ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, June 11, 2009

ငတိကြိုဆိုပွဲ

အစ်ကိုတော်ငတိတစ်ယောက် ပြန်လာမယ်ဆိုကတည်းက အမှုရှောင်နန်းညီလေးတစ်ကောင် ရွစိရွစိနဲ့ပျော်နေသည်မှာ အတော်ကြာ.. အဲ့သဟာနဲ့ ပြန်ရောက်တော်မူလာသော စနေနေ့မှာ သူပေးထားသော ဖုန်းနံပါတ်ကို အားရဝမ်းသာဆက်ရရှာ.. သို့သော် သို့သော်.. ငတိနေသော ရပ်ကွက်မဟာကြီးက အင်မတန်တိုးတက်ကောင်းမွန်သောဆက်သွယ်ရေးစနစ်ကြောင့် “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ဘလာ ဘလာ ဘလာ” ပေါ့လေ.. ဖုန်းကို အခါတစ်ရာမက နှိပ်ပါလွန်းမှ တစ်ချက်ကလေးဝင်သွားပြီး နောက်နေ့မှာ အားလုံးတွေ့ဆုံကြပါမည့်အကြောင်း ချိန်းဆိုလိုက်နိုင်လေသည်.. (Tempo အမြင့် တီးလုံးကိုတီး)

အဲဂလိုနဲ့ပေါ့လေ.. နောက်နေ့တနင်္ဂနွေနေ့မှာ အိမ်လမ်းထိပ်ကို သူလာခေါ်မည်ဆိုသဖြင့် စောင့်စားနေတော့သည်ပေါ့.. အမှုရှောင်၏ မိခင်ဖြစ်သူမှာ သူသွားစရာရှိရာနေရာနှင့် လမ်းကြုံသဖြင့် လမ်းထိပ်ကိုလိုက်ပို့ရင်း မွေးစားသားတော်မောင်ကို မြင်ဖူးချင်စိတ်ဖြင့် ဟိုတစ်ယောက်တွေ့ “ဟိုဟာလား” ဒီတစ်ယောက်မြင် “ဒီဟာလား”နဲ့ မေးနေသဖြင့် “အဲလိုပုံစံတွေ မဟုတ်ဘူး.. hip hop ပုံကိုရှာ.. hip hop” လို့ပြောထားရသေးသည်.. ခဏမျှသာစောင့်ရသည်.. ဟော- လာပါပြီဗျာ.. ကျွန်ုပ်တို့ သဘာငတိကြီး..

အလို- ရှုလော့.. ငတိဝတ်လာစားလာပုံကို..
ဆံပင်ကေက တိုနံ့နံ့ ကြွက်ကိုက်ကေ.. (ဒါကတော့ ဓာတ်ပုံတွေထဲမှာမြင်ဖူးနေကြပါပဲ..)
မိုးတွင်းထွက်စနေမှာ စူးရှသဖြင့် နေကာမျက်မှန်ကပါသေး..
လည်ကတုံးအဖြူနှင့် ပုဆိုးကပလေကပ်အပြာရောင်.. (အဝတ်တွေအကုန် လျှော်ထားသဖြင့် ဝတ်စရာမရှိသောကြောင့်ဟုပြောသည်)
ကတ္တီပါဖိနပ်မီးခိုးရောင်.. လက်ထဲမှာက လူကြုံပေးရမည့် အထုပ်တွေအပိုးတွေက တပုံတပင်နှင့်..

အမှုရှောင်၏ မိခင်က တံတောင်နှင့်တွက်ကာ “နင်ပြောတော့ HipHop ဆို”..
အဲလေ.. အဲဒါတွေထားလိုက်ပါတော့.. အဲလိုနဲ့ တွေ့ကြပြီး ကျန်ဂေဟာအဖွဲ့ဝင်များနှင့် ချိန်းဆိုထားရာ ဒဂုံစင်တာတော်ကြီးကို သွားကြလေသတည်းပေါ့.. ဒဂုံစင်တာအဝင်မှာက သိတော်မူကြသည့်အတိုင်း ရှိသမျှအထုပ်တွေကို စစ်ချင်ယောင်ဆောင်.. အဲအဲ.. စေ့စေ့စပ်စပ် စစ်ဆေးသည့်ထုံးစံရှိသည့်အလျောက် ငတိပါလာသော လူကြုံပေးရမည့် အထုပ်အပိုးကြီးငယ် အသွယ်သွယ်ကို ဖွင့်ကြ စစ်ကြ ထုတ်ကြ.. ဝတ်ပုံစားပုံထူးခြားနေသဖြင့် မနည်းကို အကဲခတ်ကြည့်ရနှင့် အတော်လေး ရှုပ်သွားကြလေသပေါ့ကွယ်...

အဲသည့်နေ့က ထောက်လှမ်းရေးချုပ်ဦးမိုးသား.. အသင်းသားချုပ်ကြီးဒေါ်ခေါင်.. ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးပေါညီ.. အယ်ဒီတာချုပ်တို့နဲ့ တွေ့ဆုံဖြစ်ခဲ့ကြပါသည်.. (ဧည့်သည်တော်အနေဖြင့်ပါဝင်သူများလည်း ရှိပါသည်.. မဒမ်လောင်းတွေ အမျိုးသားလောင်းတွေပေါ့လေ.. ဘယ်သူတွေမှာ ပါတာလဲတော့ ပြောတော့ဘူး.. တော်ကြာ ဆင်ဆာအဖွဲ့က ဒီပို့စ်ပေးမတင်ပဲနေဦးမယ်).. ငှက္ကဌကြီးဦးအန်ဒီမှာ အကြိမ်ကြိမ်ဖုန်းဆက်ချိန်းဆိုပါသော်ညား... အလုပ်အင်မတန်များနေသောကြောင့်မလာနိုင်ခဲ့ပါ ..(အလုပ်များတယ်ဆိုတာ သူပြောတာပဲ.. ဟုတ်မဟုတ်တော့မသိ)..

ငတိက ပြောကြားခဲ့သော အမှာစကားမှာ - ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာ ပဏာမတွေ့ဆုံခြင်းသာဖြစ်ကြောင်း.. နောက်တစ်ခါမှ သေချာပြန်လည်ချိန်းဆိုပြီး ရန်ကုန်ရှိလူစုံတက်စုံ ဆွေးနွေးကြပါမည့်အကြောင်းနှင့် နာယကကြီးအမှာတော်ရှိထားသည့်အတိုင်း မြို့ပြင်တစ်နေရာသို့ သွားရောက်မည်ဖြစ်သဖြင့် နောက်တကြိမ်တွင်တော့ အားလုံးမပျက်မကွက်တက်ရောက်စေလိုကြောင်း.. ဂေဟာတွင်းဘတ်ဂျက်အခြေအနေမကောင်းပါက ငတိကိုယ်တိုင် စိုက်ထုတ်စပွန်ဆာပေးမည့်အကြောင်းများကို ပြောကြားသွားခဲ့ပါသည်.. ထို့နောက် လိုအပ်သည်များကို မှာစား၍ ထောက်ခံစရာများကို ထောက်ခံ၍ အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်ရှင့်..

10 comments:

Anonymous said...

မြန်မာပြည်ရောက်တော..မြန်မာလို ဖောရှိုးလုပ်ကြည်.တာ နေမှာပါ..
ဟဲ..ဒိကောင်လေးကြည်.စမ်း..နိုင်၈ံချားက ပြန်လာပြီး မဟော.ပေါ.ဘူးဆိုပြီး အမှတ်များပေးမလားလို. လုပ်ကြည်.တာနေမှာပေါ.လို..နောက်တစ်ခါ ဆုံရင်
ဓါတ်ပုံရိုက်ဘို.မမေ.နဲ.နော်..

ဗန်ပိုင်းယား said...

ပုံလည်း ပါဘူး . ဖွက်ထားတာ ဖြစ်မယ် ..

tututha said...

နာယကဂျီး၏ အပေါင်းအပါများ ခေါင်းကြိမ်းမည်။ ခေါင်းပေါ် မျောက်တက်ဆော့ကိန်းရှိသည် သတိ

နန်းညီ said...

ပုံက ဖွက်ထားတာမဟုတ်.. မရိုက်လာရတာပါ..း(

Unknown said...

ရိုက်တော့ရိုက်တယ် ခြင် ...

sait phay yar said...

အလောင်းတွေပါတယ်.. ကဲ ကြိုမပြောဘူး ပန်းစီးလေးပို့လိုက်ပါရဲ့...

ဇော်ထက် said...

Hip hopper ဆိုလို့ Rapper ၀တ်စုံနဲ့လာမလား
မှတ်တယ်။ လာတော့တိုက်ပုံနဲ့လည်ကတုံးနဲ့အဟဲ။။။
ဘုရားကလာသလားမှတ်ရတယ်။ မြန်မာပြည်မှာမိုးသည်း
ရင် Style ပျက်မည်စိုးသောကြောင့်ဟုဆင်ခြေပေးပါ
တယ်။ ကျွန်တော်ထင်တာက ရပ်ကွက်လူတွေ Rapper
ဝတ်စုံနဲ့ဆိုလန့်သွားမှာစိုးလို့ဖြစ်မယ်ထင်တယ်။
ငှဲငှဲ........

Andy said...

ဒီရက်ပါက Fourth-Generation ရက်ပါနေမပေါ့။

နန်းညီ said...

ကိုဇော်ထက်ပြောတာ ထောက်ခံပါတယ်..

ဖိုးဂျယ် said...

အရမ်းသန့်ပြီး ခန့်နေမှာ ဆိုးလို့ မ၀တ်လာတာပါ။
ဖုန်းကိုလဲ လူကြီးဆိုတဲ့ မိန်းမကို အပိုင်စားပေးထားကြောင်း