ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, May 1, 2009

လျှောက်လွှာ လက်ခံခြင်း ၂၄

အမည်                       -  mr myanmar
အသက်                     -  အင်္ဂလိပ်အတက် ဗမာအဆင်း ၊ ဂျပန်အ၀င် တရုတ်အထွက်၊ အိန္ဒိယအပြန် ထိုင်းအပြေး အချိန်တွင် မွေးဖွားခဲ့သောကြောင့် ယနေ့အထိ အမှန်မသိသေး (အသက် 3000ထောင် ဂုရုကြီးထက်တော့ တစ်နှစ်လောက်ငယ်မယ်ထင်တယ်)
လိင်                        -  ယောက်ျားပါဆို. (သူနော် ဟွန်း)
မှတ်ပုံတင်အမှတ်       - ISO 9000001
အဖအမည်               - ဦးအဏုမြူ
အမိအမည်               - ဒေါ်နျူကလီးယား
ပြုလုပ်ဖူးသည့်           -  မင်းတုန်းမင်းခေတ်တွင် ရံရွေတော်များအား ရေချိုးသန့်စင်ပေးခြင်း၊ အင်္ဂလိပ်ခေတ်တွင် ကုလားဖြူများအား ငါးပိရည်စားနည်းသင်တန်းပေးခြင်း
အလုပ်အကိုင်              - ဂျပန်ခေတ်တွင်.. ယင်းတို့၏ သေနတ်များအား ပဲကြီးလှော်ဖြင့် လဲလှယ်ရောင်းချပေးခြင်း နှင့် ယနေ့အချိန်တွင် သမ္မတ အိုဘားမားနှင့် ဗလာဒီမာရုစဗဲ့တို့၏ မွေးစားဖခင်ကြီးလုပ်ပေးခြင်း၊

ပညာအရည်အချင်း       -  အသုံးလုံး အစမှ အဆုံးတိုင် (အ၊ အု၊ အိ) (B.A. Tripple Ah)

ကျွမ်းကျင်မှု                -  မရှိသော အမှုများကို ရှာဖွေ၍၊ သေးငယ်သောအမှုများကို အဆမတန် ကြီးထွားလာစေကာ၊ ကြီးထွားလာသောအမှုများအား သောက်ပြဿနာမတက်တက်အောင် ဖန်တီးပေးနိုင်ပြီး၊ ပြဿနာတက်လာသော အမှုအား သေဒဏ်အထိ ကျေနပ်မှုရရန် ဆောင်ရွက်ပေးတတ်သည်။

တက်ရောက်ဖူး
သည့်သင်တန်းများ   -  အင်းစိန်ပြန် ဆရာကြီး ဒွာရငတက်ပြား၏ ဖောက်ထွင်းရေးသင်တန်း တောင်လုံးကျော် သိုင်းသမားကြီး၏ အတွင်းအား ပြောင်းပြန်ညှစ်ထုတ်နည်းသင်တန်း ကမ္ဘာကျော် စပိုင်ကြီး ဂျိမ်း စပြီး ပွန်း ၏ မိန်းကလေးများအား ချော့မြှူနည်းသင်တန်း စုံထောက်ကြီး ရှားလော့ဟုမ်းအလုန်း၏ ရွှံစက်ကိုကြည့်ရုံဖြင့် မည်သည့်အိုင်မှ ငါးပက်လာကြောင်းပြောနိုင်သည့် သင်တန်း
                                (ဟွန်း.. ဒါတောင် အကုန်မပြောရသေးဘူး)

ဝါသနာ                    -  မွှေရ.. ဖွရ.. သမရ.. ဆော်ရ.. တီးရ သမျှကို ၀ါသနာပါ၏

အဖွဲ့ဝင်လိုသည့်        -  ရိုးရိုးလေးပါ .. (မွှေချင်.. ဖွချင်.. သမချင်.. ဆော်ချင်.. တီးချင်လို့ပါခင်ည)
အကြောင်းအရာ

လိုချင်သည့်ရာထူး   -  ငပေါများဂေဟာ နိုင်ငံတကာ မီဒီယာတွင် အယ်ဒီတာဂျုပ်

လိုအပ်သည်များ      - (1)   အယ်ဒီတာဂျုပ်အား အကြောဆွဲပေးရန်၊ နှိပ်နယ်ပေးရန်၊ ကော်ဖီဖျော်တိုက်ရန်နှင့် ညဘက်ချမ်းလျှင် ထွေးပွေ့၍သိပ်ရန်၊ ပျင်းလျှင် အတူတူ ကဂျားပေးရန်၊ လက်လေ့ကျင့်ခန်းလုပ်လျှင် ကူညီလေ့ကျင့်ပေးရန် စက္ကတေရီ ချောချောလေး အယောက်နှစ်သိန်း (မိန်းကလေးဂျနော်..ပြီးတော့ အသက် 25 နှစ်မကျော်ရဘူး အိမ်ထောင်မရှိလည်း မရှိရဘူးနော်နော်နော်..)
                             (2)    အိုဘားမားစီးသောကား၊ မက်ဗီဒက်၏ လေယာဉ်ပျံနှင့် ဆာကိုဇီ၏ သင်္ဘောပေါင်းထားသည့် စီးတော်ယာဉ် (လောလောဆယ် နှစ်ခုပဲတောင်းဦးမယ်..ကျန်တာက နောက်မှ နောက်မှ )

ခန့်မှန်းလစာ             -  တစ်ဆွေလုံး တစ်မျိုးလုံး ချမ်းသာရုံလေးရရင် ကျေနပ်ပါပြီ..
မှတ်ချက်                - အခုလို ဂုဏ်သရေရှိ ပေါသော mr myanmarကို ဂေဟာမှ ကြိုဆိုပါတယ်။ ရာထူးနဲ့ လစာကတော့ အစည်းးဝေးခေါ်ယူကာ တွေ့ဆုံ တိုင်ပင် နှီးနှောရပါဦးမယ်။

7 comments:

Anonymous said...

များတို.က စက်စက်ရက်ရက်
ခေါက်ထံပါတယ်..
အသင်းသားတစ်ယောက်တိုးတာပေါ
မဟုတ်ရင် ၂ ကောင်တဲနဲ.တိုင်ပတ်နေတာ

ဖရက်ရှားဝဲလ်ကမ်းအတွက်
လာဒ်ထိုးထားရဲ.လား
လျှောက်လွှာမှာမတွေ.မိဘူးနော်
စာအုပ်ကြီးအတိုင်းလေ
ကေလာမမ

Unknown said...

ဆော်တီး ။ သမ စေသား ....
ကျွှန်ုပ် ကူးသန်းရေးဝံ ထောက်ခံပါတယ် ဂျာ...
မင်းငါ့ကို လာဒ်ထိုးထားတယ်ဆိုတာ
ဘယ်သူ့ကိုမှမပြောနဲ့နော် .. ဒါပဲ

မိုးသား said...

ထောက်ခံပါတယ်......
ထောက်ခံပါတယ်...
ခေါက်ထံပါတယ်...
ဒါနဲ့ ဘယ်သူ ဘာပြောသွားတာလဲဟင်..

ဗန်ပိုင်းယား said...

ကေလာ့ကို မဆော်ဘူး ဆိုရင် ထောက်ခံမယ်နော် .. ဒီမှာ မမ ဆော်ထားလို့ ဘုတွေ ထွက်နေတာ ..... မင်း ထပ်ဆော်ရင် .. ကေလာ တေဘီ

aungnyinyi said...

တာဝန်စတင်ထမ်းဆောင်လို့ရပါပီဗျား
ဖုန်တွေသုတ်လိုက်ဦး

Andy said...

ထောက်ခံပါတယ် x 10000000000000000

winhtay2010 said...

ထောက်ခံပါတယ်။ဘာကိုမှန်းတောမသိဘူး။
အကုန်ထောက်ခံပါတယ်....ဟဲဟဲ....