ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, September 24, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၁)

ဆီမီးတွေ ထိန်ထိန်ညီးနေသော သီတင်းကျွတ်ကာလဖြစ်တော့သည်။ လျှောက်လုပ်ရေးဌာန ရှေ့တွင် မဏ္ဍပ်ကြီ ဟီးနေအောင် ဆောက်ထားပြီး... စတိတ်ရှိုးပွဲ ကျင်းပနေခြင်းဖြစ်သည်။ နာမည်ကြီး အဆိုတော်များ တစ်ယောက်ပြီး တစ်ယောက် တက်ဆိုကြသည်။ မြန်မာပြည်၏ နာမည်အကြီးဆုံး အိုင်စီ တီးဝိုင်းအပြီးမှာ စင်ပေါ်မှ ကြေငြာသူမှ...

`အားလုံးပဲ အိုင်စီရဲ့ ဖျော်ဖြေမှုကို ကျေနပ်ကြမယ့်လို့ ထင်ပါတယ်... အခုတစ်ခါ အိုင်စီနဲ့အတူ မုဒ်အပြည့်နဲ့ ဆက်လက်ဖျော်ဖြေမှာကတော့ ကျွန်တော်တို့ ဒီမဏ္ဍပ်ကြီကို ရန်ဘုံးငွေထဲကနေ စရိတ်စက ကုန်ခံပြီး မတည် စပွန်ဆာလုပ်ပေးတဲ့ လျှောက်လုပ်ရေး ၀န်ကြီး ပေါငြိမ်ပဲ ဖြစ်ပါတယ်´

အစီအစဉ်ကြေငြာသူ၏ စကားသံနှင့်အတူ အရိုးခြောက်ကို မျက်မှန်ချိတ်ထားသော ဒီဇိုင်းနှင့် လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ် စင်ပေါ်တက်လာသည်။

`ပေါငြိမ်... ပေါငြိမ်...´

စင်အောက်မှ သူ့နာမည်ကို တစ်ခဲနက်အော်နေတာ ကြားတော့ လျှောက်လုပ်ရေးဝန်ကြီးလည်း မိုက်ကို ဆွဲပြီး စင်ရှေ့ကို ရင်ကော့ ထွက်လာတော့သည်။

`ပြန်ဆင်း... ပြန်ဆင်း…´

ရှေ့ရောက်မှ ပြန်ဆင်းလို့ အော်နေချေတော့ သူဘာလုပ်ရမှန်းမသိ၊ ထိုစဉ်မှာပဲ ပြောင်းဖူးရိုးတွေ၊ ရေသန့် ဘူးခွံတွေ စင်ပေါ်သို့ ပျံတက်လာသည်။

`မင်းတို့လက်တွေ လေထဲကို မြောက်ထားလိုက်...´
သူခပ်တည်တည်နဲ့ အော်ပစ်လိုက်တော့ စင်အောက်က ပစ်နေတာတွေ ရပ်သွားသည်။

`အားလုံးပဲ မင်္ဂလာပါ...´

`၀ါးဟားဟား... ငပေါကြီး...´ စင်အောက်မှ တစ်ခဲနက် ပြန်တုန့်ပြန်သည်။

`ဟုတ်ကဲ့... ကျေးဇူးပြုပြီး... မတ်တပ်ရပ်... အဲ... ခဲနဲ့ မပေါက်ကြပါနဲ့... ဒီနေ့ ကြွရောက်လာတဲ့အထဲမှာ... တစ်ဝက်လောက်က ငပေါတွေဖြစ်နေတော့...´

`ငပေါကြီး... ငပေါကြီး... ပြန်ဆင်း ပြန်ဆင်း...´ တစ်ခဲနက် အားပေးကြတော့သည်။

`ကျေးဇူးပြုပြီး... ပေါငြိမ်အတွက် ငြိမ်ငြိမ်လေး နေပေးကြပါ... ကျွန်တော် ဟို... ကောင်မလေးတွေ နိုက်ကလပ်မှာ ဖျော်ဖြေသလိုမျိုး သီဆိုပြပါမယ်...´

ပြောရင်း ၀တ်လာသော တီရှပ်ကို ချွတ်ပြီး စင်အောက် လူအုပ်ထဲ ၀ှီးကနေအောင် လွှင့်ပစ်လိုက်သည်။ နာမည်ကျော်တွေလိုတော့ တီရှပ်ကို လိုက်ဖမ်းတဲ့သူမရှိ၊ သူပစ်လိုက်တဲ့ နေရာမှာသာ ဝေါကနဲ လူရှဲသွားသည်။

`ဟုတ်ကဲ့... ခုလို တစ်ခဲနက် အားပေးတာ ကျေးဇူးပါ... ကျွန်တော်အခု သီဆိုမယ့် သီချင်းက အဆိုတော် အဲလက်စ်ရဲ့ `စားမှာပဲ´ သီချင်းသံစဉ်ကို ကျွန်တော်ကိုယ်တိုင် ကိုယ်ပိုင်စာသားသွတ်ထားတဲ့ `ပေါမှာပဲ´ ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်... ကိုခရမ်း... ဆွဲမယ်... ကြူ... အူ… အူ...´

`၀ူ... အူ... အူ... အူ...´

သူ့အသံနှင့်အတူ ဇာတ်စင်အောက်မှာ မှိန်းနေသော လမ်းဘေးခွေးတွေပါ ထအူကုန်တော့သည်။ အရေးမစိုက်ဘဲ ခပ်တည်တည်နဲ့ မိုက်ကိုဝှေ့ယမ်းပြီး လည်ပင်းမှာ တစ်ပတ်ရစ်လိုက်သည်... ပြီးတာနဲ့... တစ်ကိုယ်လုံး အသားကုန် လှုပ်ခါ လှုပ်ရမ်းပြီး...

မိုးလင်းထဲက စဉ်းစားမိတာာ ပေါဖို့ပါပဲ
ငါ မျက်စိမှိတ်လို့ အိပ်တဲ့ထိတောင် ပေါချင်နေတယ်
ဝမ်းနည်းပက်လက် စိတ်ညစ်တဲ့အခါ ပေါမိတာပဲ
အပေါင်းအသင်းများနဲ့ ရောင်းရင်းများရယ် စိတ်ကုန်နေလဲ။

ပေါမှာပဲ ပေါမှာပဲ ငါ့ကိုလာမတားနဲ့
ပေါမှာပဲ ပေါမှာပဲ စိတ်ပေါက်အောင် ပေါမယ်
ပေါမှာပဲ ပေါမှာပဲ အချစ်ရေလာမတားနဲ့
အိုသိပ်ချစ်တဲ့ မင်းလေးကတောင် စိတ်ကုန်နေတယ်။

ပေါမှာပဲ ပေါမှာပဲ ငါ့ကိုလာမတားနဲ့
ပေါမှာပဲ ပေါမှာပဲ စိတ်ပေါက်အောင် ပေါမယ်
ပေါမှာပဲ ပေါမှာပဲ အချစ်ရေလာမတားနဲ့
အိုသိပ်ချစ်တဲ့ မင်းလေးကတောင် စိတ်ကုန်နေတယ်။


စိတ်လွတ်ကိုယ်လွတ် မုဒ်အပြည့်နဲ့ ဆိုနေတော့ လျှောက်လုပ်ရေး ၀န်ကြီးခမျာ ပရိသတ်ကိုတောင် မေ့နေသည်။ သီချင်းဆုံးမှ ရင်ဘတ်ကိုကော့ မျက်မှန်ကို ဆတ်ခနဲပင့်တင် ပရိသတ်ကို မာန်ပါပါကြည့်ရင်း...

`အားလုံးကို ကျေးဇူးတင်ပါတယ်´

သူပြောတဲ့အချိန်မှာ.. စင်အောက်မှာ ပရိသတ် တော်တော်နည်းနေပြီ။ ငပေါတွေပဲ သည်းခံပြီး ဆက်ကြည့်နေတာ တွေ့သည်။ ဒီလူတွေကလည်း ကြည့်ချင်လို့ ကြည့်နေခြင်းမဟုတ်... ပွဲအပြီး ဒင်နာဖြင့် ဧည့်ခံမည်ဆိုသဖြင့်သာ စောင့်နေခြင်းဖြစ်သည်။ ဒါနဲ့ပဲ ကျေးဇူးတင်စကားကို ပြောင်းပြောတာ ကြားရတော့သည်။

`ကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျေးဇူးမတင်လည်း ရပါတယ်... အဟီး...´

ပြောပြီးသည်နှင့် လျှောက်လုပ်ရေးဝန်ကြီးလည်း ရှက်ရှက်နှင့် စင်ပေါ်က ဆင်းသွားလေတော့သည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၂) ကို စောင့်မျှော်အားပေးကြပါ။

5 comments:

နန်းညီ said...

ဆက်လက်သီဆို ဖျော်ဖြေဖို့ အလှည့်ကျသူများကတော့ ဘယ်သူတွေလဲဆိုတာ ... အပိုင်း ၂ ကို စောင့်စားအားပေးတော်မူကြပါကုန်.. ..

ဗီလိန် said...

တွင်းတူးလည်း ပါမယ်လေ။ အူး..........ဝူး.............. ခုတောင် အူချင်လာပြီ။ အဲလေ.... ဆိုချင်လာပြီ။

tututha said...

နာယကဂျီးမှာ အလွန့်အလွန် အူချင်သော်လည်း ကြီးမှ အူသည်ဟု အထင်ခံရမည် စိုးသောကြောင့် လူငယ်ခြေတက်လေးများကို ဦးစားပေး လိုက်ကြောင်း ... ကိုင်း အူကြပါကုန် ဟီဟိ

mg said...

အရမ်းလည်း မအူကြပါနဲ..
အူအူအော်ရင် ထိန်းဘို..
ဖြူဖြူကျော်သိန်း ကြီးလာလိမ်.မယ်နော်
ကြောက်ဘူးလား
ဝတ်ရုံကြီးနဲ.နော်...

aungnyinyi said...

သလိပ်ပျော်အသံကောင်းဆေးတွေနဲ့ 
ရေသန့်ဘူးတွေ ရောင်းကောင်းတော့မှာပဲ
ပေါညီ