ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 2, 2009

လက်ထောက်အယ်ဒီတာ ၁ ဦး အမြန် အလိုရှိသည်

၁။ လက်ထောက်ပြီး အိပ်ငိုက်တတ်ရမည်။ အထူးသဖြင့် အစည်းအဝေးအတွင်း၊ အလုပ်ချိန်အတွင်း လက်ထောက်ပြီး ငိုက်တတ်ရမည်။
၂။ ကျား သို့ မဟုတ် မ ဖြစ်ရမည်။ (ကျားမ မကွဲပြားသူများလည်း လျှောက်ထားနိုင်သည်။)
၃။ သတ်ပုံမှားလေ့ရှိသူ ဖြစ်ရမည်။
၎။ စာဖတ်အား၊ လေ့လာအား ကောင်းရန် မလိုပါ (မလိုပါ)။
၅။ အလုပ်လျှောက်သည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ (သို့မဟုတ်) မပြည့်သေးသူ ဖြစ်ရမည်။
၆။ အလုပ်သမားလက်မှတ် မိတ္တူတစောင် ပူးတွဲ တင်ပြရမည်။ မတင်ပြနိုင်လည်း ရသည်။
၇။ လွန်ခဲ့သော ၆ နာရီအတွင်းက ရိုက်ကူးထားသော ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ၁၀ ပုံကို လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။
(ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ဟူသည်မှာ ၄x၆ လက်မ အရွယ်အစားကို ဆိုလိုသည်။ ၁x၁ လက်မ အရွယ် မဟုတ်ပါ)
၈။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ ၁ စောင်ကိုလည်း ပူးတွဲတင်ပြရမည်။ (ထောက်ခံစာသည် ထုံးစံအတိုင်း စာရိတ္တပျက်နေသူများထံမှ ဖြစ်ရမည်။)
၉။ လုပ်အားပေးလိုစိတ် ရှိရမည်။ (လခမယူဘဲ အခမဲ့ တာဝန်ယူ ဆောင်ရွက်လိုစိတ်ကို ဆိုလိုသည်။)
၁၀။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ကင်းရှင်းရမည်။ (အချစ်ရေး ကင်းရန် မလိုပါ။)

မည်သည့်နေရာသို့ လျှောက်ထားရမည် ဆိုသည်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းနိုင်သည်။

ပုံ - မန်နေဂျာ
Crazy Villa Weekly News ဂျာနယ်

ဒါဟာ ငပေါများဂေဟာက ထုတ်မယ့် ဂျာနယ်အတွက် အလုပ်ခေါ်စာပဲ။
အယ်ဒီတာလား၊ အင်း - အယ်ဒီတာ မလိုဘူး။ မလိုဘူးဆိုတာ မလိုဘူးလို့ ပြောတာ။


ရှင်းရှင်း ပြောရရင် လက်ထောက်အယ်ဒီတာ ဆိုတဲ့ ဝေါဟာရဟာ အယ်ဒီတာ ဆိုတဲ့ ဝေါဟာရထက် ပိုပြီး ရယ်ရတယ်။ ဒါကြောင့် ငါတို့ ဂျာနယ်မှာ “လက်ထောက်အယ်ဒီတာ” က ရာထူးအကြီးဆုံး ဖြစ်မယ်။

ဂျာနယ်ကို အဲသလိုပဲ Crazy Villa Weekly News ဆိုပြီး အင်္ဂလိပ်လို ပေးမယ်။
ဒါမှ ခေတ်မီတယ်။ အရမ်း လန်းတယ်။
လူအထင်ကြီးတယ်။ ဂုဏ်ရှိတယ်။
ကြည့်ရတာ အဆင်ပြေတယ်။ ဆွဲဆောင်မှု ရှိတယ်။
ဂျာနယ် ပီသတယ်။ အဟန့်ကောင်းတယ်။
လူရှိန်တယ်။ မိုက်တယ်။
ထင်ပေါ်ကျော်ကြားတဲ့ ဘလော့တခုရဲ့ နာမည်ကို သုံးတဲ့အတွက် ပြိုင်ဘက်ဂျာနယ်တွေ လန့်သွားလိမ့်မယ်။ ဖျားသွားလိမ့်မယ်။

ကဲ - ဂျာနယ်ထုတ်မယ်။


မြန်မာပြည်ရဲ့ စာနယ်ဇင်းလောကကို ကယ်တင်ဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
စာဖတ်သူကို ဒုက္ခပေးဖို့ အဲ - ဖတ်စရာ တွေးစရာတွေ ပေးဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ပိတ်နေတဲ့ မျက်စိတွေ ပွင့်သွားဖို့၊ ပြူးနေတဲ့ မျက်စိတွေလည်း ပိုပြူးသွားဖို့ ငါတို့ ဂျာနယ် ထုတ်မှ ဖြစ်မယ်။
လူထုသတင်းသမား (citizen journalist) တွေကို အလုပ်အကိုင် အတည်တကျ ရှိစေဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ဂျာနယ်ဆိုတာ ဘာမှန်း မသိသူတွေ သိသွားအောင်လို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
ကြော်ငြာရှင်တွေ ၀မ်းသာဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

မော်ဒယ်ဘွိုင်းတွေ၊ မော်ဒယ်ဂဲတွေ စိတ်ချမ်းသာဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ရေးချင်တာတွေ လျှောက်ရေးနိုင်ဖို့ ငါတို့ ဂျာနယ်ထုတ်ရမယ်။

ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ဂျာနယ်ထုတ်ရမယ်။
ငါတို့ ဂျာနယ်ထုတ်ရမယ်။

ငါတို့ ဂျာနယ်ထုတ်ရင် မြန်မာပြည်ကြီးတောင် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ။

5 comments:

chanye` said...

စကာင်္ပူမှာ ကျွန်တော် မဂ္ဂဇင်းထုတ်ဖို့ စဉ်းစားနေတာ။
အတည်ပြောတာ။ ဘလော့ဂါတွေပဲ အကူညီတောင်းရမယ်။ တတ်တဲ့လူလုပ်ပေါ့။ ကျွန်တော်ကတော့ စီးပွားရေးသမား နဲနဲဆန်တယ် :D

Anonymous said...

မြန်မာပြည်ကြီး
ပြောင်းသွားမယ်ဆိုရင်တော..
လျောက်လွှာနံပါတ် ၁ မှ
အစောင် ၁၀၀၀ မြောက်အထိ
ကျွန်ပ် တစ်ဦးတည်းတင်ထားပါကြောင်း
ကြိုက်ရာ နံပါတ်ကို အတည်ပြု၍ ခန်.လော...

tututha said...

ပြန်ကြားရေး အတည်သိပ်မပြောနဲ့ နောက်တယ်ပဲ ထင်တယ် ... ဒါပေမယ့် အားကိုးနိုင်တယ် ဟိ (အတည်ပြောတာ)

ငှက်ကထ said...

လိုအပ်သည်များဖြည့်စွက်ရလျှင်
မိန်းကလေး
ချောချော
အသက် ၂၁
အိမ်ထောင်မရှိ ရည်းစားမရှိသဖြစ်ရမည်။
မြန်မာပြည် ရန်ကုန်တွင် နေထိုင်သူဖြစ်ရမည်။
(အတည်ပြောတာ ဟီဟီ)
ပုံ
ငှက်ကထ

sait phay yar said...

လောင်းကစားအကုန်တတ်ရမည်။သောက်တတ်ရမည်။ ဂေဟာယဉ်ကျေးမူ့နှင့်အညီ ဖဲပါခိုးတတ်ရမည်။