ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, May 13, 2009

ငပေါဂေဟာ ငပေါဆုတံဆိပ်များချီးမြှင့်ခြင်း

ငပေါဂေဟာမှ ငှက္ကဋ္ဌအကျိုး (အင်ဟုတ်ပါဘူး) ဂေဟာကြီး အကျိုးစီးပွားကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ငပေါများကို ယနေ့နေ့စွဲ ဖြင့် ဂုဏ်ထူးဆောင် တံဆိပ်များ အပ်နှင်းကြောင်း ထုတ်ပြန် ကြေငြာပါသည်။
ဆုတံဆိပ်များမှာ အောက်ပါပုံ အတိုင်းဖြစ်သည်။

ဆုတံဆိပ်များမှာ အဆင့်မြင့်နည်းပညာဖြင့် အဆင့်အတန်းမြင့်စွာ ပြုလုပ်ထားခြင်းဖြစ်ရာ အဆင့်မြင့်လွန်းအားကြီးသဖြင့် အဆင့်မြင့် လူသားများသာ မြင်နိုင်သည်။ ဆုတံဆိပ်များမှာ

ဝဲမှယာ
၁.ပေါသဘာမဟာဘွဲ့၊
၂.ပေါအသဝေါရာဇာဘွဲ့၊
၃.၀ါးတီးပေါအားကြီးထောဘွဲ့၊
၎.ပေါနားရွက်ဘွဲ့၊
၅.အဂ္ဂမဟာငပေါရာဇာဘွဲ့ (အမြင့်ဆုံးဖြစ်သည်)
တို့ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် ပေါသဘာမဟာဘွဲ့ကို ငပေါဂေဟာ အကျိုးကို စွမ်းစွမ်းတမံ၊ ကျားကုတ်ကျားခဲ၊ မချိတရိ၊ မအိပ်မနေဆောင်ရွက်သော သဘာငတိကြီးနှင့် တွင်း ၂ တို့ကို ပူးတွဲချီးမြှင့်လိုက်သည်။

ဒုတိယ ပေါအသဝေါရာဇာဘွဲ့ကို ငပေါဂေဟာ၏ ထောက်ချုပ်ကြီးအား ချီးမြှင့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်ချုပ်မှာ မည်မျှ အသဝေါများပြားသနည်းဆိုသော် (သူ၏အဆိုအရ) စာရေးမကိုပင် ချောချောမခန့်ဟူသတတ်။ ဒါတောင် မီးပျက်လျှင် အပြင်ထွက်နေရသည် ဟူ၏။ ထို့အပြင် အသင်းသားချုပ်ကြီး၏ မင်္ဂလာဆောင်ကို ကိုယ်ဖိရင်ဖိ ကူညီခဲ့သည့်အပြင် `အတွင်းသတင်း´ များကိုပါ အတိအကျ အသေးစိတ် ထောက်လှမ်း စုံစမ်းနိုင်၍ဖြစ်သည်။

တတိယ ၀ါးတီးပေါအားကြီးထောဘွဲ့ကို ငပေါဂေဟာ၏ ၀န်ကြီးများအားလုံးနှင့် အသင်းသူအသင်းသားများဖြစ်သော ကေလာနှင့် ပေါမမတို့ကို ချီးမြှင့်လိုက်သည်။ ငပေါဂေဟာ၏ ရန်ဘုံးငွေများကို လျာထားချက် ပြည့်မှီအောင် ရှာဖွေနိုင်သည့်အပြင်၊ လျာထားချက်ထက်ကျော်လွန်အောင် ၀ါးတီးဖွင့်နိုင်လွန်း၍ ဖြစ်သည်။ ဥပမာအနေဖြင့် လယ်ယာပြန်စားရေးဝန်ကြီး၏ ရာထူးအရ လုပ်ဆောင်ချက်များနှင့် ကေလာ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကြလေ။

ပေါနားရွက်ဘွဲ့ကိုတော့ ဂေဟာ၏ ပိုင်အိုနီးယားများတွင်အပါအ၀င်လဲဖြစ်သည့် အမှုရှောင် ဘဂျီဆရာမကြီးနန်းညီကို ချီးမြှင့်လိုက်သည်။ ဂေဟာနှင့် လူဂျီးမြင်းများအတွက် ဘဂျီဘန်နာများ ပြုလုပ်ပေးသည့်အတွက် ဗန်ဂိုး၏နားရွက်ကို ဂုဏ်ပြုသည့်အပြင် အခုတလော နားရွက်သုပ်စားချင်နေသည်ဟု ပြောသဖြင့် ၀က်တုပ်ကွေးလဲ စိုးရိမ်နေရသော ကာလဖြစ်သောကြောင့် စိတ်အဆာပြေ နားရွက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ကြားဖြတ်အနေဖြင့် ငပေါဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ငပေါသူငပေါသားများအားလုံးအတွက် ပေါလန်းဂရေ့ခ်ျစ် အသစ်ကို တီထွင်ပေးသော ပညာရေးဝန်ကြီးအားချီးမြှင့်မည်ဖြစ်ပါသည်။

နောက်ဆုံး အမြင့်ဆုံး အဂ္ဂမဟာငပေါရာဇာဘွဲ့ကြီးကိုတော့ ဖြင့် ဂေဟာ၏ ဂုဏ်ထူးဆောင် ခေတ်ဆွေး နာယကဂျီးနှင့် ဂေဟာ၏ ပိုင်အိုးနီးယားလဲဖြစ် အတော်ဆုံးလဲဖြစ်သော၊ အချောဆုံး၊ အချမ်းသာဆုံး၊ ပညာအရှိဆုံး၊ ဆုံး ဆုံး ဆုံး . . . . ဖြစ်သော ငပေါဂေဟာရဲ့ ငှက်ထကြီးကို ပေးအပ် ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။


ပုံ/
ငှက်ကထ ထက် များစွာ ချောသော ကိုယ့် ဂုဏ်ကိုယ် မဖော်လိုသူ သဘာပတိ

11 comments:

sait phay yar said...

ကြားဖြတ်ဆုလည်းရှိသေး...
ဘာပါမစ်ပေးမှာလည်းဟင်...
ဆုတော့ရပြီ....

Anonymous said...

ဟီး ပွတာဘဲ..
ဆုတော.ရပြီ
ပေါင်စား..နှံစား.ပြုတ်စား..ဖုတ်စားလို. ရပြီ
လုံခြုံတဲ. နေရာမှာ ဖွက်ဘို. ခေါင်းစားနေရပြန်ပြီ
ထူးပါဘူး..အပေါက်ဖောက်ပြီး လည်ပင်းဆွဲထားမယ်..

ပူးတွဲဆုဆိုတော.ကာ
များက ကော်ပီကူးပြီး ပေးထားပါတယ်.
လူဂျီးမြင်းတို.ခွဲလည်း များတို.က မကွဲပါဘူး..
ညှိလိုက်ပြီ.ဟီးဟီး
ကေလာမမ

Anonymous said...

ဟီး ပွတာဘဲ..
ဆုတော.ရပြီ
ပေါင်စား..နှံစား.ပြုတ်စား..ဖုတ်စားလို. ရပြီ
လုံခြုံတဲ. နေရာမှာ ဖွက်ဘို. ခေါင်းစားနေရပြန်ပြီ
ထူးပါဘူး..အပေါက်ဖောက်ပြီး လည်ပင်းဆွဲထားမယ်..

ပူးတွဲဆုဆိုတော.ကာ
များက ကော်ပီကူးပြီး ပေးထားပါတယ်.
လူဂျီးမြင်းတို.ခွဲလည်း များတို.က မကွဲပါဘူး..
ညှိလိုက်ပြီ.ဟီးဟီး
ကေလာမမ

မိုးသား said...

ဟွန်း.. နည်းနည်းလေး ဟ မိတာနဲ့ .. ဘလော့ဂ်ပေါ် တန်းရောက်တာပဲ..
မထူးတော့ပါဘူး....အားလုံးသိကုန်မှတော့.. မျက်နှာပူပူနဲ့ပဲ ဆုလာယူသွားတယ်..ဒါနဲ့... ပေါ ကိလေသာမဟာအဓိပတိရာဇာဘွဲ့ကော ပေးဘူးလားဟင်

ဗန်ပိုင်းယား said...

လည်ပင်းမှာပဲ ဆွဲထားမည် ဖြစ်ကြောင်း .. ကေလာ့ပုံမမြင်ရကြောင်း...

aungnyinyi said...

ဂုဏ်ပြုပွဲပါတီလေးဘာလေးလုပ်ကြဘူးလားဟင်(ရှလွတ်)
ဆုကတော်တော်မိုက်တာနော်

tututha said...

ဆုလာယူတယ်ဟေ့ ခပ်တည်တည်ပဲနော်။ ငှက်တကောင် ဘယ်အချိန်က ပို့စ်လာတင်သွားပါလိမ့် .. ကိုယ်ဖျောက်ပြီး ဆုလာပေးတာထင်တယ် ဟုတ်စ .. :(

sait phay yar said...

ငှက်က ၀ပ်နေရာကနေရောက်ရောက်လာတာ
ခွေးလွှတ်လိုက်ပါ..

ပေါနားရွက်ဘွဲ့ရ နန်းညီ said...

ငပေါဥက္ကဌ.. သူ့ကိုယ်သူများ အကောင်းဆုံးတွေချည်းပဲ ယူထားတယ်.. ဗြဲသွပ်သွပ်

Andy said...

ငါရေးတုန်းက ငှက်ကထပါပဲ၊ သဘာငတိကဘယ်လိုလုပ်နောက်ကပါလာပါလိမ့်.... ??

မောင်ရင်ညို said...

ဘာကွ ..................
လူတိုင်းအ တွက် အချိန်တိုင်းအတွက်
အကောင်းဆုံးအချိုရည် MAX
မှားလို့မှားလို့
ပေးတော့လည်းယူ ရမှာပေါ့

လယ်ရာကပြန်လာသူ