ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 2, 2009

ဂေဟာပြန်တမ်း

CrazyVilla သည် “မြန်မာပြည်ဘလော့လောကတွင် နာမည်ကြီးသော blogspot.com” တွင် အကောင့်တခုယူပြီး လက်ဆော့လေ့ရှိသည့် မစ္စတာကေလာ အား CrazyVilla ၏ တွင်းတစ် အဖြစ် တာဝန် ဝတ္တရားများကို စတင် ဆောင်ရွက်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်။

ပုံ
ဝန်ဂျီးဂျုပ်

၁။ ဝန်ဂျီးဂျုပ်တို့၏ တာဝန် ပိုင်ဆိုင်သည်နှင့် အညီ (ရှိတာနဲ့ ပိုင်ဆိုင်တာနဲ့ အတူတူပဲမဟုတ်လား) ဂေဟာအတွက် ကနဦး၊ ပိုင်အိုးနီးယား၊ ပထမဆုံးအကြိမ် ရာထူးတိုးခြင်းကို အများသိစေရန် လုပ်ဆောင်ရတော့မည် ဖြစ်သောကြောင့် ဂေဟာပြန်တမ်းကို အထက်ပါအတိုင်း ထုတ်ပြန်နိုင်ရန် ရေးသားလိုက်ရသည်။

၂။ ကေလာကောင်၏ တာဝန်မှာ ဘာမျှ မရှိပေ။ သို့သော်
(က) ပို့စ်များကို ဘုတ်အဖွဲ့ဝင် လူကြီးမြင်းများသို့ ဖော်ဝါ့လုပ်ခြင်း၊
(ခ) ဆင်ဆာ မဲပေးခြင်း
(ဂ) ဆင်ဆာအမိန့်ကျလျှင် ပို့စ်တင်ခြင်း
စသည်တို့ကို သေသေချာချာ၊ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ကြိုးကြိုးစားစား၊ ဇွဲနဘဲရှိရှိ (နဘဲဆိုတာ ဘာလဲ သိရန် မလို)၊ လေးလေးမြတ်မြတ်၊ မပျက်မကွက်၊ မလွဲမသွေ၊ တကယ်၊ အတည်ပေါက်၊ အဟုတ်၊ မုချ လုပ်ရမည်။

၎။ ဤရာထူးတိုးခြင်းကို အမှုရှောင်၊ တွင်းတူး၊ ငတိ၊ နာယက တို့ ၄ ဦး သဘောတူသဖြင့် အိုင် ကျွန်ုပ် အတည်ပြုလိုက်သည်။

၎။ ကေလာကောင်၏ လစာကို ဒေါ်လာ ၁ သိန်း ပလပ်စ် ကျပ် ၅၀၀၀ (ယခုထွက်မည့် ငါးထောင်တန် အသစ်စက်စက် တရွက်) သတ်မှတ်ထားသည်။ တာဝန် ဝတ္တရားများ ထမ်းဆောင်မှု၊ အမိန့်နာခံမှု၊ တီထွင်ဖန်တီးမှု၊ ဆက်ဆံရေးကောင်းမှု၊ အတွေးအခေါ်များ စူးရှမှု (ဆိုင်လားတော့ မသိဘူး) စသည်တို့အပေါ် မူတည်ပြီး လစာ တိုးမည် သို့မဟုတ် လျှော့ပစ်မည်။

၅။ ဂေဟာ၏လုပ်ငန်းများအတွက် စရိတ် လိုအပ်ပါက ကေလာသည် သူ၏ ဘဏ်ကတ်ကို ATM ဟု လူသိများသော စက်အတွင်းသို့ ထည့်ပြီး လျှို့ဝှက်နံပတ်ကိုနှိပ်လိုက်လျှင် အားလုံး အဆင်ပြေသွားနိုင်မည် ဖြစ်သည်။ ထို့နောက် စက်တွင်ရှိသော ခလုတ်တချို့ကို ဉာဏ်ရှိသလို နှိပ်ပါက ထိုစက်က သူ့အား ငွေသား (ငွေသား) ထုတ်ပေးစေရန် ကျွန်ုပ်တို့ စီမံထားသည်။

၆။ မစ္စတာကေလာသည် ဂေဟာ၏ လုပ်ငန်းများကို နေ့စဉ် လုပ်နိုင်သည်။ ခံစားခွင့်အဖြစ် လစဉ် ၃၁ ရက်နေ့တိုင်းတွင် နေ့တ၀က် ခွင့်ယူနိုင်သည်။ သို့သော်လည်း ဂေဟာလူကြီးမြင်း တဦးဦး၏ ထောက်ခံမှုဖြင့် အနည်းဆုံး ၁ လ ကြိုတင်ပြီး ခွင့်ယူရမည်။

၇။ တဦးတည်းသော အသင်းသား ကေလာကို တွင်း ၁ ရာထူး ခန့်အပ်ခြင်း ဖြစ်သောကြောင့် အသင်းသားနေရာ လစ်လပ်သွားသည်။ ထို့ကြောင့် ထိုနေရာကို လျှောက်ထားလိုသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် အမျိုးသား ဖြစ်ရမည်။ အမျိုးသမီးများ လျှောက်ထားရန် မလိုရေးချ မလိုပါ။

ကံကောင်းပါစေ မစ္စတာ ကေလာ

သင့်ရဲ့ - ၀န်ဂျီးဂျုပ်

9 comments:

ဗန်ပိုင်းယား said...

ရက်စ် ဘော့စ်စိ

mg said...

congratulation..
enjoy...

tututha said...

ဟ တကယ်တိုးလိုက်ပြီလား ပြန်လျှော့လို့မရတော့ဘူးလား လက်လွန်ပြီပေါ့နော်၊ အေးလေ ပြီးတာပဲ (ကေလာက လူကြီးမြင်းတွေကို ဘီယာအဝတိုက်မယ်ဆိုရင်)

မိုးသား said...

ပရိုမိုးရှင်းအတွက် တစ်ခုခု ဖြစ်သင့်သည်ဟု ထင်ပါသည်။.. ဂေဟာမှ လုပ်ဖော်ကိုင်ဖက်များမှ လူကြီးမင်းကေလာ၏ အောင်မြင်မှုအား လှိုက်လှိုက်လဲလဲ ဂုဏ်ယူလိုပါသဖြင့် အခမ်းအနားတစ်ခု စီစဉ်နိုင်ရန် မျှော်လင့်နေပါသည်...။
လူကြီးမင်း တွင်း (၁) ကေလာမှ ... အမြန်ဆုံးအကြောင်းပြန်စေလိုပါသည်..။

mg said...

အသင်းသားရာထူးအား
ဘယ်သူ.မှ မခန်.တော.ကြောင်း
ဘီဒိုအာဏာဖြင်.
နောက်ဆက်တွဲအမိန်.ထုတ်ပြန်ရန်ရှိ

ငှက်ကထ said...

ငှက်ကထမှလည်း ထောက်ခံကြောင်းရေးရန် မေ့ကျန်ခဲ့သဖြင့် ငှက်ကထမှမထောက်ခံကြောင်း အဓိပ္ပါယ်သက်ရောက်၏။
ထို့အတွက် ငှက်ကထထောက်ခံစေရန် ကေလာမှ ငှက်ကထအား ဘီယာ ဝမ်းတေဘယ် လာဘ်ထိုး (ဟင် ဟုတ်ပါဘူး) အမြတ်ခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း။

ပုံ
ငှက်ကထ

sait phay yar said...

ဝါးတီး ၀ါးတီး ၀ါးတီး

sait phay yar said...

အသင်းသားနောက်တစ်ယောက်ခန့်တော့ဘူးဆို အသင်းသူဘဲခန့်တော့မှာလား ဟင် မမ

ဖိုးဂျယ် said...

ထောက်ခံပါကြောင်း ထောက်ခံပါကြောင်းး)