ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, March 6, 2009

လျှောက်လွှာလက်ခံခြင်း (23)

အမည် .. .. .. မှတ်ပုံတင်ထဲမှာတော့ ပေါညီညီလို့ရေးထားတာပဲ

အသက် .. .. .. သီပေါမင်းထက်ငယ်ပါတယ်

အိမ်ထောင် .. .. .. အိမ်က မိန်းမပြန် မေးကြည့်လိုက်ဦးမယ်

ပညာအရည်အချင်း .. .. .. good ,, gooder ,, goodest

လက်ရှိအလုပ်အကိုင် .. .. .. လေရှုလမ်းလျှောက်

လိပ်စာ .. .. .. ရေစိုလို့ပျက်သွားပြီ

ထင်ရှားသည့်အမှတ်အသား .. .. .. နှဖူးတည့်တည့်တွင် ဘောပန်နှင့်အစက်ချထား

ဝါတနှာ .. .. .. မေးခွန်းထဲမှာတင်အဖြေပါသွားပြီ

လိုချင်သည့်ရာထူး .. .. .. အာကာသဆိုင်ရာ ၀န်ကြီးဌာန (ရှိခဲ့လျှင်)

လစာ .. .. .. ဘီဂိတ် ထက်များရင် ကျေနပ်သည် (ဒါတောင်မှတော်တော်လျှော့ပြောထားတာ)

ကျွှမ်းကျင်သည့်ပညာ .. .. .. အာကာသယဉ်မောင်းနှင်ခြင်း (ဂိမ်းထဲမှာ)
အလုပ်ခန့်လျှင် ဂြိုလ်များသို့လိုက်ပို့မည်။ ( ယဉ်မတော်တဆဖြစ်ပါက အရေးပေါ်လေထီးဆောင်ထားရန် ..)

အားနည်းချက် .. .. .. လမ်းလျှောက်ရင် ဘယ်တစ်လှမ်း ညာတစ်လှမ်းဖြစ်နေခြင်း

ကိုယ်ရေးရာဇ၀င် .. .. .. မရေးရသေးဘူး

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။
ငပေါဂေဟာသို့ ၀င်ချင်ရတဲ့ ရည်ရွယ်ချက်လေးကို ကော့မန့်တွင် ၀င်ရောက်ရေးသားပေးပါရန် ပေါညီညီ ခင်ဗျာ ရေးသားသော ရည်ရွယ်ကိုကြည့်၍ ဆုံးဖြတ်မှာ ဖြစ်လို့ပါ။ တစ်လကို အနည်းဆုံး ပေါပိုစ့် တစ်ပုဒ် ရေးသားရန် သဘောတူညီရပါမည်။


ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ
တကယ့် ငပေါထိပ်ခေါင်
ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ) 

5 comments:

Anonymous said...

အမ်.. အာကာသကိုပို့မယ်ဆိုတော့ ပို့ဆောင်ရေးရာထူးကို လာလုတာလားကွ... မရဘူးနော်...... မရဘူး......... ဟွင်း.. ဟွင်း.... လာဘ်ထိုးဖို့ စဉ်းစားထားနော်....... :)

Anonymous said...

ဒို.လည်း လိုက်မယ် ချန်မထားနဲ.
အာကာသယာဉ်ကြီး စီးလို.ကွယ်
တကယ် လိုက်ရမယ်ဆိုရင်တော.
ပိုးစိုးပက်စက် အပြည်.အဝ
ခေါက်ထံ( အဲ-ဟုတ်ပါဘူး)
ထောက်ခံ လိုက်ပါတယ်..
ကေလာမမ

aungnyinyi said...

ဟုတ်ကဲ့ထိုးပါ့မယ် .. လက် အဲ့လေ
လာဘ် ........

aungnyinyi said...

သဘာငတိကြီးမှ ဂေဟာသို့အလုပ်လျှောက်ရခြင်းရည်ရွှယ်ချက်ရေးရန်
မှုန့်ဟင်းခါး(မချိုဘူး) ကျွှေးပြီးတောင်းစို(နေလှန်းလိုက်)
သောကြောင့် ..(နားဒုတ်ခဆင်တော်မှုကြပါ)

သဘာငတိကြီး နှင့် တကွ ရှိရှိသမျှသောပေါဂေဟာမှ
ကြွရောက်လာသည့် သူများကို ဒီကနေ နှိပ်စက်လိုက်ပါကြောင်း ဦးစွာနောက်ဆုံး ပြောချင်ပါတယ် ..

ကျွှန်ုပ် ပေါညီညီ ဆိုသော ပေါချောင်ကောင်းလူချော
(ဟဲဟဲ ကြုံတုန်းကြွားထားမှ)သည် ပေါဂေဟာသို့
အလယ်လာရောက်(အလယ်ပဲတည့်တည့်ပဲ)
ရာတွင်ပေါတော်မှုသောပေါလူဂီးမြင်းများကိုတွေ့ရှိအားကျ
(အားကျတာမှ အားဆေးပါပြန်သွင်းလိုက်ရတယ်)ပြီ
ပေါဂေဟာတွင် ပေါလုပ်ငန်းများလုပ်ဆောင်ချင်စိတ်
ဖြစ်ပေါ်လာပါသောကြောင့်ရှောက်လွှာ(ချဉ်ချဉ်လေး)
တင်လိုက်၇ပါကြောင်း...

Anonymous said...

အမည်...ပေါကြောင်ကြောင်
အသက်...မသိ
အိမ်ထောင်...မသိသေး
်