ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, September 22, 2009

လျှောက်လွှာ လက်ခံခြင်း (၂၅)

အဖွဲ့ဝင်ဖြစ်ရန် အတွက် ကပ်ဖားယက်ဖားလုပ်ခြင်း

သတင်းခေါင်းစဉ် ( အဲ မှားလို့) သို့ ငပေါတို့ဂေဟာမှ သဘာငပိကြီးများ

ကျွန်တော် မောင်ဇွဲသူရ ထောင်သားအမှတ် (အဲ မှားပြန်ပြီ) အဖွဲ့ဝင်ဖြစ်ရန်အတွက် လျောက်လွာပုံစုံ လေး မရေးပေးလိုက်တဲ့အတွက် မရှိတဲ့အမှတ် ထဲက ၁ မှတ်နှတ်မယ်လို့ထင်ပါတယ်။ ဆက်လက်ပြီးတော့ တောင်းဆိုမှာက ကျွန်တော့်ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား။ ကျွန်တော်ကတော့ မတောက်တခေါက် တတ်တာလေးကိုအသုံးချပြီး ပျော်စရာနေရာတွေကိုလျောက်ဝင်ကြည့်ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သဘာငပိကြီးများအား ကျွန်တော့်အား အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုပါက အိမ်တိုင်ရာရောက် လာပြီးထမင်းစားမှာဖြစ်ပါတယ်ခင်ဗျာ။အားမနာပါနဲ့ ကျွန်တော်က 3 ပုဂံလောက် ပဲ စားတာပါ။ (မှတ်ချက် ဂေါ်ဇီလာ ၏သား စားသလောက် 3 ပုဂံ) နောက်ပြီး ကျွန်တော်က ပဲ သဘာပတိကြိးများကိုကျေးဇူးတင်လွာအနေနဲ့ ဖိတ်စာပို့လိုက်ပါမယ်။(မှတ်ချက် နာရေးဖိတ်စာ) ပို့လိုက်ပါမယ်။လက်ညောင်းတယ်ဗျာ တော်ပြီ လက်ခံချင်ခံမခံချင်နေ အဖွဲ့ဝင်ဖြစ်သွားပါက ကျေးဇူး ဂေါ်ဇီလာပါပဲဗျာ အဖွဲ့ဝင်ဖြစ်ခဲ့ပါက သဘာငပိကြီးများကို လက်ဖက်ရည်ဆိုင်ခေါ်ကာ ရေနွေးပူနဲ့ပက်ပါမည်


ကျေးဇူး ဂေါ်ဇီလာအဖိုး လောက်ပါ


ငပေါဖြစ်ချင်သူတစ်ဦး

6 comments:

Unknown said...

ဘာဝန်ဂျီးခန့်ရင်ကောင်းမလဲ ????

Unknown said...

ခေါက်တံပါတယ်

ပေါညီ

ပို့ဆောင်ရေးဝံဂျီး said...

ဘာရာထူးနဲ့ပေါချင်းမှန်းလည်းမသိ.. ဒွတ်ခ.. ပေါပညာ မပြည့်ဝသေးပါလား.. မှန်စမ်း.. ပညာရေးဝံဂျီးဘာလုပ်နေလဲမသိ ခွိ.. ခွိ...

အမှုရောင်နန်းညီ said...

ဘာရာထူးမှမတင်ရင် အသင်းသားဖြစ်သွားမယ်နော.. ကက်ဘိနက်တွေက လူစိစစ်မှု ကျပ်တင်းနေပါတယ်ဆိုမှ..

Unknown said...

အားကစားရေးဝံ
စက်မှုလက်မှုဝံ
ကြိုက်တာရွှေးဗျို့ 

mg said...

အသင်းသူလည်း ရှိတယ်..
အသင်းသား လည်းရှိတယ် ဆိုတော.ကာ...
မရှိသေးတာလေး..ဆိုတော.ကာ...
အသင်း....အသင်း...အသင်း
ဟိဟိဟိ