ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, May 14, 2009

နိုင်ငံတကာ ပေါတောတောဂျာနယ် စတင်ထုတ်ဝေခြင်း

မည်သူပေးပေးမပေးပေး.. ကိုယ့်ဘာသာ နိုင်ငံတကာ ပေါတောတော ဂျာနယ်ကြီး၏ အယ်ဂျုပ်ရာထူးရထားသူ mrmyanmr ၏ ရွပ်ရွပ်ချွံချွံ ဥစားမှု (အဲလေ) ဦးစီးမှုဖြင့် နိုင်ငံတကာ ပေါတောတောဂျာနယ်ကြီး ထွက်ပေါ်လာလေပြီ..
ဒန်တန့်တန်..
ရွှီ ဖြောင်းဖြောင်း..
ဖုန်းဖုန်းဖုန်း
ဗျောင်းဗျောင်းဗျောင်း..
အုန်းအုန်းအုန်း..

သတင်းများကို စတင်ဖတ်ရှုနိုင်ပါပြီ..

သတင်းစဉ်..

ဝက်တုပ်ကွေးရောဂါ အစည်းအဝေး

ယမန်နေ့ အရင်အချိန်က.. WTC (Water and Toilet Center) ကြီးတွင် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများက (ဘာတာဝန်လဲတော့မသိ) ယနေ့ ခေတ်စားလျှက်ရှိသည့် ၀က်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး၏ သဘောတူညီချက်တစ်ခုအရ ၀က်တုပ်ကွေးရောဂါ ပပျောက်အောင် ကာကွယ်သည့် အနေဖြင့် ၀က်သားတုပ်ထိုးများကို တတ်နိုင်သလောက် များများစားသုံးသွားကြရန် အစီအစဉ်ချမှတ်ခဲ့ သည်။

ထိုအချိန်တွင် အိုဘားမားက တောဝက်သားသည် ပိုကောင်းကြောင်းပြောကြားခဲ့ပြီး ဖြစ်နိုင်လျှင် ၀၀ကစ်ကစ် လေးများမြင်လျှင် ၀က်ဟုသာ သဘောထားပြီး မရအရ စားသုံးသင့်ကြောင်းမှာကြားကာ အစည်းအဝေးပြီးဆုံးခဲ့သည်။ ထိုသတင်းကို ရရှိပြီးနောက် မွေးမြူရေးခြံအတွင်းရှိ ၀က်မ အကောင်ရေ နှစ်သန်းခန့်မှာ အချစ်အတွက် သက်သေပြကာ ကိုယ့်ကိုကိုယ် သတ်သေသွားကြောင်းလည်း သတင်းရရှိသည်။

အိုစမာဘင်လာဒင်အား ဖမ်းမိခြင်း

တစ်နေ့က သက်ကြီးခေါင်းချချိန်တွင် အိုစမာဘင်လာဒင်အား ငပေါဂေဟာတော်ကြီး၏ အရက်ဆိုင် အတွင်းတွင် ဖမ်းဆီးရမိခြင်း သတင်းရရှိခဲ့သည်။ အိုစမာဘင်လာဒင်သည် ဟိုပုန်းသည်ပုန်းလုပ်နေသောကြောင့် ဘိုးတော်လိုလို ဘရသေ့လိုလိုဖြစ်နေသောကြောင့် ပြည်ထောင်စုပေါတောတော နိုင်ငံသို့ ပုန်းလျှိုးကွယ်လျှိုး ရောက်ရှိလာပြီး နှစ်လုံးဂဏန်းများ ပေးကာ အဆင်ပြေနေရင်းမှ ရှပ်ကီဆိုင်သို့ တစ်ယောက်ထဲသွားခဲ့သည်။ ထိုအချိန်တွင် “ရှုပ်ကူညီပါရစေ”ဟူသော ဆောင်ပုဒ်နှင့်အညီ ငပေါဂေဟာတော်ကြီးမှ ထောက်လှမ်းရေးအရာရှိများက ယင်းအရက်ဆိုင်အား ကူညီ၍ သောက်သုံးပေးနေကြစဉ် အိုစမာဘင်လာဒင်အား စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထောက်လှမ်းရေးများပီသစွာ အိုစမာဘင်လာဒင်အား လှည့်ပင် မကြည့်မိကြပဲ မိမိ အမြည်းကိုသာ အခြားသူများ လုစားမည်စိုး၍ အသားကုန် ၀ိုင်းကြည့်နေမိကြသည်။ ထိုအချိန်မှာအိုစမာဘင်လာဒင်က ၀က်သားနှင့်မမြည်းပဲ အခြားဟင်းလျာများနှင့်သာ သောက်သုံးနေသောကြောင့် ဘေးဝိုင်းမှ သူများက သတိထားမိကာ အိုစမာဘင်လာဒင်အား ၀ိုင်းဝန်းဖမ်းဆီး ရိုက်နှက်ပြီး မလှုပ်နိုင်အောင် မျော့နေသော အခါတွင်မှ ထောက်လှမ်းရေးများက သက်စွန့်ဆံဖျားဖြင့် လူအယောက် 40 ခန့်ဖြင့် ၀ိုင်းဝန်းရိုက် နှက်ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။ နောက်ဆုံး သတင်းအရ အိုစမာဘင်လာဒင်အား အပြစ်ဒဏ် မချမှတ်သေးပဲ လေယာဉ်ကြီးနှစ်စင်းကို မည်ကဲ့သို ခိုးယူခဲ့ကြောင်းနှင့် ယင်းနည်းစနစ်အား သင်တန်းပေးရန်အတွက် ငပေါဂေဟာတော်ကြီးမှ တာဝန်ရှိသူများက ၀ိုင်းဝန်းမေးမြန်းကြကြောင်း သတင်းရရှိခဲ့သည်။

ကွန်ပျူတာ ဟက်ကာများ၏ ဖေါက်တွင်းမှု

တစ်နေ့နေ့က ကွန်ပျူတာ ဟက်ကာတစ်ဦးသည် နေအိမ် တစ်လုံးထဲသို့ ၀င်ကာ အိမ်ရှင်တစ်ယောက် အိပ်ပျော်နေစဉ် ကွန်ပျူတာ တစ်လုံးအား အလုံးလိုက် ဟက်ကာလုပ်ယူ (ဖေါက်တွင်းယူဆောင်) သွားကြောင်း သတင်းရရှိသည်။ ယင်း ကွန်ပျူတာအား အဟောင်းတန်းတွင် ပြန်လည် သိမ်းဆည်းရမိပြီး ကွန်ပျူတာအား ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သို့မျှ မေးမြန်း၍ မရခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ပျံတစ်စင်း ပြတ်ကျခြင်း

ယမန်နေ့က လေယာဉ်ပျံတစ်စင်းသည် ပျံသန်းနေရင်း တစ်ပိုင်းပြတ်ကာ ပြုတ်ကျသွားပြီး ကျန်အပိုင်းက ဆက်လက် ပျံသန်းသွားကြောင်း သတင်းရရှိသည်။ ပြတ်ကျသွားသည့် အပိုင်းတွင် ပါဝင်သည့် ကလေးငယ်များက ဘိုးဘွားရိပ်သာတွင် တည်းခိုနေကြပြီး ရသမျှ ထမင်းဟင်းများအား တောင်းစားကာ ကျန်းမာရေးအခြေအနေ အားလုံး ကောင်းမွန်နေကြောင်း သိရသည်။ နောက်ထပ်လည်း လာသမျှ အားလုံးကို ဆက်လက်တောင်းစားသွားမည်ဖြစ် ကြောင်း ယင်းတို့က ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးမှ ဂါဇာကို ၀င်တိုက်

ဟိုနေ့က အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ၀င်ရောက်တိုက်ခဲ့ရာ ဂါဇာမှ ပြည်သူများ တော်တော်မူးသွားကြပြီး နောက်နေ့မနက် အလုပ်ပင်မဆင်းနိုင်ကြကြောင်း သတင်းရရှိခဲ့သည်။ ထို့အပြင် ထူးဆန်း သည်မှာ တိုက်သွားသော လက်နက်များမှာ ပြည်ထောင်စုပေါတောတောနိုင်ငံမှ ဂရင်းရွိုင်ရယ် တစ်ပိုင်းပြားများဖြစ် နေသောကြောင့် ထိုနိုင်ငံနှင့် ဆက်စပ်နေသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ထို့အပြင် ဂါဇာ ပြည်သူများက ရေမရောပဲ သောက်သုံးမိသောကြောင့် နိုင်ငံကာကွယ်ရေးတွင် အားနည်းနေကြောင်း ထောက်ပြကြသည်။ သို့သော် အထောက်ပြလွန်သွားသောကြောင့် ကျွမ်းကျင်သူများအား ဂါဇာ တာဝန်ရှိသူများအား ယမန်ကြီးတစ်ပတ်ဖြင့် အချုပ်ခန်းထဲတွင် ထိန်းသိမ်းခဲ့ရကြောင်းလည်း သတင်းရရှိခဲ့သည်။

အာဖဂန်နစ္စတန်တွင် ငလျင်ကြီးလှုပ်

အရင်တစ်လက အာဖဂန်နစ္စတန်တွင် ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့သောကြောင့် အိပ်ရာပေါ်မှလူများ အောက်ပြုတ်ကျ၍ အောက်ပြုတ်ကျနေသူများ အိပ်ရာပေါ်ပြန်တက်ခဲ့ရကြောင်း သတင်းရရှိခဲ့သည်။ ထိုသတင်းအား ဆန်းစစ်ချက်အရ ထိုအချိန်က လင်မယားစုံတွဲများ အများဆုံး မင်္ဂလာဆောင်ခဲ့သောကြောင့် ထိုသို့ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခဲ့ကြောင်းသိရှိရသည်။ အာဖဂန်နစ္စတန်ဝန်ကြီးချုပ်က နောင်ထို ကိစ္စမျိုးဖြစ် မလာနိုင်ရန် သမီးရည်းစားများ မင်္ဂလာဆောင်ပါက နှစ်ယောက်အတူတူ အိပ်စက်ခွင့်မရှိကြောင်း ဥပဒေချ မှတ်လိုက်ကြောင်းလည်း သိရှိခဲ့ရသည်။


mrmyanmar

နိုင်ငံတကာ ပေါတောတော ဂျာနယ် အယ်ဂျုပ်

BA.Tripple Ah. (အ၊ အိ၊ အု)

နိုင်ငံဂျားပြန်

14 comments:

ဗန်ပိုင်းယား said...

အင်း .... ရောက်ရောက်ချင်း ကလောင်တံနဲ့ ထွင်းပဲ .. ပထမဆုံး ဂျာနယ်တော့ထွက်ပီ ...

ဖိုးဂျယ် said...

ငပေါ ဂျာနယ်တွေ ရမယ် ငပေါ ဂျာနယ်တွေရမယ်။ တစောင်ကို သိန်း ၃၀၀ သိန်း ၃၀၀
လာထားနော် ဒါတောင် မှောင်ခိုငြော့်ရတာ
ငတိ ခိုးေ၇ာင်းတာ ဘယ်သူမှ မသိဘူး။

ဗီလိန် said...

အယ်ဂျုပ်ကတော့ ရောက်ရောက်ချင်းကို ကြမ်းနေပါရောလားဗျ။

chanye` said...

အယ်ဒီတာက တကယ်ရီစရာရေးတယ်နော် ခစ်ခစ် (ကောင်မလေးလိုရယ်တာ)

ရွှေယွန်း said...

ကြံကြံဖန်ဖန်ရေးတတ်တယ် :D

မိုးသား said...

ငပေါဂျာနယ်တွေ ..ငပေါဂျာနယ်တွေ...
သတင်းထူးတွေပါတယ်..သတင်းထူးတွေပါတယ်...

တောက်... အိပ်ကောင်းခြင်း မအိပ်ရဘူး..ဂေဟာထဲမှာ ငတိဆိုတဲ့ကောင် ဂျာနယ်တွေ လာရောင်းနေတယ်

tututha said...

အယ်ချုပ်ကြီး .. စက်ရပ်သတင်း မထည့်ရသေးဘူးနော်။ ဂေဟာတော်ကြီးက ပြန်ကြားရေးဝံဂျီးချမ်းရဲ ခြောက်သွားခြင်း .. ခြောက်ပုံမှာ ၅ ပုံထက်များပြီး ၇ ပုံထက်နည်းကြောင်း သိရ။ အဲဒါလေး ထပ်ထည့်လိုက်ပါ။ ဒါနဲ့ တယ်တော်တဲ့ အယ်ချုပ်ဘဲ လစာတိုးပေးဖို့ လက်မှတ်ထိုးပေးမယ်။ ဒီလကစပြီး ဒေါ်လှနှစ်သန်း ကို ယူလိုက်တော့နော်။

Anonymous said...

အယ်ချုပ်ရေ
လက်သံပြောင်လှချည်းလား
ဘယ်သူ ဖရက်ရှာ ၀ဲကုတ် လုပ်လုပ် မလုပ်လုပ်
မမ ကတော.. ၀ဲကုတ်ပါတယ်ကွယ်
မဟုတ်ရင်
မမ ခမျာမှာ သောင်ပြင်လွှတ်တဲ. ဟင်္သာမလေးလိုေ၈ဟာမှာ တစ်ကောင်တည်း အိုက်တိုးပေ၈းဆံနေရတာ
အခုမှ လူစုံတက်စုံနဲ..စိုစိုပြေပြေ ၀ိုင်းတောင် ထောင်လို.ရသွားပြီ..
ဂေဟာလေးက ပျော်ဘို.ကောင်းသွားပြန်ပြီ
အားလုံးကို လေးစားပါတယ်..
ကေလာမမ

zarny win said...

အဆွေတော် ဘင်လာဒင်ကို ဘယ်မှာ ချုပ်ထားသလဲ။
ချက်ချင်း ငါ့ဆီပို့ ပေး။
လက် မလွန်စေနဲ့။
သူ့ ကို ဗျူးမယ် ပြီးရင် အယ်လ်ဂျာဇီးယားကို အဲဒီဗျူး ရောင်းလိုက်မယ်။ ရလာတဲ့ ပိုက်ဆံကို အဖွဲ့သားတွေ ၀န်ကြီးတွေအတွက် ကွန်ပျူတာ တယောက်တလုံးစီ ၀ယ်မယ်။ ကဲ - ခေါ်ခဲ့။

ဝံဂျီးဂျုပ်

သမီးပျို said...

ဂျာနယ်ထဲမှာ ဗေဒင်လဲပါဘူး နောက်တစ်ပါတ်ဂျာနယ်မှာ ထည့်ပေး တိရား

Anonymous said...

တော်ပြီ တော်ပြီ
အာဖဂန် နစ်စတန်ကို
သွားတော.ဘူး
စိတ်နာတယ်
ကေလာမမ

Andy said...

နောက်တခါ ဆုပေးရင် အယ်ချုပ်ကိုပါပေးရတော့မယ်။

mrmyanmar said...

အိမ်း အနှီကဲ့သို့ ဂျာနယ်အား ဆဲဆိုကြိမ်းမောင်း ရိုက်နှက်ရင်း ဘလော့ဂါ မောင်နှမများ၏ အားပေးမှုကြောင့် နိုင်ငံတကာပေါတောတော ဂျာနယ် အပိုင်း(2) အတွဲပြူး (အဲလေ) အတွဲ(1) ဆက်လက်ထုတ်ဝေမည်ဖြစ်ပါကြောင်း..

အယ်ဂျုပ်.. BA(Trappile.Ah)
နိုင်ငံတကာ ပေါတောတောသတင်းဂျာနယ်ကြီး

ဇဝါ said...

ဟီး...ဟီး..ရီရတယ်။ ပေါ ပေါကြီးဟ