ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, September 13, 2009

အကျပ်အတည်းမှ ရုန်းထွက်ခြင်း (သို့မဟုတ်) ငှက်ကထကြီး၏ စီးပွားရေးနည်းဗြူဟာများ (သတင်းဆောင်းပါး)

အကျပ်အတည်းမှ ရုန်းထွက်ခြင်း (သို့မဟုတ်) ငှက်ကထကြီး၏ စီးပွားရေးနည်းဗြူဟာများ
(သတင်းဆောင်းပါး)

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြီး တစ်နှစ်နီးပါးရှိနေချေပြီ။ ကမ္ဘာ့စီးပွားရေးပညာရှင်များ ခေါင်းကုပ်ရုံမက၊ မျက်ဖြူပင် ဆိုက်နေကြပြီ။ မည်သူမျှ ဤကပ်ကြီးမှ ရုန်းထွက်ကျော်လွှားနိုင်ခြင်းငှာမတတ်နိုင်ကြသေး။ ယခင်ကထုတ်လုပ်မှုရှယ်ယာတစ်စုတန်ဖိုး ၂၀% ၊ ၃၀% မျှ တက်လျှင်ပင် ဒေဝါလီခံရမတတ်ဖြစ်နေသော ကုမ္မဏီများမှာ ယခုမှ ၀.၃% ၊ ၁% မျှသာဖြစ်လာကြသည်ကို “ငါတို့ကား စီးပွားရေး အကျပ်အတည်းကြီးမှ
ရုန်းထွက်နိုင်ချေပြီတကား” ဟုလက်မတစ်ထောင်ထောင်ဖြင့် ကြွားလုံးထုတ်နေကြသောဟူ၏။ ထိုအချိန်တွင် ငပေါများဂေဟာငှက်ကထကြီး ဦးအန်ဒီမှ ငပေါများဂေဟာ၏ ထုတ်လုပ်မှုရှယ်ယာတန်ဖိုးမှာ ၄၀% မျှတက်သွားသဖြင့် ငပေါများဂေဟာသည် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ ပထမဆုံး ရုန်းထွက်
နိုင်ချေပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ရာ ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ၊ အထူးပင်အံ့အားသင့်ခဲ့ကြရသည်။ အလုပ်မရှိ ကြောင်ရေချိုး ငပေါလူကြီးမြင်းများအနေဖြင့် မည်ကဲ့သို့သော စီးပွားရေးနည်းဗြူဟာများ ကျင့်သုံးလိုက်ကြလေသနည်း။ ကူသန်းဝံနှင့် အသင်းဝင် မမတို့၏ ကာစီနို-ဖဲ အား-ကစား ကွန်းပလပ်စ်ကြီးကပင် ငပေါဂေဟာအား စီးပွားရေးအကျပ်အတည်းမှ ကယ်တင်လိုက်လေသလော။

မဟုတ်ပါ။ ငှက်ကထကြီးဦးအန်ဒီ၏ တမူထူးခြားပြောင်မြောက်သော စီးပွားရေးနည်းဗြူဟာများကြောင့်သာဖြစ်ပါ၏။ ထိပ်သီး စီးပွားရေးပညာရှင်များပင် ဟိုလိုလိုဒီလိုလိုဖြင့် အူကြောင်ကြောင်လုပ်နေကြသည့် ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းလိုက်နိုင်သော ငှက်ကထကြီး၏ စီးပွားရေးနည်းဗြူဟာများကို တစေ့တစောင်း လေ့လာသင့်ကြပေသည်။

ပထမဦးစွာ ငှက်ကထကြီး၏ ကမ္ဘာစီးပွားရေးကပ်ကြီးအပေါ်အမြင်ကို ပထမဆုံး လေ့လာကြည့်သင့်ပါသည်။ ငှက်ကထကြီးက သူ၏စီးပွားရေးအကျပ်အတည်းအပေါ် ရှုမြင်ပုံကို ICBA (International Cut-purses and Baggers Association) ကြီး၏ညီလာခံတွင် အောက်ပါအတိုင်း ပြောကြားသွားခဲ့ဖူး၏။
“စီးပွားရေးအကျပ်အတည်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းများ ရှိနေသောကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းဟူ၍မရှိပါက စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်နိုင်စရာ အကြောင်းမရှိပေ။”
အလွန်မှန်ကန်သော စီးပွားရေး သီအိုရီတစ်ရပ်ပင်တည်း။ ယင်းသီအိုရီအတိုင်းပင် ငပေါဂေဟာအနှံ့ရှိ လူကြီးမြင်းများ၏ ဖြတ်စားလတ်စား လူကြီးမြင်းများပိုင် ချွတ်ခြုံကျလျှက်ရှိသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ငှက်ကထပိုင်သိမ်း၍ အလစ်ချောင်းနေကြသော တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန် အစရှိသော ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းကြီးများသို့ အပြီးပိုင်ရောင်းချလိုက်လေ၏။ ထိုအခါ ယခင်က အမြင့်ဆုံးငပေါဝင်ငွေမှ လစဉ် အနုတ်၂၀%မျှ အရှုံးပေါ်နေသည့်လုပ်ငန်းများမှာ ဝင်ငွေ ၀% သို့ ၂၀ရာခိုင်နှုန်း တိုးတက်သွားလေသည်။ လုပ်ငန်းများမရှိသည့်အတွက် အလုပ်လက်မဲ့နှုန်းများ တိုးလာမည်ဟု ထင်မှတ်စရာရှိ၏။ ငပေါဂေဟာသည် ဖား၊ ငါး၊ ပဒတ်၊ ငါးရှဥ့်၊ လယ်ကြွက် အစရှိသည့် မြေအောက် သယံဇာတများ။ ကန်စွန်း၊ ကင်းပုံ၊ မှိုနတို၊ ကညွတ် အစရှိသည့် မြေပေါ်သယံဇာတများ။ ထန်းရည်၊ ဓနိရည်အစရှိသည့် သဘာဝရှားပါးအဖိုးတန် "Liquor Product" များပေါကြွယ်ဝလှပေရာ ငပေါအများမှာ ကြွက်တူး၊ ကြောင်လိုက်၊ ငါးရှဥ့်နှိုက် အစရှိသော မြေပေါ်မြေအောက် တွင်းထွက်တူးဖော်ရေးလုပ်ငန်းများ။ ဓနိရည်ခံ၊ ထန်းတက်၊ အရက်ချက် အစရှိသည့် "Liquor Product" လုပ်ငန်းများဖြင့် လှလှကြီးစားသောက်နေထိုင်နိုင်ကြသေး၏။ထို့ကြောင့်ပင် “လူ့သမိုင်းတွင် အထိရောက် အမှန်ကန်ဆုံးသော စီးပွားရေး သီအိုရီ” ဟုဝိဂြိုလ်ပြုခံရသည့် ၎င်းသီအိုရီကို ယခုအခါ ဟားဗတ်၊ ကင်းဘရိတ်ခ်ျ၊ အောက်စဖို့ စသော ကမ္ဘာကျော်တက္ကသိုလ်ကြီးများမှ ဘောဂဗေဒပညာရှင်များအနေဖြင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာ လေ့လာနေကြရချေပြီ။

စီးပွားရေးအကျပ်အတည်းကို တန့်ထားနိုင်သော်လည်း ရှေ့ဆက်တိုးတက်ဖို့ လိုသေး၏။ ထို့ကြောင့် ငှက်ကထကြီးအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်စေရန်အတွက် စီးပွားရေး စားကျက်အသစ်များကို ရှာဖွေနေခဲ့လေသည်။ ထိုအချိန်၌ ကံအားလျှော်စွာပင်
သဘာငတိ၊ အမှုရှောင် နှင့် လူဝံမှုကျီးကြက်ဝန်ကြီးတို့ နှင့်အတူ ဝီသောက်၊ ဝီမှောက် အဖွဲ့ကြီး၏ ညီလာခံသို့ တက်ရောက်လိုက်နိုင်ခဲ့၏။ ထိုသို့တက်ရောက်လိုက်ခြင်းဖြင့် စီးပွားရေးအကွက်အကွင်းများကို မျက်ချေမပျက်စောင့်ကြည့်နေသော ငှက်ကထကြီးမှာ “မိမိအနေဖြင့် လပေါင်းများစွာရှာဖွေနေသော စီးပွားရေးအကွက်အကွင်းတစ်ခုကို
ယခုရှာဖွေတွေ့ရှိချေပြီ”ဟု တွက်ဆမိလိုက်သောဟူ၏။ ဤသို့ဖြင့် အဆိုပါညီလာခံကြီး၌ ရှိနေစဉ်အတွင်း ငပေါများဂေဟာအနေဖြင့် ဝီသောက်၊ ဝီမှောက်အဖွဲ့ကြီးသို့ ငပေါများဂေဟာ၏ ကြွယ်ဝသော ထန်းရည်၊ ဓနိရည် အစရှိသည့် "Liquor Product" များကို တင်ပို့နိုင်မည့် စီးပွားရေးစာချုပ်ကြီးတစ်စောင်ချုပ်ဆိုနိုင်ခဲ့လေတော့သည်။
အဆိုပါစာချုပ်ကြီးသည် ငပေါများဂေဟာ၏ အောင်မြင်မှုဟုဆိုနိုင်လေသည်။ ဤသို့ဖြင့် စီးပွားပျက်ကပ်ကြီးအတွင်း အလုပ်လက်မဲ့ဖြစ်ကြရရှာသော လူကြီးမြင်းများ၊ ဂေဟာသူ/သားများ၊ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ရှိ Liquor လုပ်ငန်းရှင်များ အားလုံးစုပေါင်းကာ CLP ကော်ပိုရေးရှင်းကြီး (Crazy Liquor Product Corporation) ကိုတည်ထောင်လိုက်လေတော့၏။
ထိုကော်ပိုရေးရှင်းကြီးမှနေ၍ ပြည်တွင်းထွက် Liquor Products များ အလုံးအရင်းဖြင့် တင်ပို့ရောင်းချ၏။ Liquor ဆိုင်များ၊ ကုမ္ပဏီများ သွားရောက်ဖွင့်လှစ်ကြလေ၏။ Liquor Product များရောင်းအားတွင်ကျယ်လာသည်တွင် ကျွဲကူးရေပါဆိုသလို ငပေါဂေဟာ၏ မြေပေါ်မြေအောက်တွင်းထွက်ပစ္စည်းများ၏ဝယ်လိုအားမှာလည်း တစ်ပတ်အတွင်း၌ပင် ကြောက်ခမန်းလိလိ
မြင့်မားသွားရလေတော့၏။ ဤသို့ဖြင့် တွင်းထွက်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့အလိုက် ထွက်ကုန်များကို အပြိုင်အဆိုင်တင်ပို့ရောင်းချကြသဖြင့် ငပေါဂေဟာ၏ ထုတ်လုပ်မှုတန်ဖိုး၊ ငွေကြေးတန်ဖိုး ရှိရှိသမျှတန်ဖိုးတို့မှာ စီးပွားရေးအကျပ်အတည်းနောက်ပိုင်း မကြုံဖူးအောင်ပင် အမြင့်ဆုံးသို့ရောက်ရှိသွားလေရာ နောက်ရက်အနည်းငယ်အတွင်း၌ပင် အထက်ကဆိုခဲ့သည့်အတိုင်း
ငပေါဂေဟာအနေဖြင့် ကမ္ဘာစီးပွားရေးအကျပ်အတည်းမှ ပထမဆုံးရုန်းထွက်နိုင်ပြီဟု ကြေငြာနိုင်ခဲ့သည်။

စီးပွားရေးပညာရှင်များက ငပေါဂေဟာ၏အောင်မြင်မှုမှာ ငှက်ကထကြီး၏ စီးပွားရေးသီအိုရီချည်း သက်သက်ကြောင့်တော့မဟုတ်ကြောင်း၊ ငပေါဂေဟာ၏ ကြွယ်ဝလှသော "Liquor Product" များနှင့် မြေပေါ်မြေအောက်တွင်းထွက်များကြောင့်လည်းပါကြောင်း။ အထူးသဖြင့် ကြွယ်ဝလှသော "Liquor Produt" များကို အကျိုးရှိစွာအသုံးချနိုင်လိုက်ခြင်းက
ငပေါဂေဟာကို အကျပ်အတည်းမှ ရုန်းထွက်စေနိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားကြလေသတည်း။

အောင်ဒီကန်
(သတင်းထောက်)


4 comments:

Unknown said...

စီးပွားရေးပြန်ကောင်းပီဆိုတော့
ဖဲပြန်ရိုက်လို့ရပီပေါ့နော် ......

tututha said...

ဒီသတင်းဆောင်းပါးဂျီးကို နယူးယောက်တိုင်းမ်စ်နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေက အပြိုင်ဝယ်ထည့်ချင်လို့ သတင်းထောက် အောင်ဒီကန်ကို ဆက်သွယ်မရ ဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ နာယကဂျီးက ဈေးအများကြီးပိုပေးတဲ့ မြန်မာ့ အမှောင်သတင်းစာမှာ ထည့်သွင်းဖော်ပြခွင့် ပေးလိုက်တယ်ဆိုတဲ့အကြောင်း ငပေါများသိစေအပ်ပါတယ် .. အောင်ဒီကန် မှောက်ရာအရပ်မှ အမြန်ဆက်သွယ်ပါ။

ပုံ - နာယကဂျီး

ဗန်ပိုင်းယား said...

ပွဲပြန်စတော့မယ်တဲ့ ... အကောက်ပြန်ရတော့မယ် ... ဟီဟိ

chanye` said...

lol ဒါမှ ငပေါဂေဟာကွ :D