ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, August 20, 2009

ဂေဟာထဲက ငါ

တေးရေး- ဗီလိန်
တေးဆို - ဆိုချင်တဲ့သူဆို
Intro: Am F C G
ဂေဟာကြမ်းပြင်... မနင်းရဲပါ....
ပိုကာဝိုင်းတွေထဲ... ရောက်သွားဦးမှာ....
ဒိုင်ကိုင်ဖို့ငါ... မရဲသေးပါ....
နှစ်ဆဖိုးလျှော်မှ... ငါမွဲဦးမှာ....

မွဲနေပြီ... ငါမွဲနေပြီ........ငါမရှိတော့ပါ...
ပြောစမ်း ဘယ်နပေါက်လဲ.... ငါမွဲနေပြီ...... ငါမရှိတော့ပါ...
အမြဲတမ်းဘူပါပဲ... ငါဟာ ဘယ်အိမ်မှ မစားရ...
လ လာ လာ လာ့ လား.....
ငါဟာ ဘယ်အိမ်မှ မစားရ....
ငါမွဲနေပြီ....

လူတည်များနဲ့... ငါစကားမပြောပါ....
ဘာတွေယုတ်မာလဲ... အမီမလိုက်တော့ပါ....
လာ လာ လာ့ လား.....
ငါမသိတော့ပါ... ငါတို့ပေါသလိုပဲ နင်ပေါစမ်းပါ....
ပေါနေပြီ... ငါပေါနေပြီ........ ငါပေါတော့မှာ....
ပြောစမ်း နင်ဘယ်သူလဲ.... ငါပေါနေပြီ.... ငါမမှတ်မိပါ....
မပြေးနဲ့ နင်ငတည်လား.... ငါဟာ ဂေဟာနဲ့ ဝေးမသွား....
လ လာ လာ လာ့ လား.....
ငါဟာ ဂေဟာနဲ့ ဝေးမသွား....
ငါပေါနေပြီ...... ငပေါနေပြီ......

အတွင်းရေးမှူး - ၂ ရေးစပ်ခံစားသည်။

မှတ်ချက် ။ ။ အဆိုတော် ဟန်ထူးလွင် (Big Bag) က ကော်ပီကူးချင်သည်ဟု ဆိုကာ လာတောင်းသဖြင့် ဒေါ်လာ ၂.၄ သန်းမယူပဲ အလကားပေးလိုက်သည်။ သူ့သီချင်းကို အောက်တွင် တွဲဖက် နားဆင်နိုင်ရန် တင်ပြလိုက်သည်။ ထိုသီချင်း၏ အမည်မှာ လေထဲကငါ (အတိတ်မေ့ခြင်း) ဖြစ်လေ၏။ ကော်နက်ရှင်မကောင်းသူများ Big Bag Live Show ခွေ ဝယ်ယူနားဆင်နိုင်သည်။

6 comments:

မေဇင် said...

ဟန်ထူးလွင် သီချင်းကိုတော့ ရုံးမှာ ဆိုတော့ နားထောင်လို့ မရလို့ ... အတွင်းရေးမှုး 2 ရဲ့ သီချင်းစာသားကို ခံစားသွားတယ်.... ပြီးမှ တိတ်တိတ်လေး ထွက်ပြေးလာတယ်... ဒီဂေဟာ ထဲရောက်နေတာ ဆိုတော့ သူပြောသလို ရှိတဲ့ပိုက်ပိုက်လေး တွေ ပြောင်ကုန်မှာစိုးလို့...း)

ငှက်ကထ said...

ပေါဂေဟာတော် သီချင်း တွင်းတူးကို ရေးခိုင်းရမယ်

chanye` said...

သီချင်းစာသားမိုက်တယ်ဗျာ :D

tututha said...

အပေါ်က ပြန်ဝန်ပြောသလို မိုက်ပါတယ်။ ဒါပေမယ့် ဘာကိစ္စ ဟန်ထူးလွင် ခွေကိုကြော်ငြာပေးရတာလဲ။ သူ့ဘာသာ ရောင်းပစေပေါ့ :(

sait phay yar said...

ကြော်ညာခရလို့ထင်ပါ့နော်...

ဖိုးဂျယ် said...

ထောက်ခံပါတယ် ထောက်ခံပါတယ်

ဘာမှန်းတော့ မသိဘူး။

စွတ်ထောက်ခံသွားတယ်။