ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, June 18, 2009

ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်။

ဇင်းမယ် တိရိစ္ဆာန်ရုံမှာ ပန်ဒါ တကောင် မွေးတယ်။ ဒီနေ့ (ဇွန် ၁၈ ရက်နေ့ သောကြာနေ့)မှာတော့ ပန်ဒါလေးက ၁၆ ရက်မြောက် မွေးနေ့ကို ကျင်းပနေလေရဲ့။ သိပ် ငယ်သေးတယ်။ ဒါပေမယ့် မကြာခင် စားလို့ ရတော့မယ်။ သွားပေါက်ပြီး အစာစားလို့ရတော့မှာကို ပြောတာပါ။ ပန်ဒါကိုတော့ ချက်စားလို့ ဘယ်ဖြစ်မလဲ။ ချက်စားလို့ကတော့ အင်မတန့် အင်မတန် ရာဇာဝတ်တော် ခံရမယ့်ကိစ္စဗျာ။ ရှားပါးပစ္စည်းထက်တောင် ရှားသေးတယ်။ ယိုးဒယားမှာ ဒီလို အဖြူအမည်းဝက်ဝံ မရှိ။ တရုတ်ပြည်ကနေ ၂ ကောင် ချေးငှားထားတာလေ။ ပြန်ပေးရမှာ။ ၁၀ နှစ်ပြည့်တာနဲ့ ပြန်ပို့ပေးရမှာ။ ဒီ ပန်ဒါပေါက်စလေးလည်း နောက် ၂ နှစ်အထိပဲ ဇင်းမယ်မှာ နေရမယ်။ ထပ်နေစေချင်ရင် တရုတ်အစိုးရကို ခွင့်တောင်းရမယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမှမဟုတ် ပန်ဒါသံခင်းတမန်ခင်းကို အကြောင်းပြုပြီး နောက်ထပ် ၁ နှစ်လောက်တော့ ရမယ် ထင်ပါရဲ့။ မိဘတွေလို ၁၀ နှစ်တော့ နေခွင့်ရမယ် မထင်။ ပန်ဒါပေါက်လေးကို ကြည့်ချင်ရင် တီဗီရှေ့မှာ ထိုင်စောင့်ကြည့်ပေတော့။ ဘာဖြစ်လို့လဲဆို ဇင်းမယ် တိရိစ္ဆာန်ရုံသွားလည်း ဒီကောင်လေးကို တီဗီထဲကတဆင့်ပဲ ကြည့်ရမယ်လေ။ အထီး အမ သိချင်လို့ သတင်းတွေ လိုက်ဖတ်ကြည့်တာ AFP သတင်းတခုမှာ female လို့ ဆိုထားရဲ့။ အဲဒီ ပန်ဒါလေးအတွက် နာမည် ပို့ပေးကြပါ။ အဲဒီနာမည် ကြိုက်ရင် ရွေးမယ်။ ဘတ်တသန်း ဆုချမယ် ဆိုပဲ။ အဲသလို ထိုင်းအာဏာပိုင်တွေက ကြေညာထားတယ်။ ဒါကြောင့် ဒီပို့စ် ခေါင်းစဉ်ကို “ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်” လို့ ပေးထားတာပေါ့။ ဘတ်တသန်း မြန်မာငွေ ဘယ်လောက်လဲ သိချင်ရန် ၃၁ နဲ့ မြှောက်။ နာမည်ပေးရမှာ ဒီနေ့ နောက်ဆုံးပဲ။ နက်ဖန်ဆို လက်မခံတော့ဘူး။ သြဂုတ် ၂ ရက်နေ့မှာ နာမည်ကို ကြေညာမယ် ဆိုပဲ။

ပန်ဒါလေးအတွက် အရွေးခံရတဲ့ နာမည်က ဘာများ ဖြစ်မလဲ၊ တူးတူးသာ၊ ကေသွယ်၊ ပန်ဒိုရာ ဆိုတဲ့ နာမည်တခုခု ဖြစ်လာမယ် ထင်ပါရဲ့း) အင်း - - မေငြိမ်း၊ ခင်မင်းဇော် စသဖြင့်လည်း ဖြစ်နိုင်တာပဲ။ တော်သေးပြီ။ :D

10 comments:

sait phay yar said...

အယ် ပိုက်ပိုက်ရမဲ့နည်းတစ်ခုတော့ ၀ိုင်းထောင်ဖို့အတွက် ထိပ်ထားနာမည်လေးပေးလိုက်မှထင်တယ်....

Anonymous said...

အမ လေး ဆိုရင်တော.
မမ လို.သာပေးလိုက်..
ဒီထက် နန်းဆန်ချင်ရင်တော..
မဖုရားလေးလို. ပေးလိုက်ရင်
ပိုက်ပိုက်ရနိုင်မယ်နဲ.တူတယ်..
ကေလာမမ

ဖိုးဂျယ် said...

ထောက်ခံပါတယ် ထောက်ခံပါတယ်
မဖုရားလေးလို့ ပေးပါ။

ဗန်ပိုင်းယား said...

မဖုရားလေးနော် .. ဖုရားမ လေး ဟုတ်ဘူး ရယ် .. ဟီး ... ဒါမှ မဟုတ် .. ထိပ်ထား လို့ ပေး .. ဟေဟေ့ ...

နန်းညီ said...

မယ်နန်းညီ ဆိုတာလေးက ပိုမလှဘူးလား..

ငှက်ကထ said...

မောင်အန်ဒီလို့ ပေးလို့မရဘူးပေါ့ :(

Anonymous said...

အယ်..အယ်...
အဲဒါလေးတော..ချမ်းသာပေးပါကွယ်..
ဒင်းက အမ တဲ...
ဘယ်နှယ်..မောင်အန်ဒီ ဖစ်ရမဒုံး
ငှက်ကထတို.က
လုပ်ချလိုက်ပြန်ပြီ

aungnyinyi said...

မအန်ဒီဆိုရင်ကော

sait phay yar said...

အင်း...အန်ဆိုတဲ့စကားလုံးနဲ့တင်သွားပီ...

pandora said...

ပန်ဒါ နဲ့ ပန်ဒိုရာက နီးစပ်တာပေါ့ :P