ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, June 16, 2009

ငါတို့ဟာ ငပေါများ ဖြစ်တယ်.....


ငါတို့ကလူတွေ လိုတာထက်ပိုပြီး နားလည်တဲ့လူတွေ၊ ငါတို့မှာ မတူညီတဲ
အိပ်မက်တွေ၊အသက်အရွယ်တွေ ရှိတယ်။ဒါပေမယ့် ငါတို့အယောက်စီတိုင်းမှာ
ခံစားတတ်တဲ့ နှလုံးသားတွေရှိတယ်။ မင်းသိပါတယ် ငါတို့ကခံစားမူုကိုအလေးထားတဲ့လူတွေလေ။
ငါတို့ရဲ့ ကြားမှာ နေရာတွေ အချိန်တွေ
ခြားချင်ခြားနေမယ်၊ ဒါပေမယ့် ငါတို့ဟာ တပေါင်းတစည်းထဲရှိတယ်လေ။

တစ်ဆယ့်လေးရက် ဂျွန်လ နှစ်ထောင့်ကိုး

ငါတို့ အားလုံးအတွက် အမှတ်တရ
ဘဝမှာ တစ်ခါဘူးမှ ဒီလောက်မပျော်ဖူးဘူး။ ငါ့နားမှာ ရှိတဲ့လူတွေ
ငါတစ်ခါမှမမြင်ဖူးတဲ့ ငါ့မောင်နှမတွေ ၊ ကျေနပ်စရာကောင်းလိုက်တာ
ကြည်နူးစရာကောင်းလိုက်တာလေ။ဒါပေမယ့်ငါတို့ပျော်နေတုံး
အသည်းအသန်ဖြစ်နေတဲ့ အမ ဇင်ဇင် အတွက် စိတ်မကောင်းဘူး၊
နောက်တစ်ယောက်က မတူး၊အဆင်ပြေပါစေဗျာ လို့ဆုတောင်းပေးရုံမှတစ်ပါး အခြားခြားသော
အရာများကိုမလုပ်ပေးနိုင်တဲ့အတွက်စိတ်မကောင်းဘူး။
အားလုံးကိုယ်စီမှာ အပြုံးကိုယ်စီနဲ့ ။ ငါတို့ ငပေါတွေမှာလည်းအပြုံး ကိုယ်စီနဲ့။ ပြောချင်ရာပြောပီးဖောချင်ရာဖောနေခဲ့ကြ။ ငါတို့က တစ်ယောက်ထဲရှိလည်း
ပေါတယ်။လူစုံတော့ ပိုပေါတယ်။ထင်တောင်မထင်ဘူး။ အားလုံးက
ငါ့ထက်ပေါတယ်။ဒီကြားထဲ ငတိ နဲ့ ကိုမိုးသား
ကရာထူးအပြောင်းအလည်းလုပ်ချင်တယ်ဆိုလို့ မူးမူးနဲ့အတင်းကန့်ကွက် ရသေးတယ်။
မတော် လယ်ရာကနေ ပြန်စားလို့မရမှာတောင် ကြောက်ရသေးတယ်လေ။ ဒီကြားထဲ
ဟိုမယ်မယ်ခေါင်က သူ့ရဲ့ ကင်မရာ နဲ့တဖတ်ဖတ် ရိုက်ရုံနဲ့တင် အားမရပဲ သူရဲ့
လက်ဝါး အကြီးကြီး နဲ့တဖောင်းဖောင်းရိုက် သေးရဲ့ဗျာ ။
ကျွန်တော်လိုအတွင်းအားကောင်းတဲ့လူမို့ပေါ့၊ တော်ရုံလူဆို အဲ့နားတင်
လဲသေတယ်။ ငတိနား လည်းမကပ်ရဲဘူး ၊သူမျက်နှာက ပေါက်ကာနီး ဗျောက်အိုးလိုပဲ
ရဲတွတ်လို့ ၊မတော်ကိုရ် သွားထိုင်ကာမှ ထပေါက်နေရင် ဒွတ်ခ ၊ဒါပေမယ့်
သူကမပေါက်ပဲ ကိုဂျူးမြစ် နဲ့ ကိုမိုးသား ကသွားပေါက်လေရဲ့ဗျာ။မယ်မယ်ခေါင်က
သားတို့ကို လူမိုက်ငှါးနေသေးတယ်။

ဟားဟား
ဒါမျိုးတော့ဘယ်ရလိမ့်မလဲဗျာ၊
ရတုရင်ညို ဆိုတဲ့ကောင်က ခေါင့်အတွက်ဆိုရင် နတ်ပြည်တောင် မီးရှို့သင့်ရှို့
မှာ ဒါပေမယ့် နေ့စားကလေးတော့ ပုံမှန်ရှင်းပေးနော် .....နော်လို့
။ဒီလိုနဲ့ အကုန်လုံးစကားပြော ကောင်းတဲ့ အချိန်ကိုလည်းရောက်ရော
ပြန်ရတော့မယ်တဲ့။ ငပေါတွေအားလုံးက တစ်ကားထဲစီး ၊တစ်ပုလင်းထဲ
သောက်တွေခုမှဖစ်တွားတာ။(မူးနေပြီ ဖစ်ပါသောကြောင့်
စကားများမပီတော့ပါ)ကားပေါ်ရောက်တော့ အရင်ဆုံး တိုတေတာ တို တသိယ တွားရော
။တူနဲ့က နရူး ယီးရားနေ့ ကတစ်ခါသောက်ပီး နောက်ထပ်မသောက် ဖစ်တော့ဝူးလေ။
အော်တူနဲ့ သောက်တယ်ဆိုတာ ဂျီတော့ ဖွင့်ပီး သောက်ကြတာလေ။ဒီလိုနဲ့
ကိုယ်စီကိုယ်စီ အိမ်ပြန်ရောက်တော့ မှ ရတုရင်ညို တစ်ယောက် သေမလောက်
ဖြစ်ပါလေရော။ ဘာဖြစ်ရမှာလည်း အန်တာလေအန်တာ အစာအိမ် ရှိတာကိုမေ့ပီး
အများကြီးကစ်လိုက်တာကိုး။
အင်းမ်...ပြီးတော့လေ
ဟိုဟာလေ ဘာလည်းဆိုတော့ တော်ပြီလို့ ။ဆွေးနွေးစရာလေးတွေရှိသေးလို့။
ဘယ်သူနဲ့လည်းဆိုတော့ ကိုးမြို့ရှင်နဲ့လေ။ ဟုတ်တာပေါ့
ကိုးခရိုင်စိမ်းလန်းစိုပြေရေး အတွက်ပါ။
အော်.......ကိုးမြို့ရှင်ကဘာများကြိုက်တတ်သလဲ ခင်ဗျာ.......။
သိတဲ့လူများပြောပြကြပါဗျာ ........

10 comments:

ဗန်ပိုင်းယား said...

ကတောက် .. သောက်ပီးမှ တတိရတယ် .. သောက်နေတုန်း တိရပါလား ... ဟွန်း .........

sait phay yar said...

ဇင်ဇင်နဲ့မတူးကို မသောက်ခင်လေးမှာ သတိရတယ်။ ကေလာကိုသောက်ပီးမှသတိရတယ်။ အင်း.... ဘာကွာလည်းဟင်...

Unknown said...

ပေါညီ
သောက်နေတုန်းတော့ ကိုယ့်ခွက်ကိုယ်အရက်ရှိသေးမှန်း
သတိရပါတယ် .. ။

ဖိုးဂျယ် said...

ထောက်ခံပါတယ် ထောက်ခံပါတယ်

တားတို့ ပေါ ပါတယ်

အမှုရောင်နန်းညီ said...

ကတောက် !! မျက်နှာလိုက်ပုံများ.. သူ့ကို ပိုပိုသာသာတွေထည့်ထည့်ပေးနေတဲ့ မာကာကျတော့ မေ့ကျန်ခဲ့တယ်.. ဟွန်း

မောင်ရင်ညို said...

အော် အင်
ကိုနန်းညီ မွှားလို့ မွှားလို့ 
မနန်းညီ ......
နောက် တခါကျမှပိုပိုသာသာလေးရေးပေးမယ်
နောက် တခါလည်းပိုပိုသာသာလေး
ထည့်ပေးနော်..............

မောင်ရင်ညို said...

တခါတည်းစရံသတ်ထားတာ
ဟဲဟဲ

Anonymous said...

အွန်း...
များကိုကျတော. ဘယ်သူ.မှ သတိမရကြဘူး
စ လုံးဆိုတဲ.တိုင်းပြည်ကြီးက ပြန်လာတာမှ အားမနာ၊
ဘယ်က အလေနတ်တော အစုတ်ပလုတ်ဖုံး ကောက်ကိုင်ထားးလည်းမသိ...ခေါ်လိုက်ရတဲ.ဖုံး တစ်ချက်လေးမှ မရဘူး..
ရေလည်ပေါက်ကွဲ ကြေကွဲ အသဲကွဲနေကြောင်း၊
ကေလာမမ

မိုးသား said...

အေးကွယ်..ငါ့အကြောင်းတွေ မကောင်းရေးထားတယ် ..ကြားတယ်.. အင်း.. ကျေးဇူးရှင်ကို ပစ်မှားကြမယ်ပေါ့...
ငှင်းငှင်း

tututha said...

ငါတို့ဟာ ငပေါတွေဖြစ်တယ် .. ဒီတော့ အစွမ်းကုန် ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ ပေါကြမယ် .. ဂေဟာအတွက်ဆို အရိုးပင်ကြေကြေ အရည်ပင်ခမ်းခမ်း .. သူများအသက်ပင်သေသေ (ကိုယ်တော့သေလို့ မဖြစ်သေးဘူး) ပေါကြပါ ..။ ငပေါဂေဟာ အစွမ်း ကမ္ဘာကိုလွှမ်းစေရမည် ..။ ရုပ်တည်ဂိုဏ်းကို ခြေမှုန်းကြ ..။ Long live the Paws