ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, September 30, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၆)

ဒိုင်း... ဒိုင်း... ဒိုင်း... အုန်း... ဖုန်း... ရွီး... ဖြောင်း... ဖောက်... ဖောက်...

`ဟ ဟ… ဘာတွေလဲဟ... ဘာတွေလဲဟ...´ သေနတ်ဖောက်သံလိုလို ကြားတော့ အားလုံး လန့်ဖြန့်ကုန်ကြသည်။

အသံနှင့်အတူ ဇာတ်စင်ပေါ် ပြေးတက်လာသူကား... အာနိုးလိုလို၊ စတားလုံးလိုလို ပုံဖမ်းထားသည့် အရိုးခြောက် ဘော်ဒီနှင့် လျှောက်လုပ်ရေး ၀န်ကြီး ပေါငြိမ်။ ဘယ်တစ်ဖက် ညာတစ်ဖက် ဗျောက်အိုး သေနတ်တွေ ကိုင်ထားသည်။ ညနေဘက်ကြီး နေကာမျက်မှန်က တပ်ထားသေးသည့်အပြင် ခဲမှန်မှာကြောက်သဖြင့် ဆိုင်ကယ် ဟဲလ်မက်ကြီးပါ စွတ်လာသေးသည်။

`ဟဲ... ဟဲ... ဟဲ... မလန့်ပါနဲ့ ပရိတ်သတ်ကြီး... ပေါငြိမ် ဗျောက်အိုးဖောက်တာ သီချင်းဆိုမလို့ပါ...´

`ဟာကွာ... ဒင်နာကျွေးမယ်ဆိုလည်း ကျွေးဗျာ... လူတွေကို ဘာမှတ်နေလဲ...´

`ဒီလိုရှိပါတယ်၊ ကျွန်တော်တို့ ဒီနေ့ပွဲမှာ အထူးအစီအစဉ်အနေနဲ့ ကျွန်တော်တို့... ငပေါဂေဟာရဲ့ မာမီလို့ ပြောလို့ရတဲ့ နာယကဂျီး တူးတူးတာနဲ့ အတူ... သီချင်း တစ်ပုဒ်လောက် ကျွန်တော် သီဆိုချင်ပါတယ်...´

ဖြောင်း၊ ဖြောင်း... ဖြောင်း ဖြောင်း...

လက်ခုပ်သံတွေရော၊ ဗျောက်အိုးသံတွေပါ ဆူညံသွားတယ်။

`ဟုတ်ပါတယ်... နာယကဂျီးခမျာ... အလွန့်အလွန် အူချင်သော်လည်း ကြီးမှ အူသည်ဟု အထင်ခံရမည် စိုးတာကတကြောင်း... လူငယ်ခြေတက်လေးများကို ဦးစားပေးချင်တာက တကြောင်း... အကြောင်းကြောင်းတွေကြောင့် စင်ပေါ်မှာ လူလုံးမပြတော့ဘဲ ကြိုတင်ပြီး ဗီဒီယို အက်ဒစ်လုပ်ကာ ပေးပို့ထားပါတယ်... သီချင်းနာမည်က ဦးစောဘွဲ့မှူး ရေးခဲ့တဲ့ ရောဂါ သံစဉ်အလိုက်နဲ့ဖြစ်ပြီး `ပေါတာ´ လို့ အမည်ရပါတယ်...´

ဖြောင်း၊ ဖြောင်း... ဖြောင်း ဖြောင်း...

`ကဲ... စလိုက်ကြရအောင်... အဲ... မစခင် နာယကဂျီးနဲ့ အတူသီဆိုဖို့ ၀န်ကြီးများ အားလုံးကို စင်ပေါ် ဖိတ်ခေါ်ချင်ပါတယ်...´

`ဟာ... ရှုပ်ကရှုပ်နဲ့... ကိုယ့်ဘာသာဆိုဗျာ...´

`တော်ပါဗျာ...´

`မဆိုနိုင်ဘူး... ဘာလုပ်မှာလဲ... သူ့ဘာသာ နာယကဂျီး ၀မ်းဝိုးမန်းရှိုး လုပ်ပါစေလေ...´

တစ်ယောက်တစ်ပေါက် အသံတွေ ထွက်လာတယ်။

`ဟာ... ဒီလိုလုပ်ရင် နာယကဂျီး ပေါက်ကွဲမှာနော်... သူဒေါသကို အားလုံး သိတယ်နော... စင်ပေါ်မတက်တဲ့သူကို ဒင်နာမကျွေးနဲ့လို့ မှာထားတယ်...´

ဒီလိုနဲ့ ၀န်ကြီးတွေ မဆိုချင်ဆိုချင်နဲ့ စင်ပေါ်ရောက်လာတော့တယ်။

`၀ုန်း... တွီ တွီ တွီ တွီ... ကျီ... ကျီ ကျီ... ကလိ... ကလိ... ၀ီး ၀ီး... ကျီ... ကျီ ကျီ... တွီ တွီ တွီ တွီ... ဂျစ် ဂျစ် တစ်တစ်တစ်...´

အသံနှင့်အတူ ဇာတ်စင်နောက် ပိတ်ကား စခရင်ပေါ်မှာ နာယကဂျီး အီလက်ထရစ် ဂစ်တာကုတ်နေပုံ ပေါလာတော့သည်။ ဂစ်တာသံအဆုံးမှာ လျှောက်လုပ်ရေးဝန်ကြီးက စတင်ပြီး...

ပေါတတ်လွန်းတဲ့ စိတ်ဓာတ် မြေလွှာကို ဖောက်ထွင်းပြီး
အ၀ီစိထိဆင်းဖို့ ကျင့်ကြံလေသောအခါ...
ပေါတာ

ခွက်ပုန်းချပေါင်းသိပ်များလို့ ချောင်နေတဲ့ မျက်ကွင်းများ
မင်းရဲ့ ပုလင်းတွေ သွားရေကျမိကတည်းက
ပေါတာ

အလုပ်လုပ်တဲ့အချိန်ကြားထဲ ဂေဟာဝင် ဘလော့ဂ်ခိုးရေး
ဘော့စ်ကဆဲမှ လန့်အော်မိသောအခါ
ပေါတာ

အော်... ပေါကြ... ပေါကြ... ပေါကြ ဂါထာလို ရွတ်ရင်းက
ပေါသွပ်ခြင်းက ညအိပ်တဲ့အထိပါ
ပေါတာ

ပေါတာ... ပေါတာ...
ဂေဟာ မန်ဘာတွေဟာ ဆရာတင်ခဲ့နေရာတကာ
ဆရာကျိတ်မှိတ် ပေါဝေဒနာ
ပေါတာ... ပေါတာ...
ဤ ဇဗ္ဗူမြေတခွင်မှာ အတည်နေမယ့်ဓလေ့များ
အကြိမ်ကြိမ်မေ့ပျောက်သွား
ပေါတာ... ပေါတာ...

သီတင်းကျွတ်နီးချိန်ရောက်တော့ လူငယ်တွေ စတိတ်ရှိုးထဲ
အတူ သွားပြီးဟစ်ဖို့ ကြောက်နေပြန်တဲ့အခါ
ပေါတာ

ရုပ်ရှင်ထဲက သရဲမငိုနေတာ တွေ့ရင်းက
လျှောက်လုပ်ရေးရဲ့ မဏ္ဍပ်အကြောင်း တွေးမိလာ
ပေါတာ

ဝန်ကြီးအရှုပ်ထုပ်တွေကြားထဲ ၀င်ထိုင်ကာငိုချင်းချ
သီချင်းတစ်ပုဒ်လောက်တော့ နောက်ကွယ်ဆိုပါရစေ
ပေါတာ

ရရ မရရ... ရကြ ဆိုချင်တယ် လုပ်ဦးဟ
သီတင်းကျွတ်ပြီးရင် မဏ္ဍပ်မရှိလို့ပါ
ပေါတာ

ပေါတာ... ပေါတာ...
ဂေဟာ မန်ဘာတွေဟာ ဆရာတင်ခဲ့နေရာတကာ
အသာကျိတ်မှိတ် ပေါဝေဒနာ
ပေါတာ... ပေါတာ...
ဤ ဇဗ္ဗူမြေတခွင်မှာ အတည်နေမယ့်ဓလေ့များ
အကြိမ်ကြိမ်မေ့ပျောက်သွား
ပေါတာ... ပေါတာ...

ပေါတာ... ပေါတာ... ပေါတာ... ပေါတာ...
ပေါတာ... ပေါတာ... ပေါတာ... ပေါတာ...

ဤသို့ဖြင့် ငပေါများအားလုံး `ပေါတာ´ ဟုအော်ကာ နာယကဂျီး၏ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ၀ိုင်းပြီး ပေါကြလေတော့သတည်း။

ထိုစဉ်မှာပဲ... ဒင်နာကျွေးမည့် စရိတ်ကို မကျွေးဘဲ ရန်ဘုံးငွေထဲမှ ထပ်ဘုန်းချင်သော လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်မှာ ဇာတ်စင်မလွယ်ပေါက် လှေကားမှ အသာလေး လစ်ထွက်သွားသည်ကို တွေ့လိုက်တော့ ၀န်ကြီးတစ်စုမှာလည်း ပေါတာကို နောက်ထားပြီး ဗိုက်ဖြည့်ဖို့အရေး ဇာတ်စင်နောက်ကို ၀ရုန်းသုန်းကား ခုန်ဆင်း လိုက်သွားလေတော့သတည်း။

ဇာတ်စင်အောက်မှ အနည်းငယ်သော ပရိသတ်မှာလည်း နောက်ထပ် ဘယ်သူများ တက်ပေါဦးမလဲဆိုတာကို ငံ့တလင့်လင့် စောင့်စားရင်း မအူမလည် ပြုံးစိစိလုပ်ပြီး ကျန်ခဲ့လေတော့သတည်း။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်

6 comments:

နေ့အိပ်မက် said...

ဒီတစ်ပုဒ် အပေါဆုံးပဲ

ငှက်ကထ said...

ဒိထက်ပေါတာ လာဦးမှာဗျား

Unknown said...

ကောင်းတယ်ဗျာ ...(များများတိုက်နော်..)
ပေါညီ

မိုးသား said...

ပေါချက်ကတော့ လက်လန်တယ်...
ဘယ်သူ့အလှည့်လဲဟေ့...

tututha said...

ဟဲဟဲ မကြာမီဇာတ်သိမ်းမည် မျှော့်

အိပ်မက်ခြေရာ said...

ရွှီး...ဖြောင်း...ဖြောင်း .....ဖြောင်း..
ယောကျာ်းဘသားကွ...၀ုန်း...ဒိုင်း ..၀ုန်း..ဒိုင်း..
ဆုကို ခပ်တည်တည်ကြီးနဲ့ တက်ချ ပြီး ခပ်တည်တည်ကြီးနဲ့ပြန်ဆင်း သွားပါသည်။ သီချင်းလေး တစ်ပုဒ်ပါအစစ်ဆိုသွားသေးသည်..။
ဟေ့ ညီလေး မင်းပေါရဲ့သားနဲ့ တည်တည်ကြီးနေနေပြီး ခုထက်ပိုပြီးပေါလိုက်ဦး