ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, June 26, 2009

သန်လျင်ချစ်ကြည်ရေးခရီးစဉ်

ငပေါအဖွဲ့သားများသိစေရန်
(အဖွဲ့သားများလို့သာ မကောင်းတတ်လို့သုံးနှုန်းတာ.. အမှန်က ရန်ကုန်ကလူတွေပဲ.. နိုင်ဂံဂျားကလူတွေ လိုက်လို့မရဘူး.. ခွိခွိ)

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်ငပေါအဖွဲ့သားများမှ နာယကကြီး၏ဒေသဖြစ်သည့် သန်လျင်မြို့သို့ အလည်အပတ်ခရီးအဖြစ် သွားရောက်မည်ဖြစ်ကြောင်းကို ရှေးဦးမဆွကပင် တင်ကြိုပြောကြားဖူးခဲ့ပြီးဖြစ်သည်..
(ထိုစဉ်ကတည်းက လိုက်မည် သွားမည်ဟု ငမ်းငမ်းတက်ပြောထားခဲ့သူများ ရှိသော်ညား ပြောချင်ရာပြော ပေါချင်ရာပေါတတ်သော အဖွဲ့သားများအကြောင်းကိုသိသဖြင့် ယခုတရားဝင်အကြောင်းပြန်ကြားပေးပါရန်)

ထို့ကြောင့် ယခု အစီစဉ်အသေးစိတ်ကို တင်သွင်းလိုက်သည်.. တစ်နေကုန်လည်ပတ်ပျော်ရွှင်ကြမည် ဖြစ်ပါသဖြင့် ရှိရှိသမျှသော အစီအစဉ်များကို ယခုကတည်းက ကြိုတင်ဖယ်ရှားနိုင်စေရန်အလို့ငှာ ကြို၍အကြောင်းကြားရခြင်းဖြစ်ပါသည်.. (တိတ်အလုပ်များကြတဲ့လူတွေချိုဒေါ့လေ.. တိဒယ်ဟုတ်) သေချာစွာစိစစ်ဖတ်ရှုပြီးသကာလ အဆင်မပြေမှုများရှိခဲ့ပါလျှင် ပြန်လည်ညှိနှိုင်းပေးမည်ဖြစ်ပါသဖြင့် ဂေဟာအမှုဆောင်နန်းညီနှင့် သဘာငတိဂျဲဂျယ်ထံ ပြန်၍ အကြောင်းကြားဆက်သွယ်ပေးပါရန်..

အလည်အပတ်သွားမည့်နေ့.. ၄-၇-၂၀၀၉ ၊ စနေနေ့

လည်ပတ်မည့်နေရာများ.. နာယကကြီး၏ အိမ်နှင့် အနီးအနားလည်ပတ်လို့ရမည့်နေရာမှန်သမျှ အကုန်..

အခြားအစီအစဉ်များ.. သောက်ခြင်း စားခြင်း ကစားခြင်း တစ်ယောက်နှင့်တစ်ယောက်ကျပ်ခြင်း ဖောက်ခြင်း သဘောကျရာအကုန်လုပ်ခွင့်ရှိသည်.. (အထူးအစီအစဉ်များပါမည် သို့သော် Top Secret.. မပြောပြသေးဘူး)

ကုန်ကျစရိတ် .. တစ်ဦးလျှင် မြန်မာငွေကျပ် ၇၀၀၀ တိတိ (ကားခ၊ စားခ၊ သောက်ခ အပြီးအစီး )

ကားထွက်မည့်နေရာနှင့် ပတ်သက်၍မူ ယခုလောလောဆယ် အကြမ်းဖျင်းစီစဉ်ထားသည်မှာ -
စုရပ်(၁)... တာမွေ၊ တာမွေပလာဇာရှေ့တွင် နံနက် ၉း၀၀ နာရီ
စုရပ်(၂)... သန်လျင်တံတားအတက် (တိုင်းရင်းသားကျေးရွာလမ်းခွဲထိပ်) တွင် နံနက် ၉း၃၀ နာရီ
(စုရပ်ကိစ္စအဆင်မပြေမှုများရှိလျှင် ပြောပါ..)

ယခုမေးလ်ကိုရသည်နှင့် လိုက်ပါမည် မလိုက်ပါမည်ကို အတည်ပြုဖြေကြားပေးစေလိုပါသည်.. ကားငှားရန်နှင့် အစားအသောက်ကိစ္စများမှာ ကြိုတင်စီစဉ်ရမည်ဖြစ်ပါသဖြင့် လိုက်ပါမည်သေချာပါက ငွေကြိုတင်ကောက်ခံပါမည်.. (ဘန်ဒါရေးဝံဂျီးတော့ရှိဘူး.. ရှိတဲ့လူထံအပ်ရမှာပဲ.. တတ်နိုင်ပါဘူးလေ)

အမြန်ဆုံးအကြောင်းပြန်မည် မျှော်လင့်ပါသည်..
ကျေးဇူးတင်ပါသည်..

-သန်လျင်ခရီးစဉ်ဖြစ်မြောက်ရေးကော်မတီ

16 comments:

tututha said...

ငှက်ကထက မြေပုံတဲ့ မြေကြီးကိုပုံပေးလိုက်မယ် ဟွန့် :(

ဗန်ပိုင်းယား said...

၎ x ၆ မြေကွက်ပေးလိုက် ... ဟိ ....

ဗီလိန် said...

ဒီလိုတော့ ဘယ်ရမလဲ။ အချက် ၂ ချက်တင်ပြမယ်။
၁။ စုရပ်ကို စင်္ကာပူမှာ လုပ်ပေးပါ။
၂။ ယာယီဘန်ဒါမှူးတာဝန်ကို တွင်းတူးက ကိုယ်ဘာသာကိုယ် ယူထားတစ်နှစ်တောင် ပြည့်တော့မယ်။ ဒါတောင်မသိဘူးလား။ ဒါကြောင့် ထည့်ဝင်ငွေအားလုံး တွင်းတူးကို အပ်ကြပါ။ တွင်းတူးအိမ်ဝယ်ဖို့ ပိုက်ဆံ လိုနေဒယ်။ ဒါဗဲ။ :P :P :P

ဗန်ပိုင်းယား said...

ကေလာ ဘဏ္ဌာရေးမှူး လုပ်မယ်. . ကေလာစာရင်းကိုင်တတ်တယ် .. .. ဟိ .. ဂွင်ပဲ .... စတယ်ဖီကိတ် ပြရမလား ...ဟွင်းဟွင်းဟွင်း ...

ဖိုးဂျယ် said...

အမလေး ဘန်နာရေးမှုးတွေများလိုက်တာ ငတိလဲ စလုံးမှာ ကျောင်းတက်ထားတာပါနော်
လုပ်လို့ရတယ်။ ဟွင်း ဟွင်း

Anonymous said...

အား..
ဖိုင်နယ်ရှယ် ကွန်ထရို မမ တစ်ကောင်လုံး
မေ.နေကြလားလို...
စင်္ကာပူကလည်း နေ...ဘန်ကောက်ကလည်းနေ
မမ ဘဲ ဝေတောမယ်လေ..
ဖြစ်တယ်ဆိုရင် လက်ညျိုးထောင်..
ကေလာမမ

aungnyinyi said...

paw nyi

tar tar lal lite mal ..

မောင်ရင်ညို said...

အင်း လိုက်မှာနော်

Anonymous said...

U.S' လွတ်လပ်ရေးနေ.က
ဂေဟာအဖွဲ.သူ အဖွဲ.သားတွေ
ကဲ မယ်.နေပါကလား
အိုဗားမားကို လုံခြုံရေး တာဝန်ယူခိုင်းရမယ်.
လူကြီးမင်း နဲ.မတိုးရင်
ဖုံးပြောကြမယ်နော်
ကေလာမမ

အမှုရှောင်နန်းညီ said...

လိုက်မယ့်သူစာရင်းပေးပါဆို.. ဘန်ဒါရေးမူးလုပ်မယ့်စာရင်းတွေချည်းပဲ ပေးနေကြတယ်.. ငါနော်

ငှက်ကထ said...

ငှက်ကထဆိုတော့ ဘန်ဒါရောငွေကော အကုန်ကိုင်ထားရမှာပေါ့ ဟုတ်ဘူးလား...???

ဗန်ပိုင်းယား said...

နာရကဂျီးအိမ်သွားမည် ဖြစ်သဖြင့် ဘန်ဒါငွေကို နာရကဂျီး ရှိရာ ဘန်ကောက်တွေ ထားရန် .. နှင့် .... ဘန်ကောက်တွင် သောက်ပွဲကျင်းပရန် .. အဆိုတင်သွင်းပါတီ ခင်ဂျား ................... .. ဟီဟိ .. ဂွင်ပဲ ...

sait phay yar said...

ထောက်ခံပါတယ်...

aungnyinyi said...

ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့မိုးမရွှာရင်ပီင်္းတာပဲ

Anonymous said...

ဖြစ်နိုင်တယ်ဆိုရင်
ခရိးစဉ်ကို ရက်အကန်.အသတ်
ရွေ.ထားရင် ကောင်းမယ်လို.ထင်တယ်..
ဖလူးနေတဲ.အချိန်ကြီး ခရိးသွားကြမယ်ဆိုလို..
သိပ်မကောင်းဘူးလားလို.ပါ
အကြံပေးအရာရှိ က မအားလို.တဲ.
ပြောလိုက်ပါဆိုလို.ပါ
ကေလာမမ

NangNyi said...

ဖလူးက ကြာရင်ဒီထက်ပိုဆိုးမှာ ခုသိပ်မဆိုးတုန်းပဲ ဒိုးကြရအောင်ပါး)