ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, May 17, 2009

အယ်ဂျုပ်၏ ပြည်တွင်းသတင်းများ

Internet တစ်ခေတ်ဆန်းပြီ
အမိပေါတောတောနိုင်ငံတော်မှ ကွန်ပျူတာများ connection မကောင်းသဖြင့် မြည်တွန်တောက်တီးသံများ မကြာခဏကြားနေရသောကြောင့် ငပေါဂေဟာကြီးမှ ဦးစီးကာ User များ အဆင်ပြေစေရန် အစီအစဉ်သစ်တစ်ခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယင်းသတင်းမှာ နိုင်ဂံဂျားမှ ခေါ်ယူထားသော အိုင်းစတိုင်းနှင့် အက်ဒီဆင်တို့၏ အမေမတူ ဖအေကွဲသားဖြစ်သူ တီထွင်ပညာရှင်ကြီးတစ်ဦးမှ connection ကျခြင်း speed နှေးခြင်းမှာ ကွန်ပျူတာများ တစ်လုံးနှင့် တစ်လုံး ဝေးကွာနေသောကြောင့်ဖြစ်ပြီး ယင်းတို့ကို တစ်လက်မခန့် အကွာအဝေးထားရှိပါက ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းရရှိသည်။
ထို့ကြောင့် မိမိတို့အိမ်ရှိ ကွန်ပျူတာများအား မ၍ ငပေါများဂေဟာတွင် အားလုံးစုပေါင်း ထားကာ သုံးစွဲခြင်းဖြင့် အလွန်ပင် အဆင်ပြေ ချောမွေ့မည်ဖြစ်ပြီး ကွန်ပျူတာများအား မိမိတို့နေအိမ်မှ တစ်ယောက်မကျန် ယူဆောင်လာရန် ငပေါဂေဟာမှ အမိန့်ချမှတ်လိုက် ကြောင်းလည်း သိရှိရသည်။
ဗင်းနစ်နှင့် ယိုးမှာ ရန်ပေါမြို့ကြီးလား
ရန်ပေါမြို့တော်ကြီးတွင် ကောင်းကင်မှ တိမ်တစ်စညိုရုံဖြင့် လမ်းမ၊ လမ်းသွယ်၊ ပလက်ဖောင်းပါမကျန် ရေလွှမ်းမိုးသွားခြင်း၊ မိုးစက်လေး တစ်စက်မျှကျရုံဖြင့် ပုဆိုးများ၊ ထမီများ စတင်မကြရခြင်း (စတိုင် ထုတ်ခြင်းမျှသာဖြစ်သည်။) စသည့်အခြေအနေများကြောင့် ရေသွားရေလာမှန် ကန်စေရန် ရေစီးမြောင်းများ ဖောက်ကြရသည်။ သို့ရာတွင် မည်သို့ပင် လျှောက်လုပ်ရေး ၀န်ကြီးအဖွဲ့နှင့် တည်မြောင်းရေးရာ ၀န်းကြီးတို့မှ ကြိုးစားပြုပြင်ပါသော်လည်း ရန်ပေါမြို့တော်ကြီး ကိုယ်တိုင်က အသုံးမကျ လွန်းသဖြင့် မိုးငွေ့မြင်ရုံဖြင့် ရေလည်ပင်းနစ်ဆဲပင်ဖြစ်သည်။
ထို့ကြောင့် ငပေါများဂေဟာမှ ဦးစီး၍ (မည်သို့မျှ လုပ်မရသည့်အတူတူ) ရန်ပေါမြို့ကြီးအား ဗင်းနစ်မြို့ကဲ့သို့ ရေပတ်လည် ၀န်းရံ၍ တည်ဆောက်သွားမည်ဖြစ်ပြီး လမ်းများတွင် လှေငယ်များဖြင့် လှော်ခတ်သွားလာစေရမည်ဖြစ်သည်။
ငပေါဂေဟာတွင် လှေငယ်များ၊ အငှားလှေများနှင့် ခရီးသည်တင်လှေများအား ပါမစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ယင်းလှေများအား စက်တပ်၍ CNG ပြောင်းလဲရမည်ဟုလည်း သတင်းရရှိသည်။
ငပေါနိုင်ငံတော်ကြီး မီးလုံးဝမှန်ပြီ..
ပေါတောတောနိုင်ငံတော်ကြီးဆယ့်နှစ်ရာသီ မီးလင်းစေရန် ငပေါဂဟာ ငှက်ကဌကြီး၊ နာယကကြီးနှင့် သဘာငတိတို့က ဒေါ်လာသန်းပေါင်းများစွာဖြင့် နိုင်ငံဂျားရေးဝန်ကြီးနှင့် လျှောက်လုပ်ရေးဝန်ကြီးတို့အား
အမေရိကန်နိုင်ငံသို့ စေလွှတ်၍ နျူကလီးယား စက်ရုံ တည်ဆောက်ရန်နှင့် နည်းပညာများ ၀ယ်ယူရန်စေလွှတ်လိုက်သည်။ သို့သော် ယင်းတို့မှာ အဖွဲ့ဝင်များ၏ ထုံးစံအတိုင်း မဆိုစလောက်အသုံးလွန်သွားရာ ဒေါ်လာသန်းပေါင်းများစွာမှာ တစ်ပြားတစ်ချပ်မှ မကျန်အောင်ဖြစ်ခဲ့ရသည်။ ငပေါ အဖွဲ့ဝင်များသည် လူတော်များသာ စုစည်းထားပြီး အရည်အသွေးမှာလည်း
အဆမတန်မြင့်မားလွန်းကြသောကြောင့် မကြာမီပင် ယင်းတို့မှာ အကြံတစ်ခု ရရှိခဲ့ကြသည်။ ယင်းအကြံအတိုင်း နျူကလီးယားစက်ရုံ မတည်ဆောက် ရမည့်အတူတူ နျူကလီးယား ဗုံးလေးလုံးအား (ထုံးစံအတိုင်း) ခိုးယူခဲ့ကြသည်။ ယခုအခါ.. ငပေါဂေဟာတွင် ယင်းနျူကလီးယားဗုံးကြီးလေးလုံးရှိနေပြီး ပေါတောတောနိုင်ငံတော်ကြီး လျှပ်စစ်မီး အဆက်မပြတ်ရစေရန်အတွက် ဂေဟာ နာယကကြီးကိုယ်တိုင်မှ ပေါနာရီ 4နာရီ 30မိနစ်တွင် စနက်တံအား မီးရှို့၍ ဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်သည်။
ယင်းနျူကလီးယားဗုံးဖွင့်ပွဲအခမ်းအနားကို ငပေါအဖွဲ့ဝင်များအားလုံး တက်ရောက်ကြမည် ဖြစ်ပြီး အယ်ဒီတာချုပ်တစ်ဦးသာ သြစတြေးလျသို့ သတင်းယူရန်ရောက်ရှိနေကြောင်း သိရှိရသည်။ အယ်ဂျုပ်ကလည်း အခမ်းအနား မတက်ရောက်နိုင်သည့်အတွက် ငပေါဂေဟာအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်ဟု ထပ်မံ သတင်းရရှိသည်။
အယ်ဂျုပ်ခရီးစဉ်နှောင့်နှေး
နိုင်ငံတကာ ပေါတောတောဂျာနယ်မှ အယ်ဂျုပ်ကြီး၏ သြစတြေးလျခရီးစဉ်တွင် အယ်ဂျုပ်၏ ဂုဏ်သတင်း ကြီးမြင့်လွန်းမှုကြောင့် ကမ္ဘာအနှံ့မှ မီဒီယာလောကသားများက ကမ္ဘာ့အကြီးကျယ်ဆုံး ဂုဏ်ပြုပွဲကြီးတစ်ခု ကျင်းပပြုလုပ်ပေးခဲ့သည်။ ယင်းဂုဏ်ပြုပွဲကြီးကို CNN, BBC, Newsweek, TIMES စသည့် ဂျာနယ်၊ မဂ္ဂဇင်းကြီးများမှ အယ်ဒီတာကြီးများ ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး အယ်ဂျုပ်ကြီးအား အပြည်ပြည်ဆိုင်ရာ
စာနယ်ဇင်းဥက္ကဋ္ဌအဖြစ် ၀ိုင်းဝန်းတင်မြှောက်ခဲ့ကြသည်။ သို့သော် လွန်စွာမှ အလိုနည်းပြီး ရောင့်ရဲတတ်သော အယ်ဂျုပ်ကြီးက ယင်းရာထူးအား လက်မခံပဲ ကမ္ဘာလုံးဆိုင်ရာ မီဒီယာဘုရင်ကြီးဘွဲ့သာ
ခံယူခဲ့ကြောင်း သတင်းရရှိသည်။ အယ်ဂျုပ်၏ မျက်နှာမှာလည်း ကင်မရာများမှ မီးများတဖျပ်ဖျပ်နှင့် ၀ိုင်းဝန်း ရိုက်ကူးမှုကြောင့် အနည်းငယ်ဖြူဖွေးသွားကြောင်းသိရှိရသည်။
ထိုအချိန်မှာပင် အွန်မှောင်နှင့် ရှရာအပိုမပါတို့က အယ်ဂျုပ်ကြီး၏ လက်နှစ်ဘက်ကို တွဲခို၍ စက္ကတေရီလုပ်ချင်ကြောင်း ၀ိုင်းဝန်းတောင်းပန်ပြောကြားနေစဉ် အေဗရာလည်ပင်းလေးက အယ်ဂျုပ်၏ လည်ပင်းကို မှီတွယ်ကာ သူမသာ ယင်းနေရာ ခန့်အပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (ဟိဟီ) ယင်းကြောင့် အယ်ဂျုပ်၏ ပြည်တော်ပြန်ခရီးစဉ်မှာ နှောင့်နှေး မည်ဖြစ်ပြီး ငပေါဂေဟာ နျူကလီးယားဗုံးဖွင့်ပွဲ အခမ်းအနားပြီးစီးမှ ပြည်တော်ပြန်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
mrmyanmar
အယ်ဒီတာချုပ်
နိုင်ငံတကာ ပေါတောတောဂျာနယ်..
BA(Tripple. Ah)

12 comments:

ဗန်ပိုင်းယား said...

သူကျမှ အဝေးရောက်ရတယ်လို့ . ရဘူး .. သူလာမှ ဖွင့်ပွဲလုပ် ...

မိုးသား said...

ဟင့်..ရဘူး..လူမစုံရင် ဒီပွဲ စဘူး...။ အားလုံး ပြန်ခေါ်..နို့မို့ဆို..သားလဲ လာဝူး...။

aungnyinyi said...

စနက်တန်ကို မီးမရှို့လို့မရဘူးလား ဗျို့ 

Anonymous said...

များက ဖွင်.ပွဲမှာ..
အနောက်က စနက်တန် မီးပန်း ဗန်းတော.ကိုင်ထားဘူး
ဂျပန်ကို ကြဲတဲ. ဗုံး ကိုင်ထားတယ်
လိုရင် သုံးလို.ရအောင်လို.
နည်းနည်းတော. ရင်းရမယ်
ဖြစ်လား
ကေလာမမ

zarny win said...

ဖွင့်ပွဲမှာ မိုးဟေကိုက ဗန်းကိုင်ပါရစေလို့ ပြောခိုင်းနေတယ်။ ဘယ်လို သဘောရသလဲ။ ဘယ်လိုအကြောင်းပြန်ရမလဲ။ မြန်မြန်ပြော။ နက်ဖြန် သူနဲ့ ချိန်းထားတယ်။း)

ငှက်ကထ said...

ဟုတ်တယ်... အဖွဲ့ဝင်အားလုံးစုံမှပွဲစလို့ရမှာ အယ်ချုပ်မပါရင်မလုပ်ဘူး

Andy said...

ဒါမှမဟုတ် အယ်ချုပ်ပြန်လာမှ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့တစ်ယောက်ထဲ ဖွင့်ခိုင်းကြရအောင်... ထောက်ခံကြပါသလားခင်ဗျား...

sait phay yar said...

အယ်ချုပ်ကသယ်လာတာလေ သူ့ကိုဂုဏ်သောအားဖြင့် ဂေဟာမှ လူများဝိုင်းထိုင်မည် အယ်ချုပ်တစ်ယောက်သာဖွင့်ပါစေ
ထောက်ခံပါတယ် ငှက်ကဥ

tututha said...

အမငီး စနက်တံမီးရှိ့တဲ့အလုပ်မှာ ကျွမ်းကျင်တယ်လို့ဘယ်တုန်းကပြောမိပါလိမ့်။

ကိုဖော်ထက် said...

ကြောက်တယ်။ ဝေးဝေးနေမှပဲလွတ်တော့မယ်။
သွားပြီဗျို့။ ...

Anonymous said...

မသိမသာ အရိပ်အမြွက်ပြောရင်
နားမလည်နိုင်ကြ-မသိနိုင်ကြလွန်းလို.
မိုးဟေကိုလို ပေါ်တင်ပြမှ
ဖြစ်တော.မယ်

ဗန်း ဗန်း ဗန်း
ကေလာမမ

mgnge said...

အဟင့်
ပေါ ငတိကို စု ချသင့်ပါတယ်