ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, January 28, 2009

အရေးပေါ်ကြေညာချက်

ကမ္ဘာ့စီးပွားရေးကပ်ကြောင့် တကမ္ဘာလုံးနီးပါး အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရရာ ငပေါဂေဟာသို့ စုပြုံအလုပ်လျှောက်လာဖွယ်ရှိ သဖြင့် ယနေ့ ငပေါဘုတ်အဖွဲ့မှ အရေးပေါ်ကြေညာချက်တစောင် ထုတ်ပြန် လိုက်သည်။

၁။ ငပေါဂေဟာသည် အဖွဲ့ဝင်နှင့် ဝံဂျီးများအားလုံးကို လစာ ဒေါ်လာငွေ သန်းနှင့်ချီ၍ ပေးနေသောကြောင့် လည်းကောင်း၊ ပါမစ်များ ဖောချင်းသောချင်း ချပေးနေသောကြောင့် လည်းကောင်း၊ မည်သည့် စီးပွားရေးကပ်ရှိသည်မဆို၊ မည်သို့ပင် ပေါက်ကရလုပ်လုပ် မည်သူ့ကိုမျှ အလုပ်မဖြုတ်သောကြောင့် လည်းကောင်း ဂေဟာသို့ ဝင်လိုသူများ တနေ့ထက်တနေ့တိုးပွားလျှက်ရှိရာ ယခုဆိုလျှင် ဝံဂျီးများ စုံသလောက် ဖြစ်နေပြီ ဖြစ်သည် (ထို့အတွက် ငပေါလူကြီးမြင်းများက ဝမ်းသာအားရ ဖြစ်မိပါသည် - ဤကား စကားချပ်)

ထို့ကြောင့် ယနေ့မှစ၍ ၅ ရက်အတွင်း ဝံဂျီးလျှောက်လွှာလက်ခံခြင်း အစီအစဉ် ပိတ်သိမ်းတော့မည် ဖြစ်သည်။ သို့ရာတွင် ဂေဟာသို့ဝင်လိုသူများ စိတ်မပျက်ရန်အလို့ငှာ နောက်ထပ် ရာထူးများ စီစဉ်ထားပါသည်။ ယနေ့မှ စ၍ ဒုဝံဂျီးရာဒူးများကို ဦးရာလူ၊ ပေါရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည် .. ။

၂။ ငပေါဂေဟာတွင် သမ္မတရာထူး လုံးဝ (လုံးဝ) ခန့်အပ်လိမ့်မည်မဟုတ်ပါ။ မစ္စတာအိုဘားမားကိုယ်တိုင် တောင်းတောင်းပန်ပန်ဖြင့် ငပေါသမ္မတ ခန့်အပ်ပါရန် တောင်းပန်လာသော်လည်း ကျွန်ုပ်တို့ ဘုတ်အဖွဲ့က စိတ်မကောင်းခြင်းကြီးစွာ ငြင်းပယ်လိုက်ပါသည် (ငပေါအဖွဲ့ကငြင်းလိုက်သဖြင့် သူ့ခမျာ အလွန်သိမ်နုတ်သော အမေရိကန်သမ္မတရာထူးကို လက်ခံလိုက်ရခြင်းဖြစ်သည်)

အဘယ်ကြောင့် ဟူမူကား ငပေါဂေဟာတွင် ဘုတ် အဖွဲ့ဟူ၍ ရှိနေရာ ယင်းဘုတ်အဖွဲ့က သမ္မတရာဒူးဂျီး (ဆာဒူးကြီးမဟုတ်) ကို ပူးတွဲတိုင်ပင် နှီးနှော၍ စုပေါင်း ထမ်းဆောင် သွားမည်ဖြစ်သောကြောင့်ပင် (ဒါကတော့ ခေါင်းတခေါင်းထဲထက်စာရင် ခေါင်းများတော့ ကောင်းတယ်ဟူသော နောက်ဆုံးပေါ် ဂလိုဘယ် ပေါ်လစီအရ ဖြစ်ပါသည်) ထိုအကြံကို အမေရိကန်နိုင်ငံက ဒေါ်လာ ဘီလီယံနှင့်ချီ ပေး၍ လာဝယ်သည့်တိုင်အောင် ငပေါဘုတ်အဖွဲ့က မရောင်းလိုက်ဘဲ ကိုယ်တိုင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မှတ်ချက်။ ။ ပေါစံချိန်မမီသူများ အသင်းဝင်အဖြစ်သာ လက်ခံမည်။

ဤကား ငပေါဂေဟာ လူကြီးမြင်းများ၏ စေတနာပင်ဖြစ်တော့သည်။ ဂေဟာအဖွဲ့ဝင်များ ကျန်းမာကြပါစေ။ လောင်းလစ်ဗ် ငပေါဗီလာ။

ပုံ/ ငပေါဘုတ်

8 comments:

Unknown said...
This comment has been removed by the author.
ဖိုးဂျယ် said...

မှန်ပါ၏ ထောက်ခံပါ၏ ပိုစိုးပက်စက်ကို
ထောက်ခံသည်။ ဘုတ်အဖွဲ့မှ သမ္မတရာထူးကို
ဝိုင်းဝန်းထမ်းဆောင်နေပါသည်။

ကပ်ဒိုးလေး သမ္မတ ဖိုးဂျယ်

ခေါင်ခေါင် said...

နာယက ဂျီးပြောသမျှ အကုန်ထောက်ခံပါဒယ် ။ အကုန်မှန်ပါဒယ်။

ရုပ်ကလေး အားကိုးဖြင့် ဘုတ်အဖွဲ့တစ်နေရာ အပိုင်ရထားသော

သမဒ ဂျီး ခေါင်ခေါင် ( ဟိဟိဟိ)

Han Thit Nyeim said...

အပြည့်အ၀ ထောက်ခံပါ၏။ သို့သော် ဒုဝံဂျီး၏ ပစိပစပ်များခြင်းကို သီမခံနိုင်မည်စိုးသောကြောင့် ကျွန်တော်မျိုး၏ လျှောက်လုပ်ရေးဌာနတွင် ဒုဝံဂျီးလည်း ၀ံဂျီး... ၀ံဂျီးသည်လည်း ဒုဝံဂျီးသာဖြစ်ကြောင်း ကိုယ့်ဘာသာကို အတည်ပြုသတ်မှတ်လိုက်သည်။

လျှောက်လုပ်ရေးဝံဂျီး
ပေါငြိမ်

ဗန်ပိုင်းယား said...

မှတ်ချက်။ ။ ပေါစံချိန်မမီသူများ အသင်းဝင်အဖြစ်သာ လက်ခံမည်။


ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကေလာ့ကို ပေါစံချိန်မှီဘူးတဲ့ ........ဗြဲ....................ဟဲ .... ဟဲ .........
ဗြဲ .. မှာ ငိုသံဖြစ်၍ ဟဲ...ဟဲ... မှာ အဲကိုး သံဖစ်တည်။ ......

HAPPY CLOUD said...

ဟင်း..ဟင်း...ပါမစ်ချပေးမယ်ဆိုကတည်းက ပိုးလိုးပက်လက်(အဲလေ) ပိုးစိုးပက်စက် ထောက်ခံချင်နေတာ... ဒီလိုထောက်ခံဖို့ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ...။ နောက်တစ်ခါလာရင်တော့ ထမင်းချိုင့်ပါဆွဲလာအုံးမှာ။

မိုးမောင်(happycloud)

Anonymous said...

အိုးဘားမားကို လက်မခံပေမယ်...အိုမြန်မာ မဖုရားလေးကို လက်ခံမလားလို...ဂယ်လို. လက်ခံမယ်ဆိုရင် လျှောက်လွှာတင်မယ်လေ..အရည်အချင်းတော. ဘာမှမရှိဘူး.ဒါမယ်.ဖြစ်တယ်မဟုတ်လား.
သမ္မတ..(မြန်မာလေလို...)
ထောက်ခံချင်သယောင်ယောင်ဖြစ်နေရင် ညှိကြမယ်လေ.
ကေလာမမ

aungnyinyi said...

ပေါတော်မူပါသောပေါလူကီးမြင်းများခင်ဗျာ ..
ပေါဂေဟာဝက်ကြီးဌာနတွင်၇ာထူးတစ်နေရာရလိုပါသော
ကြောင့်မည်ကဲ့သို့အရစ်ခံရမည်ကိုသိလိုပါသည်

(ဘယ်လို မန်ဘာဝင်ရမလဲဟင်)
ပေါညီညီ