ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, June 30, 2009

သံရုံးဖွင့်မည်ဖြစ်ကြောင်း အသိပေးကြော်ငြာခြင်း

ပေါကူးသန်းဝံဂျီး ပေါညီသည် ပေါဂေဟာ နိုင်ငံခြားဆက်ဆံရေး တိုးတက်စေ၇န် USA (ဦးစမဟုတ်) နိုင်ငံတွင် သံရုံးဖွင့်လှစ်ရန်ပါမစ် တောင်းဆိုလိုက်ပါကြောင်း

သံရုံးနေရာ - LA (လမဟုတ်) တွင် လက်ရှိ လေလံပစ်ထားသော မိုက်ကယ်ကြက်ဆင်၏ ''Never land'' (မြန်မာလို - ဘယ်တော့မှ ကုန်းမြေ)

၎င်းနေရာဝယ်ရခြင်းရည်ရွှယ်ချက် - ပေါဂေဟာမှ လူဂျီးများ အားလပ်ရက် ခရီးထွက်ပါက နေရာကောင်းကောင်းနှင့် အပန်းဖြေစေရန်
ကစားကွင်းများရှိသဖြင့် အသက် ၄၀ ကျော်ကလေးများ အတွက်လည်း အဆင်ပြေစေရန် (ဥပမာ - ဇင်ဇင် ၊ ကေလာ ၊ ကေလာမမ ၊ ခေါင်ခေါင် ၊နန်းညီ ..etc .. ) မှတ်ချက် - ပေါညီ မပါ။

ထိုသို့သော ရည်ရွယ်ချက်ကောင်းများဖြင့် သံရုံးနေရာရရန် ကြိုးစားလျှက်ရှိသော (ဟီး .. ပြောလို့ကောင်းလိုက်တာ .... အမှန်တော့ ပွဲစားငှားထားတာ) ပေါညီအား လိုအပ်သလောက် ထောက်ပံ့ပေးပါရန် အောက်ပါတို့ကို တောင်းဆိုလိုက်ပါကြောင်း ......

ပေါဂေဟာမှ လေလံဆွဲမည်ဖြစ်ပါသောကြောင့် တစ်ယောက်ကို ဒေါ်လာ ၁၀သန်းစီ ထည့်ဝင်လှုဒါန်းကြရန် (ဒီလောက်ကတော့ ပါးပါးလေးပါ ဖဲရှုံးသလောက်ပဲရှိတာ) အိမ်ပြန်ပြင်ရမည်ဖြစ်ပါသောကြောင့် ပေါဂေဟာမှ လုပ်အားပေးကြရန် (လေယာဉ်စင်းလုံး ငှားပေးမည်) မြက်ရိတ်ရမည် ၊ ဆေးသုတ်ရမည်၊ (မှတ်ချက် ။ ။ မြက်ရိတ်ဓါး Second hand လိုက်ရှာပေးနေပါသည်။)

၎င်းတို့ကို လက်ခံပါက ၀ိုင်းဝန်းထောက်ခံပေးပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျား .... !@#$%^&*

မထောက်ခံပါက ဂေဟာတွင်းဖဲရိုက်ခွင့် ပါမစ် တစ်သက်တစ်ကျွန်းပိတ်မည် ဖြစ်ပါကြောင်း .... ဂေဟာလူအများမြင်နိုင်မည့် ကုတင်အပေါ်တည့်တည့် မျက်နှာကြက်ပေါ်တွင် စာလုံးကြီးကြီး ရေးထားပါကြောင်း ....

ပေါညီ လက်မှတ်ရေးထိုးမှာစားသည်။

လက်မှတ်

7 comments:

sait phay yar said...

ကစားကွင်းထဲပေါညီလာလို့ကတော့ ရိုက်ထုတ်မယ်
ဒါဘဲ....

အောင်ဒီကန် said...

ကူးသန်းရောင်းဝယ်ရေးက နိုင်ဂျံငါးရေးဋ္ဌာနကိုပါကိုင်နေတာလား။ ငှက်ကထလဲ မသိလိုက်ပါလားဟေ...။

Smart Cookie said...

သံပါးစပ်ကြီးလုပ်ခြင်ပါတယ်

:P said...

အခွံ (အခွန်မဟုတ်) ကောက်မှာလား...။

ဗန်ပိုင်းယား said...

အိပ်ရာတည့်တည့်များ ကပ်ရတယ်လို့ .. နေရာ တော်တော် ရှား .... ၁၀ သန်း ထည့်ပါတယ် ... ၁၀ ဂျပိုးပါ အပို ထည့်ပါတယ် ... အေးဆေးပဲ အကောက် ပြန်ရမှာ ... ဟိ

Anonymous said...

အဲဒါကြောင်.ပြောတာ
ှုငှက်ကထ တို. ရုံးမှန်မှန်တက်ပါလို.
ပူးတွဲံ ပူးတွဲနဲ. ကုလားထိုင်တွေ ဆွဲနေကြတာ..
သဘောပေါက်
အွန်း
ဘယ်နှယ်. ဂေဟာဝိုင်းက ပါလာတာလဲလို.
အသာလုပ်ပါဆရာရဲ..
P.S.အတွင်းရန်ရှိသည်။ပါမစ် ကိစ္စ စဉ်းစားရန်၊
ကေလာမမ

sait phay yar said...

ရုံးမှန်မှန်တက် ပိုက်ပိုက်မခက်လေ နော် ... ဟာ...