ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, August 18, 2009

နုတ်ထွက်ခြင်းဥပဒေ (၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉)

နုတ်ထွက်ခြင်းဥပဒေ
၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉

နိဒါန်း
ဤဂေဟာကြီးတွင် ရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ ဤဥပဒေကို နုတ်ထွက်ခြင်းဥပဒေ ဟု ခေါ်တွင်စေရမည်။
အခန်း ၂။ နုတ်ထွက်လိုသူသည် ထွက်စာကို လျှောက်လွှာစာရွက်ဖြင့်သာ ရေးသားတင်ပြရမည်။ ကွန်ပျူတာစာစီဖြင့် မဟုတ်ဘဲ ကာယကံရှင်၏ လက်ရေးဖြင့် ရေးသားရမည်။
အခန်း ၃။ အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည်။ စာတမျက်နှာတွင် စာကြောင်းရေ ၂၀ ရှိရမည်။
အခန်း ၄။ သတ်ပုံမှားသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်။
အခန်း ၅။ သတ်ပုံ အကျအပေါက် စစ်ဆေးရန် ပညာရေးဝန်ကြီးတွင် တာဝန်ရှိသည်။
အခန်း ၆။ ကိုရီးယား၊ ယိုးဒယား၊ အီသီယိုပီးယား စသည့် ယား ဖြင့် ဆုံးသော ဘာသာများဖြင့်သာ ရေးရမည်။
အခန်း ၇။ လျှောက်လွှာကို နာယကဂျီးထံသို့  အမြန်ချောပို့ဖြင့် (အမြန်ချောပို့ဖြင့်) ပို့ ရမည်။
အခန်း ၈။ နာယကဂျီးက လျှောက်လွှာကို ၁ ရက်အတွင်း အပြီး ဖတ်ရမည်။
အခန်း ၉။ နာယကဂျီးက ၀န်ဂျီး ၅ ဦးဖြင့် မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံပြီး နုတ်ထွက်ခွင့် ပြုမပြုကို အနည်းဆုံး ၅ နှစ်ကြာ ဆွေးနွေး တိုင်ပင်ရမည်။ ထိုသို့ တိုင်ပင်ရမည့် နေ့ကလည်း လဆန်း ၅ ရက်နေ့ ဖြစ်ရမည်။ ထိုနေ့ ညနေ ၅ နာရီတွင် ငါးကြော် သို့မဟုတ် ငါးဟင်း တမျိုးမျိုးကို စားပြီး တိုင်ပင်ကြရမည်။ ကုန်ကျစရိတ်ကို ဘဏ္ဍာရေးဝန်ကြီးထံတွင် ထုတ်ယူရမည်။
အခန်း ၁၀။ နာယကဂျီး နှင့် ၀န်ကြီးများထံမှ လာသည့် ဆုံးဖြတ်ချက်သည် မည်သို့သော ဆုံးဖြတ်ချက် စေကာမူ တရားရေးဝန်ကြီး၏ အတည်ပြုချက်ကို ရယူရမည်။
အခန်း ၁၁။ ထိုသို့ အတည်ပြုပြီးပါက နုတ်ထွက်လွှာ တင်သွင်းသူကို အမှန်တကယ် နုတ်ထွက်လိုခြင်း ရှိမရှိ မေးရမည်။ မေးသည့်အခါ မြန်မာဘာသာကိုသာ သုံးရမည်။
အခန်း ၁၂။ နုတ်ထွက်လိုခြင်းမရှိဟု ဖြေပါက လျှောက်လွှာကို ပိဿာချိန်ဖြင့် ရောင်းစားရမည်။
အခန်း ၁၃။ နုတ်ထွက်လိုသေးသည်ဟု ဖြေဆိုပါက ၀န်ကြီးများအဆင့် အစည်းအဝေးကို ၅ နှစ်အတွင်း ခေါ်ဆိုပြီး ထိုလျှောက်လွှာကို အစုံ ၂၀ ကူးပြီး တင်ပြရမည်။

ရှင်းလင်းချက် ၁။
အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည် ဟု အခန်း ၅ တွင် ပြဌာန်းထားသော်လည်း ၀န်ကြီး ၁၅ ဦး၏ ထောက်ခံချက် ပူးတွဲ တင်ပြနိုင်လျှင် စာမျက်နှာ ၄၈၅ မျက်နှာ ရေးသားနိုင်သည်။

ရှင်းလင်းချက် ၂။
လျှောက်လွှာများကို ရေးသားရာတွင် ကာယကံရှင်၏ ညာလက် သို့ မဟုတ် ဘယ်လက်ကို အသုံးပြုရမည်။

ရှင်းလင်းချက် ၃။
အခန်း (၉)တွင် ဖော်ပြထားသည့် ဘဏ္ဍာရေးဝန်ကြီး တာဝန် လစ်လပ်နေဆဲ ဖြစ်သည်။ ထိုဝန်ကြီး မရှိသေးသရွေ့ ကုန်ကျစရိတ်ကို နာယကဂျီးက ကျခံရမည်။ နာယကဂျီး ဘိုင်ပြတ်နေပါက လျှောက်လွှာတင်သွင်းသူက ကုန်ကျစရိတ် တာဝန်ယူရမည်။

ထုတ်ပြန်သူ
ဝံဂျီးဂျုပ်
(ကြားဖြတ် ဥပဒေ)

6 comments:

ဗီလိန် said...

ထောက်ခံပါတယ်။ အတည်ပြုပါတယ်။

tututha said...

နောက်ဆုံးအချက်ကလွဲလို့ ထောက်ခံပါတယ် :(

ဗန်ပိုင်းယား said...

နှုတ်ထွက်ဘို့ အိပ်မက်ထဲတောင် ထည့်မက်ဘူး ... စာမေးပွဲမှာတောင် စာစီစာကုံး မဖြေခဲ့တဲ့ဟာ .... ပီးတော့ ငါးဟင်းလည်း မကြိုက်ဘူးလေ

sait phay yar said...

ယားတဲ့လန်းဂွေ့ရှ်တွေမတတ်လို့ ထွက်တော့ဘူး

ဖိုးဂျယ် said...

ဒါဆို တားယဲ ထွက်တော့ဝူး
အဲ့လောက်တော့ ရေးနိုင်းဝူးဂျို့

Unknown said...

ထောက်ခံဒယ် ထောက်ခံဒယ်
အဲ့ဒါမှ ဂေဟာမှာ ဆူပါဂလူးနဲ့ကပ်ထားသလို
မြဲတော့မှာ