ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, August 31, 2009

ကြက်ဥအတုပေါ်ပေါက်လာမှုအပေါ် ပေါအရာရှိကြီးများ တုံ့ပြန်ချက်

(၁) နှာရကကြီး
"ကျမကတော့ ကြက်ဥအတုနဲ့ပတ်သက်ပြီး ကောင်းတယ်ဆိုးတယ် မခွဲခြားတတ်ဘူး ။
ဒါပေမယ့် မွေးနေ့မှာ ကြက်ဥပြုတ်တစ်လုံးစီကျွေးဖို့ စီစဉ်ထားတော့... ကြက်ဥကို သက်သက်သာသာ ၀ယ်ယူရရှိတဲ့အတွက် ၀မ်းသာမိပါတယ်"

(၂) ငပေါများဂေဟာ ရူးသွပ်ပေါချာရေးနှင့် ဖွန်ကြောင်ရေးကောင်စီ အတွင်းရေးမှူး(၂) ဗီလိန်
ဗီလိန်သည် တရုတ်ပြည်သို့ ၀မ်းမြောက်ကြောင်း သ၀န်လွှာပို့အပ်သည်။
"We are very appreciate for your technology of the fake eggs that could be a wonderful gift for vegetarians."

(၃) ချီးပွားကူးသန်း ၀ံကြီး
"ကြက်ဥအတုလိုမျိုးပေါ့လေ... ဘဲဥ.. ငုံးဥ.. စိမ်းစားဥ.. ကန်စွန်းဥ...အိုဗျာ..ဥမှန်သမျှ ကျွန်တော်တို့ထုတ်လုပ်သွားမှာပါ။ ဟိုဥတော့မပါဘူးပေါ့လေ...(သန်းဥပြောပါတယ်)"

(၄) သဘာငတိ
"အဲဒီ ကြက်ဥအတုတွေကို အကောင်ပေါက်အောင်လုပ်နိုင်ရင် တော်တော်အကျိုးရှိမယ်။ ဒါကြောင့် အဲဒီဥတွေကို ကျွန်တော်ကိုယ်တိုင် ကြက်အကောင် မပေါက်ပေါက်အောင်ကို ၀ပ်ပေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်"

(၅) ပြင်ညာရေးဝံကြီး
"ကျမကတော့ ခုချိန်ထိ ကြက်ဥအတုနဲ့ အစစ်ဘယ်လိုခွဲခြားရမလဲမသိလို့ ခေါင်းစားနေပြီ။ တပည့်တွေက လာလာမေးကြတာကိုး..."

(၇) ကြမ်းမာရေးဝံကြီး
"ကြက်ဥအတုပေါ်လာတာ မကောင်းဘူးဗျ.. ကျွန်တော်က ညတိုင်း ကြက်ဥ ၂လုံးလောက် အားဖြည့်တဲ့အနေနဲ့ အစိမ်းသောက်နေရတာ.. ခုတော့ သေပီ! ကြက်ဥအတုတွေ သောက်မိရင် အခက်.."

(၈) နည်းပြင်ညာဝံကြီး
"ကျွန်တော်နောက်ဆုံးခေတ်မီနည်းပညာနဲ့ ကြက်ဥအတုနဲ့ အစစ် ကွာခြားချက်ကို ရှာတွေ့ထားပါတယ်..
ကြက်ဥကို ပြုတ်ကြည့်ပါ.. ပြုတ်ပြီးတဲ့အခါ အထဲကြက်ဥက အခွံနဲ့ကပ်မနေဘဲ ချောင်နေတယ်ဆိုရင် အတုပေါ့.. ဈေးဝယ်သူတွေဆင်ခြင်နိုင်တာပေါ့..ရေနွေးအိုးတစ်အိုးစီသာ ကြက်ဥဆိုင်ကို သယ်သွားပေတော့...ပြီးရင်ဝယ်မယ့်အလုံးကိုကျက်အောင်ပြုတ်ကြည့်..ကြိုက်မှဝယ်"

(၉) ယင်ကျေးမှုဝံကြီး
"ငါလချီးတဲ့မှဘဲ...သူ့အမျိုးဥ တွေတောင် အတုထုတ်ရသလား..တော်တော်လျှာရှည်ပြီးရိုင်းစိုင်းလိုက်တဲ့ မိကျောင်မသားတွေ..ဒီကောင်တွေ ယဉ်ကျေးမှုဆိုတာကို နားမလည်ဘူး..တောက်..ထွီ"

ပုံ။
ပျံကျားရေးဝံဂျီး

4 comments:

Unknown said...

ကြော်စားလို့ရလား
ပေါညီင်္

လျှောက်လုပ်ရေးဝံဂျီး said...

လျှောက်လုပ်ရေးဌာနမှ ယာယီခန့်ထားသော နေ့စားလုပ်သားများအား အဆိုပါ ကြက်ဥများအား တိတ်တိတ်ပုန်း တိုက်ကျွေးရန် စီမံထားရှိပါသော်လည်း ယခု ပျံကျားရေးဝံဂျီးမှ ဖွလိုက်သဖြင့် အဆိုပါ ကြက်ဥများအား ပေါ်တင်တိုက်ကျွေးပါတော့မည် ဖြစ်သည်။

သမီးပျို said...

အဲဒီဥတွေကို စမ်းသပ်ဦးမှပဲ တော်ကြာ............

ဖိုးဂျယ် said...

ပျံကြားရေး ဖွလိုက်လို့ ငတိ တကောင် ကြက်ဥ အတုတွေ လှောင်ထားတာ
ကွိုင်တက်ပီပေါ့း(