ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, August 18, 2009

ဂေဟာတွင်း မူကြို သင်တန်းအတွက် ဝန်ထမ်းသစ်ခေါ်ယူခြင်း

ယခုအချိန်အခါသည် အိုမင်းရင့်ရော်နေပြီဖြစ်သည့် ခေတ်ဆွေးငပေါကြီး နာယကကြီးသည် ရန်ကုန်အခြေစိုက် ငပေါများဂေဟာရုံးချုပ်မှ မူကြိုကလေးများကို ထိန်းသိမ်းခြင်း၊ ဆုံးမသြဝါဒ မှာကြားခြင်း၊ အရေးပေါ် မိန့်ခွန်း မွက်ကြားခြင်း၊ တချက်လွှတ် အမိန့်ထုတ်ပြန်ခြင်း၊ မကြာခင် ထွက်ပေါ်လာနိုင်သေးသည့် ၂ချက် မလွတ်တလွတ် အမိန့် ထုတ်ပြန်ခြင်း စသည့် ထိုထိုသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်း၌ ပင်ပန်း ချိနဲ့နေပြီ ဖြစ်ပါသဖြင့်။ လက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ခြေထောက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ဒုတိယ မူကြိုဆရာမဖြစ်စေ၊ ပထမ နှစ်ပိုင်းတစ်ပိုင်း မူကြိုဆရာမဖြစ်စေ၊ တွဲဖက် မူကြိုဆရာမ ဖြစ်စေ၊ တွဲချင်တွဲမတွဲချင်နေဖတ် မူကြိုဆရာမ ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ်မှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးအရာရှိ ဖြစ်စေ၊ အရေးပေါ် လိုအပ်နေပါသဖြင့် နာယကဂျီး၏ ကိုယ်ရေးအရာရှိ သော်လည်းကောင်း၊ ကိုယ်ဖတ်အရာရှိ သော်လည်းကောင်း၊ ကိုယ်တိုက်ပင်းအရာရှိ သော်လည်းကောင်း၊ မူကြိုသင်တန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ လျှောက်လွှာတင်လိုသော ပေါအဆင့် ဂရိတ် အက်စ် အောင်မြင်ထားသော မူကြို ဆရာမ တစ်ဦး အလိုရှိသည်။ အသေးစိတ်အချက်များကို အောက်တွင်ဖော်ပြထားသည်။

၁။ ပေါအဆင့် ဂရိတ် အက်စ် (Great S) အောင်မြင်ပြီး
၂။ ပြည်တွင်း ပြည်ပ ပေါသက် အနည်းဆုံး နှစ် ၃၀။
၃။ အသက် ၁၈ မှ ၂၅ အတွင်း အိမ်ထောင်မရှိသူ၊ အိမ်ထောင် မပြုဖူးသူ၊ ရည်းစားမရှိသူ၊ ရည်းစားမထားဖူးသူ ဖြစ်ရမည်။
၎။ မူကြိုသင်တန်းမှ သင်တန်းသားများ ဖြစ်ကြသည့် ငပေါ အရာရှိများအားလုံးကို အရက်သောက်ချင်သူများကို အရက်လိုက်တိုက်ခြင်း၊ သောက်ပြီး ရစ်ချင်သူများကို အရစ်ခံပေးခြင်း၊ နှုတ်ထွက်စာများကို ပယ်ဖျက်ခြင်း၊ ပေါက်တက်ကရလုပ်ချင်ရာလုပ် သွားချင်ရာသွား စိတ်ဂယောင်ချောက်ခြားနှင့် ပေါချင်တိုင်းပေါနေသော ဘုတ်များ၊ ဝန်ဂျီးများအား လိုက်ထိန်းခြင်း၊ ဖဲရိုက်ချင်သူများကို ဖဲထုတ်ဝယ်ပေးခြင်း၊ ဖဲခိုးချင်သူများကို မာကင်လုပ်ပေးခြင်း၊ အသည်းကွဲသူများကို ကော်ဖြင့်ကပ်ပေးခြင်း၊ ဆိုင်တဘက်နှင့်မူကြို မှန်မှန် မတက်သောသူများအား အရောင်းစာရေးမ များနှင့် အောင်သွယ်ပေးခြင်း၊ စသော အမှုများကို ဆောင်ရွက်နိုင်ရမည်။

ပုံ။
အတွင်းရေးမှူး ၂
ငပေါများဂေဟာ
(မူကြိုဝန်ထမ်းသစ် ခန့်အပ်ရေး တာဝန်ရှိသူ)

5 comments:

tututha said...

ဆိုင်တဘက်နဲ့ မူကြိုမတတ်နိုင်သူဆိုတာ အဒူ့ကိုစောင်း ပြောတာလဲငင် .. တိတယ်နော် .. တို့က ငတိထိရင် မခံဘူး .. တူ့ဟာတူခံလိမ့်မယ်

ဗန်ပိုင်းယား said...

အကောက် ကောက်တဲ့ သူအတွက်လည်း ပါဘူးရယ် ... အတွင်းရေးမှူးလေး လုပ်နော် ... ရှယ်လေးနော် .. ဆမ်းမီလေးလို ... ဆောင်းဟေကို လေးလို့ ... .. လေးလို . .လေးလို ... .လေး နော် ...

sait phay yar said...

မူကြိုသ. ရာ.. မ လား ၀န်ထိန်းလားဟန်...

ဖိုးဂျယ် said...

အဒူ့ကို စောင်းပြောတာလဲ အတည်ပြောတာလဲ
ဟွန့် ချာမယေးက ချောရင်တော့ စိတ်ဝင်စားတယ်း)

Unknown said...

မူကြိုမှာ ဖဲရိုက်နည်းပညာ အခရှိသင်ကြားပေးမည်