဆီက စာအုပ်တွေကိုတော့ သွားငှားဖတ်မယ်လို့ ပြောနေပါတယ် (မှတ်ချက် - ပြန်ပေးမပေး မသေချာတဲ့အတွက် ဆင်ချင်နိုင်ဖို့ အမှုရှောင်အတွက် စကား လက်ဆောင်ပါ)

ဆည်ဝန်တယောက် ရန်ကုန်ရောက်နေပါတယ်။ အမှုရှောင်မွေးနေ့အထိမ်းအမှတ် ရန်ကုန်က ရှိသမျှ မြောင်း အားလုံး ဆည်နေကြောင်း သတင်းရရှိပါတယ်။ ရန်ကုန်ကလူတွေ မြောင်းပုတ်နံ့တထောင်းထောင်း ရနေတယ် ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ်သတင်း ကြားသိရပါတယ်။

မွေးရေဝန်ကတော့ အမှုရှောင်ရဲ့မွေးနေ့မှာကျွေးဖို့ ပုစွန်ဆိတ် ၂ ကောင်တိတိ ပို့ပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပုစွန်ဆိတ် ၂ ကောင်ဟာ ဒီသတင်းကြားကြားခြင်းပဲ ကိုယ့်ကိုယ်ကိုယ့် ရေနှစ်သတ်သေသွားလို့ မွေးဝန် အတော်လေး စိတ်ထိခိုက်နေပါတယ်။

အသင်းသားကေလာကတော့ အမှုရှောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တလလုံးလုံး ဂေဟာသန့်ရှင်းရေး လုပ်လိုက်တာမှာ တံမျက်စည်း ၃၅၈၂ ချောင်း ကျိုးသွားပါတယ်။ ကေလာမမကတော့ ပုဂံတွေ ဆေးတာ ပုဂံ အရေအတွက် ၂ သောင်းကျော်ကွဲသွားကြောင်း သတင်းရရှိပါတယ်။ အဲဒီ အကျိုးအကွဲတွေအတွက် ငတိနဲ့ ငှက်ကထတို့က အလုအယက် အကုန်ခံမယ်ဆိုပြီး ငြင်းရင်းရန်ဖြစ်ကြတာ (ဂျီတော့ကဖြစ်တာဆိုတော့) ငတိရဲ့ ကီးဘုတ်ကြီိး ပျက်စီးသွားတယ် လို့ သိရပါတယ်။

စာမျက်နှာ အခက်အခဲကြောင့် အားလုံးအကြောင်းမရေးနိုင်တာ (တကယ်တော့ လက်ညောင်းလို့ပါ) ခွင့်လွှတ်ပါ။

ဝန်ဂျီးဂျုပ်နဲ့ နာယကဂျီးတို့လည်း အမှုရှောင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ လိုအပ်သည်များကို မှာစားရာမှာ ၆၅၃ ဘတ် တိတိ ကုန်ကျသွားပြီး ဝန်ဂျီးဂျုပ်ဆီက ဥပဒေမူကြမ်း တစောင်ထွက်လာတာ မြင်တဲ့အတိုင်းပါပဲ။

ကိုင်း အားလုံးကိုယ်စား နာယကဂျီးက ဆုတောင်းပေးလိုက်မယ် လောင်းလဗ်စ် သည်ပေါစ်၊ လောင်းလဗ်စ် အမှုရှောင်။ ဘဲချောချောလေးရပါစေသားစ်။

မှတ်ချက် - မှတ်ချက်ရေးတာ အကျင့်ပါနေလို့ပါ။ :) နာယကဂျီးကတော့ ရေးလိုက်တာ စုံသွားတာပဲ ငတိတကောင်လဲ ဘာတွေ ရှုပ်မှန်းကို မသိလို့ နှစ်ရက်လောက် အသည်းအသန် မွေးနေ့ပွဲကို လုပ်ဖို့ကြိုးစားနေတာနဲ့ ငပေါမှာတောင် ဘာမှ မလုပ်နိုင် မွေးနေ့ လုပ်ပေးတဲ့ နာယကဂျီးကို ကျေးဇူး ကမ္ဘာလုံးပါ။ အခုလို အဖွဲ့သားတွေ ရင်းရင်းနှီးနှီး ရှိစေချင်တာ အားလုံးရဲ့ ဆန္ဒပါ။ ကျန် အဖွဲ့ဝင်များလဲ မွေးနေ့ရောက်ရင် အကြောင်းကြားပါဦးခင်ဗျာ လာရောက် မှာစားစရာလေး ရှိတာ မှာစားရအောင်လို့။ မွေးနေ့ပွဲ အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျလဲ ငတိတို့က မမှုပါဘူး။ အဖွဲ့သားတွေ အတွက်ပဲ လုပ်ပေးရမှာပေါ့။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပေါတောတော နေနိုင်ပါစေ ညီရေ။ ဂေဟာမှာလဲ ပိုစ့်ပေါင်းများစွာ ရေးသားနိုင်ပါစေဗျာ။

သဘာပတိ ဖိုးဂျယ်

8 comments:

NangNyi said...

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.. (ထူးအိမ်သင်အသံဖြင့်)

ကြက်ဥကြော်ကျွေးမယ် ကိုဗီ..
ရည်းစားနဲ့လာဂုဏ်ပြုမယ့် ပြန်ဝန်..
ကိုကိုငတိနဲ့ ယဉ်ကျေးမှုဝန်..
ငှက်ကထ.. သင်းသားချုပ်ကြီး..
ပို့စ်ချီးမြှင့်ပေးတဲ့ နာယာကကြီး..
မြောင်းဆည်ပေးတဲ့ ဆည်ဝန်..
ပုစွန်ပေးဖို့မအောင်မြင်လိုက်တဲ့မွေးဝန်
တံမျက်စည်းချိုးသူများ ပုဂံခွဲသူများ..
အားလုံး ကျေးဇူး အနန္တ.. အသင်္ချေ.. အသိန်း အသောင်း..
အာဘွား အခါ ၁ သောင်းပေးပါတယ်.. မွ မွ မွ မွ မွ မွ မွ.. အမလေး မောပြီ

ဖိုးဂျယ် said...

ဟေးးးးးး ငတိရှေ့ ဆုံးက လာ တာနော် :)
သိတယ်ဟုတ် :D
HaPpy BirThDaY ပါ ညီရေ
ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ

Anonymous said...

လောင်းလဗ်စ် နန်းညီ၊ လောင်းလဗ်စ် အမှုရှောင်။ ဘဲချောချောလေးရပါစေသားစ်။

Unknown said...

ဟက်ပီးဘက်ဒေး ညီမငေး ရေ...
အဲသဟာလေး ပြောချင်လွန်းလို့.. ဟိုးကဘာကဘေ ထဲက မဆောင်ထားတဲ့ အင်တာနက် ဖိုးတွေ အပြေးတစ်ပိုင်း ဆောင်ပီး လာအော်ရဒါ.. ခိုးသုံးကပ်သုံးစရာလဲ မရှိတော့ဘူး.. တစ်နေကုန် တစ်နေခမ်း ထိုင်ချက်လို့ရတဲ့..အလုပ်လဲ ပြုတ်ပီ..
ပြုတ်လိုက် ပြန်ရလိုက်နဲ့ ချာလပတ်ရမ်းနေတာက ခုတော့ပြန်ရပါဘီ.(ရွှေပြည်ကြီးကို..) .ဟိ..လေယဉ်လက်မှတ်တောင်
ဝ.ယ်ပီးပီ.. ဂေဟာက ဘယ်သူတွေလိုက်ကြအုံးမလဲ.. :P :P

ဗန်ပိုင်းယား said...

ဟတ်ပီး ဘတ်ဒေးပါ ....

ဝှိုက်ဝှိုက် said...

ဟက်ပီးဘတ်ဒေးပါ ... 3 ခါမြောက်ဆုတောင်းပေးတာ

Anonymous said...

Happy Birthday ပါ..
ဂေဟာ မှာ ရှိကြတဲ. လူဂျီးမြင်းများနှင်.တကွ အဖွဲဝင် သူ၊အဖွဲ.၀င်သားအဖွဲံ.၀င်သူ များအပါအ၀င်..လစဉ်လတိုင်း စုပြီး မွေးနေ.wish တွေ လုပ်ကြရရင် ကောင်းမလားမသိဘူးနော်..
တစ်နှစ်မှာ တစ်ခါသာ မွေးသော်သူများအတွက်သာ..
ဥပမာ..မှတ်ပုံတင်မှာ တမျိုး...pass port မှာတမျိုး...မွေးစာရင်းမှာ တမျိုး...ဂလို ဂလို ဂလို.
ဘယ်သူတွေ မတ်လ မှာ မွေးကြသေးလည်း ဗျို....
နောက်လ ဧပြီလ အတွက် စာရင်း ပေးနိုင်ကြပြီနော်..ဟီး
ကေလာမမ

ဗီလိန် said...

ကြက်က ခုမှ ဥတာ ဟိုဘက်ခြံက ငပုယူသွားဘီ။