ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, May 7, 2009

ကုန်ပစ္စည်းသစ် တင်မည်ဖြစ်ကြောင်း ကြေငြာခြင်း

အိုက်တန်းရှင်းပလိစ့်စ်စ် (ATT.....)
ဂေဟာသူဂေဟာသား အပေါင်းတို့ ခင်ဗျာ .. (လေးဒစ်စ့် အန် ဂျန်းဂဲမန်း )

ဂေဟာမှာရှိတဲ့ ခေတ်ဟောင်းနေပြီဖြစ်သော ဆိုက်ကျဲဒိုးများ အစား ငပေါကူးသန်းရောင်းဝယ်ရေး ၀ံကြီးမှ နောက်ဆုံးပေါ် ကားအသစ်များ အစားထိုးရန် တွန်းတိုက် လိုက်ရပါတယ် .....
နောက်ဆုံးပေါ် (07.05.2009 .. 093း0း45)လိပ်တက် ၊ ငါးတတ် (အချိန်အတိအကျနဲ့ပါတာနော်..အထင်သေးနဲ့) .. ဦးစ (U.SA) မှထုတ်လုပ်သော
ကားများ ကုန်တိန်နာ နဲ့ ပေါဂေဟာသို့ ရောက်ရှိလာပါပီ ဗျာ (မှာထားတာတင် တစ်နှစ်ကျော်ပီ ရှူးတိုးတိုး ဘယ်သူမှမပြောနဲ့နော်)

ကားနာမည်က ဆိုက်ရာဒို ဖြစ်ပါတယ် .. သူ့ရဲ့အသုံးဝင်ပုံကတော့ ခရီးကို ဆိုင်းမဆင့်ဗုံမဆင့်ပဲ အတိအကျ နှေးမှာဖြစ်ပြီး .. ဟွန်းသံမှ လွဲပြီးကျန်တဲ့ အသံများ အကုန်ထွက်မည် ဖြစ်ကြောင်း .. ။

၎င်းကားများကို ပရိုမိုးရှင်းအဖြစ် ဂေဟာမှ အဖွဲ့ ဝင်များကို လက်ဆောင်ပေးသွား
မည်ဖြစ်ပါကြောင်း .... လက်ဆောင်ပေးသော ကားများကို မိမိဘာသာ အင်ဂျင်တပ်
ဆင်ရမည် ။ ထိုအင်ဂျင်များကို တစ်လုံး ယူရို ၅သိန်းနှုန်းသာ ဈေးပေါပေါဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ပေါညီ ခေါ် ကူးသန်းဝံကြီးထံတွင် လက်ဆောင်ရသော ကားများကို လာရောက်ထုတ်
ယူနိုင်ပီ ဖစ်ကြောင်း ထပ်ဆင့်အကယ်ဒမီ (ဟုတ်ပါဘူး ရှုပ်ကုန်ပီ) ထပ်ဆင့်ကြော်ငြာ
အပ်ပါသည်။ မှတ်ချက်။ ။ လာရောက် မထုတ်ယူသော ဂေဟာမှလူများအား
ကူးသန်းခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း Underground မှသတင်းလွှင့်ထားသည်။

ပုံ/
ကူးသန်းဝံ (ပေါညီ)ကိုယ်တိုင် လက်မှတ်ရေးထိုးမှာ စားသည်။

လက်မှတ်

4 comments:

ဗီလိန် said...

တစ်စီးနဲ့တော့ မရဘူးနော်။

Anonymous said...

အောင်မြတ်လေး
ပေးတုံးမြန်မြန် ယူထားမှ
မဟုတ်ရင် စိတ်ပြောင်းသွားရင် ဒုက္ခ..
နောက် အ၀ယ်လိုက်လာရင်
လမ်းဘေးဆိုင်ကနေ ၀ယ်နေရမယ်..
နှေးတာ စိတ်မရှည်လို..
တွန်းရန် ကားတစ်စီးကို ၀န်ထမ်း ၅ ယောက်နှုန်းဖြင်.
အသစ်ခန်.ပေးမည်ဆိုရင်
ပိုအဆင်ပြေမည်ဟု ထင်ပါသည်။
ကေလာမမ

ဗန်ပိုင်းယား said...

ယူပီး လာထား ...

Unknown said...

လိုချင်သလောက်သာ ယူစေဗျာ ...
အင်ဂျင်တော့မ၀ယ်မနေရနော်
ဂေဟာကလူတွေ ကားတွန်းနေရမှာစိုးလို့ပါ ..
ပေါညီ