ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, May 5, 2009

မင်္ဂလာဆောင် (ဇာတ်သိမ်း)

ဒီလိုနဲ့ မင်္ဂလာဆောင်မယ့် ဟိုတယ်ကို ရောက်တော့ လူက စုံနေပြီ..
သတို့သမီးနဲ့ သတို့သားကတော့ ထွက်မလာသေးဘူး..
ကိုဟန်သစ်ငြိမ်ကြီးကတော့ ဘိသိတ်လူကြီးနေရာမှာ ခပ်တည်တည်နဲ့ ထိုင်နေတယ်... သြော် သူက ဘိသိတ်လူကြီးလုပ်မှာကိုး...
ကိုငြိမ်ရဲ့ ခပ်လှမ်းလှမ်းမှာ သူ့ မဒီက သူ့ကို ပြုံးပြုံးကြီး ကြည့်နေတယ်...မင်္ဂလာဆောင်လာတဲ့ ပရိသတ်တွေကလည်း သူတို့ စုံတွဲကို ပြုံးပြုံးကြီး ကြည့်နေကြတာပါပဲ....ကြည့်မှာပေါ့ ...သူတို့ စုံတွဲက ၀တ်စုံ ဆင်တူ ၀တ်လာကြတာကိုး...
ကိုငြိမ်ရဲ့ မဒီက ပါတိတ်ဝမ်းဆက်ကြီး ၀တ်လာတာဆိုတော့ ..ကိုငြိမ်ဝတ်ထားတာကိုလည်း စဉ်းစားကြည့်ကြပေါ့..ပါတိတ်ဆင်အထက်အောက်ဝမ်းဆက်နဲ့ ..ခေါင်းပေါင်းကြီးနဲ့ မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့ မင်္ဂလာစင်မြင့်ပေါ်မှာ ကိုဟန်သစ်ငြိမ်တို့များ သိပ်ခန့်တာပဲ....သူ့မဒီကြီးရဲ့ လက်ချက်နေမှာပေါ့နော်....လူတွေက သူတို့ကို ပြုံးစိပြုံးစိကြည့်နေတာကို အကောင်းမှတ်ပြီး ဒီလူကြီးကလဲ ပြုံးစိပြုံးစိ..သူမဒီကြီးကလဲ ပြုံးစိပြုံးစိ... ငါက သတို့သားထက်ပိုပြီး ချောလို့ နေမှာပေါ့ဆိုတဲ့ ဂိုက်နဲ့ ကိုဟန်သစ်ငြိမ်ကြီးလေ...( ရှက်လဲ မရှက်ဘူး..ဟီးဟီး)

ခဏနေတော့ မင်္ဂလာအခမ်းအနားစတယ်...
ကိုဟန်သစ်ငြိမ်ကြီးက မင်္ဂလာသြဘာကို အင်္ဂလိပ်လိုပြောတယ်...ဒါပေမယ့် အာဝါဟ..၀ိဝါဟဆိုတဲ့နေရာရောက်တော့ မပြောတတ်လို့ နေမှာပေါ့.. အာဝါဟ (စ်)..၀ိဝါ ဟ(စ်)တဲ့.. ဒါလေးပဲ ပြောစရာရှိပါတယ်...ကျန်တဲ့သူတွေက ဂရုတောင်မစိုက်ဘူး ..ဂေဟာက လူတွေကသာ အယ် ..ကိုဟန်သစ်ငြိမ်ကြီးတော့...ဘယ်သူမြောက်ပေးလိုက်တာလဲ မသိဘူး... ပေါရဲလိုက်တာနော်ဆိုပြီး ၀ိုင်းအားပေးနေကြတယ်..

သတို့သမီးမိခေါင်နဲ့ သတို့သား ဒိုလေးတို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနေကြတာပဲ..
ပြုံးမှာပေါ့.. မိခေါင်ကလဲ အခုမှ ယောက်ျားရတာ တကယ်သေချာသွားတာကိုး...နို့မို့ဆိုသူ့ ဘယ်သူမှ ယူမှာ မဟုတ်ဘူးဆိုပြီး..ဘောင်ကြဲ ..ကြဲနေရတာ..သူ့ခမြာလေ...
ဒိုလေးလဲ ဘာထူးလဲ.... လူကသာ ဘောလုံးကန်ကောင်းလို့ နာမည်ကြီးတာ... အခြောက်ကြီးဆိုပြီး ဘယ်မိန်းမကမှ သူ့ကို ယူချင်တာမဟုတ်ဘူး
သူ့ပိုက်ဆံတွေ မက်လို့သာ မိန်းမတွေက သူ့ကို ခဏတွဲနေတာ....
အခု မိခေါင်ကသာ သူ့ကို အတည်ယူတာ (သူလဲ ပိုက်ဆံမက်တာတော့ အနည်းအကျဉ်းပါမှာပေါ့နော်..ဘယ်သိနိုင်မလဲ)

မင်္ဂလာဆောင်မှာ အားလုံးအပျော်မျက်နှာတွေနဲ့ ပျော်နေတဲ့အချိန်မှာ လုံးဝမပျော်နိုင်တဲ့ လူတစ်ယောက်ကလည်း ရှိသေးတယ်..
ဘယ်သူရှိမလဲ...မိခေါင်ရဲ့ မြောက်မြားလှစွာသော ရည်းစားတွေထဲက တစ်ယောက်ပေါ့..... စနေဆိုတဲ့ တစ်ယောက်ပေါ့..
ခန်းမရဲ့ ချောင် ကျကျနေရာမှာ ထိုင်ပြီး မျက်ရည်တွေ ကျနေတာ.. ပါးစပ်ကလည်း အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာကို တိုးတိုးညည်းလို့ပေါ့..
နှစ်ကိုယ်ယှဉ်တွဲ.....ပျော်မြူးမယ့် ...လက်ထပ်မင်္ဂလာ...ဘာညာ..ဘာညာဆိုပြီးတော့လေ...

တကယ်တော့...သူက သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်နေတာ..ခက်တာက သူ့ကို ဘယ်သူကမှ ဂရုစိုက်တာမဟုတ်ဘူး..အားလုံးက မင်္ဂလာဆောင်မှာ ကျွေးတဲ့ ပဲကြီးလှော်က မပွကြောင်း.. သတို့သမီးမျက်နှာက မိတ်ကပ်လိမ်းထားတာ မသာရုပ်ကို ဆေးသုပ်ထားတာနဲ့ တူကြောင်း....သတို့သားက လူတွေ့တိုင်း လိုက်ပြုံးပြနေတာ မျက်နှာက မိုးမိထားတဲ့ မုန့်လေပွေနဲ့တူကြောင်းတွေလောက်ပဲ ပြောနေတာ သူ့ကို ဘယ်သူမှ ဂရုတောင်စိုက်တာမဟုတ်ဘူး.. သူက ရင်ဖွင့်ချင်ပါတယ်ဆိုမှ...
အဲဒါနဲ့ သူလည်း ၀မ်းနည်းတာတောင် လူမသိသူမသိဝမ်းနည်းရတာကိုစိတ်ပျက်လာတယ်..သူ့ကိုယ်သူလဲ စိတ်နာတယ် ..ခေါင်ခေါင့်ကိုလည်း စိတ်နာတယ်.. ဒိုလေးကိုလည်း စိတ်နာတယ်....ဖြစ်ရော..

ကတောက် !..
မိခေါင်ကို ဂလဲ့စားချေမယ်ပေါ့..သူဝမ်းနည်းသလို ၀မ်းနည်းရမယ်..ပေါ့...
ဒါနဲ့သူ စဉ်းစားတယ်..သူဝမ်းနည်းသလို သူခံစားရသလို မိခေါင်လည်း ၀မ်းနည်းစေရမယ်ပေါ့.. စကောလောက်မှ ဇောက်မနက်တဲ့ အကြံနဲ့ ..မင်္ဂလာပွဲကို ဖျက်ဖို့ ကြံပါလေရော..

အဲဒီမှာ ဓားစာခံဖြစ်သွားရတာက ဂေဟာက သတင်းထောက်လိန်လိန်..
လိန်လိန်ကလည်း သိတယ်မို့လား...သတင်းထောက်ဆိုတော့ မင်္ဂလာဆောင်မှာ သတင်းရှာနေတာ... ခန်းမရဲ့ထောင့်မှာ တစ်ယောက်ထဲ အံကြိတ်ပြီး ငိုနေတော့ သွားပြီးစပ်စုလိုက်တာ..

``အစ်ကို ဘာဖြစ်လို့ငိုနေတာလဲဟင်..´´
``ဒီလိုပါဟာ..နင်..နင်တို့ သူငယ်ချင်းခေါင်ခေါင်ကို သနားလို့ပါ..´´
``ဟင်..ဘာလို့သနားတာလဲဟင်..သူက ဘာဖြစ်လို့လဲ..အစ်ကိုကကော ဘယ်သူလဲ..´´
``မိခေါင်တော့ ဒွတ်ခရောက်မှာ မြင်ယောင်သေးတယ်.... တကယ်တော့ သူယူလိုက်တဲ့ စီရော်နယ်ဒိုဆိုတာ လူအစစ်မဟုတ်ဘူး´´
``သူတို့ အမျိုးက ပေါ်တူဂီမှာ သမန်းခွေးမျိုး´´
``ဘာာာာာာာာ...သမန်းခွေး..လူမဟုတ်ဘူး ..သမန်းခွေး´´
လိန်လိန် နည်းနည်းတော့ ကြောင်သွားတယ်...ဘာလဲဟ ..သမန်းခွေးပေါ့..ဒါပေမယ့် ကြာကြာမစဉ်းစားလိုက်ရဘူး..လူဖြစ်လိုက် ကျားဖြစ်လိုက်နဲ့ ..သမန်းကျားတွေအကြောင်းကြားဖူးထားတော့..သမန်းခွေးဆိုတာကို ချက်ချင်းလိုလို သဘောပေါက်သွားတယ်... ပြီးတော့ သူ မထင်မှတ်ဘဲ
သတင်းထူးတစ်ပုဒ်ရတော့မယ်ဆိုတာကို ရိပ်မိသွားတယ်..
ဘယ်ရမလဲ...ဂေဟာက အထူးသတင်းထောက်လိန်လိန်ပဲ..
``အို ..အစ်ကိုရယ် ဖြစ်နိုင်ပါ့မလားဟင်..အဲဒီလို တကယ်ရှိလို့လား..´´
``ရှိတာပေါ... ညဆိုရင်....ဒီကောင်ဒိုလေးရဲ့ ဖင်မှာ အမြီးပေါက်ပေါက်လာရော...သူက ငယ်သေးလို့ အမြီးတော့ သိပ်မရှည်သေးဘူး..သူ့အဖေဆို..အမြီးကြီးမှ တစ်တောင်လောက်ရှီတာ...အဲဒါ ငါ့ကိုယ်တွေ့´´
ဟင်...ဟုတ်လား.....
ခဏလေးနော်..အစ်ကို ကျမ ပြန်လာခဲ့မယ်သိလား...ဆိုပြီး လိန်လိန် ထပြေးတယ်..
ဒိုလေးက သမန်းခွေးဆိုတာဟုတ်မှာပဲ ..ဒါကြောင့်မို့ ဒီကောင် ဘောလုံးကန်ရင် အရမ်း အပြေးမြန်တာ..မျက်နှာကိုက ခွေးရုပ်လို့ စဉ်းစားရင်း မိခေါင်ဆီကို ပြေးတာ....
ဟုတ်တယ်လေ..ဒီသတင်းက အရေးကြီးတယ်မို့လား...မင်္ဂလာပွဲကိုလည်း ဖျက်သင့်ရင်ဖျက်ရမယ်လေ...
မိခေါင်ဆီရောက်တော့ ခဏဆိုပြီး လူရှင်းတဲ့နေရာကိုခေါ်..အကျိုးအကြောင်း ရှင်းပြရတယ်..
မိခေါင်က မယုံဘူး စိတ်တွေ ဘာတွေစိုးလို့...
ဟုတ်တယ်လေ..သူ့ဘဲကို သမန်းခွေးလို့ပြောတာ ဘယ်ကြိုက်မှာလဲ...မသကာ သမန်းကျားဆိုရင်တောင် ဟုတ်တုတ်တုတ်..

မိခေါင်နဲ့ ..လိန်လိန် စကားပြောနေတုန်း...
စနေတစ်ယောက်က ဒိုလေးရဲ့ အမျိုးတွေဆီကို ခြေဦးလှည့်ပြီး ထွင်လုံးတွေ သုံးနေပြန်ပြီ.လေ..
သူက မင်္ဂလာပွဲကို ဖျက်ချင်နေတာမဟုတ်လား...
``မိခေါင်တို့ အမျိုးက မြန်မာနီုင်ငံမှာဆို စုန်းမတွေ........ မျိုးနဲ့ ရိုးနဲ့ ပြုစားကြတာ..
လကွယ်ညတွေများဆို.. အနီးအနားမှာ ရှိတဲ့သူတွေကို ဖင်စအိုက နှိုက်ပြီး အူတွေကို တစ်ရစ်ချင်းဆွဲစားတာ...သူတို့ အမျိုးတွေ ညဘက်ထွက်ပြီဆို ခွေးတွေက အူ၊ မီးစုန်းတွေ တောက်...ဘာညာ..ဘာညာနဲ့ ပြောထားတာ..
သူတို့လဲ ကြောက်တာပေါ့..ဒိုလေးကို ပြန်ပြောပြတော့ ဒိုလေးကလည်း မယုံဘုး
အို..မိခေါင်ကသာ ဆွဲစားမယ်ဆိုရင် ဖင်ကတောင် နိုက်စရာမလိုဘူး..သူကိုယ်တိုင် ဗီုက်ခွဲကျွေးမယ်လို့တောင် ပြောလိုက်သေးတယ်..
ပြောသာ ပြောလိုက်ရတယ်..ဟုတ်များနေမလားဆိုပြီး ဇဝေဇ၀ါတော့ ဖြစ်တယ်..တစ်ခါတစ်လေ မိခေါင်ရဲ့ အကြည့်တွေက ခါးအောက်ပိုင်းမှာ နည်းနည်းတော့ ကြာတတ်တယ်လေ...

ဒီလိုနဲ့ မင်္ဂလာဆောင်က ပြီးသွားရော...
အားလုံးလဲ အိမ်ပြန်ပေါ့..ဂေဟာက လူတွေလည်း လက်ဖွဲ့တွေ ဘာတွေသိမ်းပြီး စားစရာသောက်စရာတွေ အိပ်ထဲထည့်ပြီး ပြန်ကုန်ကြပြီပေါ့..
ပြသနာက ဟိုတယ်မှာ ကျန်ခဲ့တဲ့ မိခေါင်နဲ့ ဒိုလေး
ဒီနေ့ညက သူတို့ရဲ့ မင်္ဂလာဦးည
ဒါပေမယ့် ခက်တာက မဟုတ်က ဟုတ်က သတင်းတွေကြားပြီး ဟုတ်နိုးနိုးဖြစ်နေကြတာ..

ညဦးပိုင်းရောက်တဲ့အထိ ဒိုလေးကလဲ မိခေါင်နား မကပ်ရဲသေးဘူး..
မိခေါင်ကလဲ ဒိုလေးနဲ့ ရှောင်ဖယ်ဖယ်ပေါ့
မိခေါင်ရဲ့ အကြည့်တွေက ဒိုလေးရဲ့ တင်ပါးတွေဆီ ခဏခဏရောက်နေတယ်..ဟုတ်တယ်လေ..အမြီးပေါက်လာရင် ဘယ်လို လုပ်မလဲ ..ဒီနေ့က လကွယ်နေ့ညကြီးလေ...
ဒိုလေးကလည်း မိခေါင်အကြည့်တွေ သူ့တင်ပါးပေါ်ရောက်ရောက်လာတာကို မင်္သကာတော့ဘူး၊ တစ်ခါတစ်ခါ ကြည့်ရင်လည်း အကြာကြီး..ပြီးတော့ မိခေါင်က တံတွေးတောင် မျိုချလိုက်သေးတယ် ...သူ့တင်ပါးကြီးကို ကြည့်ပြီး..ဂလုတဲ့ .....အီး.....ဒီနေ့လကွယ်နေ့ညကြီးလေ...
စကားပြောရတာလဲ အဆင်သိပ်မပြေဘူး..ဘယ့်နှယ် ..မင်္ဂလာဦးညမှာ ကြည်နူးရင်ခုန်ဖွယ်ရာ မတွေးနိုင်ဘူး... ကိုယ့်ဖင်ကို ဘယ်အချိန်လာနိုက်မလဲ ဆိုတာကြီးတွေးနေရတာ မစားသာဘူးမို့လား...
ကြာတော့ ဒိုလေးလဲ မခံစားနိုင်တော့ဘူး
ဒီလိုကြီးနေတာထက်စာရင် .. ရင်ဆိုင်လိုက်တာက ကောင်းမယ်လို့ တွေးမိတယ်.. .
မင်္ဂလာဦးဇနီးမောင်နှံရှိတဲ့ အခန်းဆိုတော့ ဟိုတယ်ကလဲ ..မီးတွေဖျက်ပြီး ညအိပ်မီးလေးတွေပဲ လွှတ်ပေးထားတာ.. အလှမီးရောင်စုံလေးတွေပေါ့...
အခန်းထဲမှာက တစ်ယောက်နဲ့တစ်ယောက်ကိုရိုးတိုးရိတ်တိတ်လေးပဲ ...မြင်နေရတာ..
မိခေါင်လဲကြောက်တာပေါ့.. ဒိုလေး သူ့အနားကပ်လာတော့..
လာပစေဦး ဒင်းတော့ ..အနားရောက်တာနဲ့ သူ့ဖင်ကို စမ်းကြည့်ပြီး အမြီးများတွေ့ရင်တော့ အမြီးဆွဲပြီး ကိုင်ပေါက်လိုက်မယ်ပေါ့..
ဒိုလေးကလည်း ...မဖြစ်တော့ဘူး..မိခေါင်ကို ပွင့်ပွင့်လင်းလင်းမေးကြည့်မယ်ဆိုပြီးအနားကပ်လာရော.........

``ခေါင်´´
ဒိုလေးက အသံခြောက်ကပ်ကပ်ကြီးနဲ့ ခေါ်လိုက်တယ်...
မိခေါင် လန့်သွားတယ်..
``ဟင်..ဟင်..ဘာလဲဟင်...´´
``ဟို တစ်ခုလောက်မေးချင်လို့ ရမလားဟင်´´
``အို ..မေးလေ...မေး´´
မိခေါင်လဲ ရင်တွေတုန်နေတယ်..သူ့ဖင်ဆီကို မသိမသာလေး လက်က သွားနေတာ...
ဒိုလေးကလဲ ..အရိပ်အခြေကြည့်နေတာလေ..မိခေါင်လက်က သူ့ဖင်ဆီကို တဖြည်းဖြည်း ကပ်လာတာ သိတယ်..
``အမငီး ..ဘုရားသခင်ကယ်ပါ..´´
ဒိုလေး ရုတ်တရက်ထပြေးတယ်..
ဟင်..မိခေါင် အံ့သြသွားတယ်..အစောပိုင်းကတော့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပါ..
အခုတော့ ဖင်တောင် မစမ်းကြည့်ရသေးဘူး...ဒိုလေးလန့်ပြီး ထပြေးတော့ တကယ်အမြီးပေါက်တာလို့ ယုံသွားတယ်
မိခေါင် အရမ်းဝမ်းနည်းသွားတယ်.....သူချစ်တဲ့ဒိုလေးက ဖင်မှာ အမြီးကြီးတန်းလန်းနဲ့ကိုး..
မထူးတော့ဘူး
ပွင့်ပွင့်လင်းလင်း..သိရအောင် အတင်းလုကိုင်မယ်ဆိုပြီး......ဒိုလေးဖင်ကို အတင်းလိုက်ပြီး စမ်းပါလေရော..
ဒိုလေးကလည်း သူ့ဖင်ကိုနှိုက်ပြီး အူတွေ စမ်းနေပါတယ်ဆိုပြီး အခန်းထဲမှာ ပတ်ပြေးနေတာပေါ့....
တစ်ချက်တော့ ပြေးရင်း ကုတင်စွန်းကို တိုက်မိပြီး အခန်းထောင့်မှာ ဒိုလေး ပြေးလို့မလွတ်တော့ဘူး..
မိခေါင်က မျက်လုံးကြီးပြူး ..မျက်ရည်တွေ ကျပြီး...လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ပြီး သူ့ဖင်ဆီကိုလာနေတာ..
ဒိုလေးက အခန်းထောင့်မှာ ခွေခွေလေးလဲနေပြီ...မထနိုင်တော့ဘူး... မိခေါင်ကလည်း သူ့ဆီကိုလာနေပြီ

မိခေါင်ကလည်း မျက်လုံးကို စုံမှီတ်ပြီး ``ယား´´ဆို ဒိုလေးကို ခုန်အုပ်ပြီး ဖင်ကို စမ်းလိုက်တယ်..
ဒိုလေးကလည်း လက်နှစ်ဖက်နဲ့ ဖင်ကို အုပ်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်တယ်.. သူ့ဘ၀တော့ ဆုံးပါပြီပေါ့..

မိခေါင်နဲ့ ဒိုလေး..အခန်းထဲမှာ ၀ုန်းဒိုင်းတွေကျဲနေတယ်.. ဟိုတယ်ဝန်ထမ်းတွေကလည်း ဒီစုံတွဲက အရမ်းကြမ်းပါလားပေါ့..၀ုန်းဒိုင်းကိုကြဲနေတာပဲပေါ့...
မိခေါင်က ဒိုလေးကို ဖက်ပြီး ဒိုလေးဖင်ကို အတင်းလိုက်စမ်းတယ်...
ဒိုလေးကလည်းသူ့ဖင်ကို လက်နှစ်ဖက်နဲ့ အတင်းပိတ်ပြီး မလုပ်ပါနဲ့ ခေါင်ရယ်...မလုပ်ပါနဲ့ ခေါင်ရယ်နဲ့ အတင်းရုန်းနေတယ်..
ဖြစ်ချင်တော့ ရုန်းရင်းဆန်ခတ်နဲ့ မိခေါင်က အမြီးတစ်ခုကိုသွားစမ်းမိတယ်ထင်တယ်...
ဟင်...အမြီးကြီး...အမြီးကြီး..
လာကြပါဦး..ကယ်ကြပါဦး ဆိုပြီး စွတ်အော်တယ်...
ဒိုလေးကလည်း... သူ့အမြီးကို အတင်းကြီး...ဆွဲညှစ်ထားတာခံရတော့....ကယ်ကြပါဦးဆိုပြီးအော်ငိုတယ်..
တကယ်ကို ၀ုန်းဒိုင်းကိုကြဲနေတာပဲ..မင်္ဂလာမောင်နှံအခန်းထဲမှာလေ...

လုပ်ကြပါဦး..ကယ်ကြပါဦးဆိုတဲ့ အော်သံတွေကြားမှ ဒါပုံမှန်မဟုတ်ဘူးဆိုပြီး ဟိုတယ်ဝန်ထမ်းတွေလည်း အပြေးအလွှားတံခါးလာဖွင့်တော့..အခန်းထဲမှာ ဒိုလေးရော ..မိခေါင်ပါ အော်ရလွန်းလို့ မြောနေပြီ..
နှစ်ယောက်လုံးကို ညတွင်းချင်း ဆေးရုံကို ပို့လိုက်ရတယ်..ကယောင်ကတန်းတွေ ပြောနေကြလို့လေ..

ဒိုလေးက `` စုန်းမ ..စုန်းမ.. ဖင်နှိုက်တယ်´´တဲ့.
မိခေါင်က `` အမြီး..အမြီး..အကြီးကြီးပဲ´´...တဲ့..
နောက်ရက်ကြတော့ ကျွန်တော်တို့ ဂေဟာက မိခေါင်လဲ အပျိုစင်စစ်နဲ့ တစ်ခုလတ်သွားပါလေရော...
စီရော်နယ်ဒိုဆိုတာ ပေါ်တူဂီကို ပြန်သွားတာ တန်းနေတာပဲဗျို့....

ဒီမှာက မင်္ဂလာဆောင် (၁)
ဒီမှာက မင်္ဂလာဆောင် (၂)
ဒီမှာက မင်္ဂလာဆောင် (၃)

6 comments:

ဗန်ပိုင်းယား said...

ကတောက် .. ခေါင်ခေါင်တို့များကွာ ..... နေရင်းထိုင်ရင်းနဲ့ ... ဟိ

Anonymous said...

အယ်..ဘယ်.ဂလိုဖြစ်သွားရတာလည်း.
အဲဒါကြောင်.ပြောတာ လူဆိုတာ ဘောလုံးပိုက်လာတာ မြင်ရတယ်..အမြီးပေါက်တာ မမြင်ရဘူးဆိုတာ..
ဟူး တော်သေးတယ်..များကို အသဲအသန် ပရိုပို.စ် လိုက်လုပ်တုံးက ဂိုးသွင်းကောင်းတဲ.ကိုကို ဖြစ်တော.မလို...မလို..မလို...ချီတ်မကောင်းပါဘူး ခေါင်ခေါင်ရယ်..ထိမိတာကို ထိတယ် ထိတယ်လို.မှတ်..ကိုင်မိတာကို ကိုင်တယ်ကိုင်တယ်လို.မှတ်....တရားနဲ.ဖြေဘို.
ပြောတာပါ..
ကေလာမမ

sait phay yar said...

အခုမှဘဲ ပြီးတော့တယ်။ ခေါင်ခေါင်လည်းမောနေရောပေါ့
ရေလေးဘာလေးတိုက်လိုက်ပါဦး....

ဗီလိန် said...

မိခေါင်တို့များ တယ်လည်း အနှိုက်ကြမ်းသကိုး။ :P

tututha said...

ကျုပ်ညီမ ခေါင်လေးကို လုပ်ကြံတာ ဘယ်သူလဲ ဟမ် :(

aungnyinyi said...

ရောနယ်ဒို ကိုလွမ်းတော့ဘူးလား