ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, May 3, 2009

တွေ့မိတာလေးတွေ

ဂေဟာသူဂေဟာသားများလဲ သူလည်းသူ့ အလုပ်နဲ့သူ ကိုယ်လဲကိုယ် အလုပ်နဲ့ကိုယ် အရှုပ်တွေလုပ်နေကြပါတယ်။ ရုံးကို အစီအရင်ခံစာ တင်ဖို့တောင် မအားကြဘူးဆိုတော့ ကူးသန်းဝန်ကြီးကပဲ
အကုန်လုံး ကိုလေ့လာရင်း တွေ့မိတာလေး (ဟုတ်ဟုတ် မဟုတ်ဟုတ်) သဘာငတိနှင့်တကွ ဆရာ့ဆရာများ အားလုံးကို အစီအရင်ခံ တင်ပြပါသည်။
(ကူးသန်းပြောသမျှမငြင်းပဲ ငြိမ်နေကြကုန်သော်).......

ဟိုနေ့က (ဘယ်နေ့လဲ အတိအကျ မသိတော့ပါ ကျွှန်တော်မှတ်မိတာက အဲ့ဒီ့နေ့က အီရတ်မှာ မိုးစရွှာတယ်) ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရန် စားသောက်လုပ်ငန်းခွင် သွားရောက် စစ်ဆေးကြည့်တာဗျာ အစားအသောက်တွေထဲမှာ အရောင်တင်ဆေး (သဘောင်္ဆေးဆိုလားပဲ) တွေ့ရလို့ ကျန်းမာရေးဝံကြီးကို အကြောင်းကြားတာ ဘာပြောတယ်မှတ်လဲ? အဲ့ဒါမင်းက သဘောင်္းဆေးတွေ အများကြီးတင်သွင်းတာကိုးတဲ့ သုံးစရာနေရာ မရှိလို့ လူတွေ အရောင်လှလှလေးစားရအောင် ထည့်ကြတာပေါ့တဲ့ ။
အော် .... ပြောမိတာကိုက ကျွှန်တော့အမှားပါဗျာ ။

နောက်တစ်နေ့ အင်တာနတ်ဆိုင်သွားတော့ ကြိုးပြင်နေတယ်ဆိုလားပဲ connection သိပ်မကောင်းဘူးဗျ .. အဲ့ဒါ ဆက်သွယ်ရေးဝံကြီးကို မေးကြည့်တော့ ... .. . ငါတို့ ကြိုးတွေ အောက်ပြုတ်ကျနေတာကို မင်းတို့ ကူးသန်းရောင်းဝယ်ရေးက ကုန်ကားတွေ တက်ကြိတ်လို့တဲ့ ...
ဟုတ်ကဲ့ နောက်ဆို မမေးတော့ပါဘူးဗျာ ......

ဒီလိုလျှောက်သွားရင်းနဲ့ မြို့ပြင်ရောက်သွားပါလေရော အဲ့ဒီ့မှာ လယ်ကွင်းတွေ တွေ့တယ်။ ဒါပေမယ့် ခြောက်ကပ်နေလို့ လည်ရာပြန်စားရေးကို စပ်စုပြီးမေးကြည့်မိတာ ဆယ်မြောင်းဝံကြီးက ငါတို့ကို တစ်မြောင်းပဲ ပေးတာကိုးတဲ့ အဲ့ဒါနဲ့ ဆည်မြောင်းဝံကို interview ကြည့်မိတာ .. .. ..မင်းတို့ကူးသန်း ကြယ်ခုနှစ်ပွင့်က သဘောင်္တွေ မြစ်ဝမှာလာပိတ်နေလို့ သူတို့ဆီ ရေတွေ မ၀င်ဘူးတဲ့ဗျာ .. သူတို့ဟာ သူတို့ဆယ်မြောင်းကို မြောက်ဘက်ကို မျက်နှာမူပြီး ဆောက်ထားပဲနဲ့ မြစ်က တောင်ဘက်က စီးမလားလို့ ပြန်မေးတော့ အဲ့ဒါ ဆောက်လုပ်ရေးကိုပြော တဲ့ ...........................
(အဲ့ဒီမှာ စတွေ့တာပဲ.... ချောဆုခင်နဲ့ ဘင်လာဒင်)

ဆောက်လုပ်ရေးဝန်ကြီးဆီ ရောက်ရော အဲ့ဒါ အခုမှစ၀င်လာတဲ့ အင်ဂျင်နီယာတွေ ဆောက်ထားတာတဲ့ .. သူတို့ ကျောင်းက သေချာ မသင်လိုက်ဘူးဖြစ်မှာ ပေါ့တဲ့ ငါ့နဲ့ဆိုင်ဘူး ပညာရေးညံ့လို့ဖြစ်တာတဲ့ .. အော် ဖြစ်မှဖြစ်ရလေခြင်း သွားလက်စ နဲ့ ထူးတော့ဘူး ဆိုပြီး ပညာရေးဝံကြီးဆီ ရောက်တော့ မင်းက စာရေးကိရိယာတွေမှ အများကြီး မသွင်းတာတဲ့ ... .. ..
ဟင် နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်တာပါပဲလား

တော်ပီ နောက်တစ်ခါ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေတုန်း ပြန်ကြားရေးဝံကြီးက ငါ့အလုပ်တွေ မင်းဝင်လုပ် ရလားဆိုပြီး တရားစီရင်ရေးကို တက်တိုင်တော့ ကျွှန်တော်နယ်နှင် ဒဏ် သုံးရက်ခံရတယ်ဗျာ .. အဲ့ဒါကြောင့် အထုပ်ပိုက်ပြီး လန်ဒန်ပဲသွားမယ်ဆိုတော့ နိုင်ငံခြားရေးဝံကို လာဘ်ထိုးပြီး (စာရင်းမမှတ်ထားမိသောကြောင့် ဘယ်လောက်လဲမသိတော့ပါ) .... သွားတော့မလို့ လုပ်နေတုန်း လူဝံမှုကြီးကြပ်ရေးက လာရစ်ပါလေရော မင်းသန်းခေါင်စာရင်းရှိလားတဲ့ အဲ့တော့ကျွှန်တော်က ဂျပိုးစာရင်းနဲ့ပဲနေတာ ပါဆိုတော့ မင်းလူကြီးကို လူကြီးမှန်းမသိဘူး (ဂေဟာစ၀င်ခါစက သူ့ ကိုပေးဖို့ မေ့ကျန်ခဲ့လို့ ထင်တယ်) ဆိုပီး ယဉ်ကျေးမှုသင်တန်း ပြန်တက်ဆိုတော့ တစ်နာရီလောက် ယဉ်ကျေးမှုဝံနဲ့ မနဲ ညှိလိုက်ရတယ်။ အဲ့ဒီ့နောက် သွားတော့မယ်လုပ်တော့မှ သစ်တောဝံကြီးက မင်းမရှိရင် ငါ့သစ်တုံးတွေ ဘယ်သူ ကူးသန်းပေးမလဲဆိုတော့ ကျွန်တော့်လက်ဖျား တပည့်တွေ ရှိတယ်လို့ ပြောလိုက်တော့ (ကျွှန်တော်တောင် လက်ဖျားခါရတယ်).... မင်းတပည့်တွေက စားသောက်ကုန်လုပ်ငန်းက အစာတွေ စားပြီး ကျန်းမာရေးမကောင်းဘူးတဲ့ .... ...( တိုင်ပတ်ပီ )

အဲ့ဒါနဲ့ပဲ သဘာငတိကြီးကို အကူအညီသွားတောင်းတော့ သူကိုယ်တိုင်ဝင်ရှုပ် တော့မှပဲ အားလုံး ရှင်းသွားတော့တယ်။ ဒါပေမယ့် သဘာငတိ ကတော့ အခုထိရှုပ်နေဆဲပါ ..............
(ဘာတွေဘယ်လို ရှုပ်လိုက်တယ်ဆိုတာကတော့ မပြောတော့ပါဘူးနော်)

ဟီး ၀န်ကြီးတွေလဲကုန်သွားပီ ။ အချင်းချင်း ရန်တိုက်ပေးနေတာမ ဟုတ်ဘူး။ နော် ........ ........ ......... မယုံရင် ထောက်လှမ်းရေးချုပ်ကို မေးကြည့် နာယကဂျီး နဲ့ငှက်ကဥ လည်းသိတယ် ။ ငြင်းမယ်တော့မကြံနဲ့ ဒါပဲ

7 comments:

Anonymous said...

အွန်း..၁၀ နှစ်မှာတစ်ခါလောက် ကိုယ်တိုင် ကွင်းဆင်းလာတာတောင် အောက်လက်ငယ်သားတွေက
ဖုံးဖုံးဖိဖိနဲ..လမ်းတွေခင်း ကျောက်ပြားတွေချ အကောင်းစားတွေ ဖောရှောလေးတွေ လုပ်ထားတော်မမူထားကြဘူးနော်..
သို.သော်ငြားလည်း အမှန်ကိုအမှန်အတိုင်းမြင်သွားသော် ၀န်ကြီးမျက်စိကို
အားလုံးကိုယ်စား ကေလာမမ က လေးစားကြောင်းပါ..
ကေလာမမ

tututha said...

ဟမ် နာယက ဘာမှမသိရပါလား .. အင်းလေ မသိဘူးပြောရင်လည်း တုံးရာကျဦးမယ် .. အဲတော့ သိတယ်ဟေ့ သိတယ် ..

aungnyinyi said...

သေဖော်ညှိနေတာနော် .. ဟီး

မိုးသား said...

ဟင်းးး
ငါ ဘာမှ မတိဝူးနော်
ငါ ..မပါဘူး
ဟင် ...........
ပါမစ်တွေ ပေးမှာလား
သိတယ် ..သိတယ်..
အဲဒါ ...၀ုတ်တယ် ..၀ုတ်တယ်

ဖိုးဂျယ် said...

ငတိ ရှုပ်ချက်ကတော့ ကမ်းကုန်တယ်
ဘာတွေလဲတော့ မသိဘူး။

ဗန်ပိုင်းယား said...

ကေလာ ဘာမှ တိဘူးနော်. . ကေလာက ကေလာ့ဘာသာ ကေလာ နေတာ... ဟိ

ဒူကဘာ said...

အဟေ...ဟေ ရီရသားပဲ
အမှန်မမြင်တဲ့ သူတွေ ကို အမြင်မှန်အောင် ထောက်ပြတာ ကောင်း၏။