ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, September 27, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၄)

ယခုတစ်ခါ .. အမှုရှောင် ပစ်ချသွားသော ဂစ်တာကို ကြိုးညှိနေသူက တော့ ပေါကေလာ တစ်ယောက်ဖြစ်ပါတယ် … လာကတည်းကို က ကို့ရို့ကားရား ဘောင်းဘီ .. တီရှပ်အနက် အကျပ်နဲ့ . . ရင်ဘတ်မှာလည်း KillER ဆိုတာ ကြီးကို အနီရောင်ကြီးနဲ့ ရေးထားသေးတယ်… ကြိုးညှိနေပုံ အသံကတော့
မယ်ဒလင် ညှိနေပုံပါပဲ …… ကြိုးညှိပီးသွားသည် သကာလ … . မိုက်ခွက်ကို ကိုင် .. ဟလို …ဟလို ဟလို .. အသံသုံးခါ စမ်းလိုက်သေးသည်။ …. ပီးမှ
အခု ဖျော်ဖြေဖို့ အလှည့်ကျတာကတော့ ဧည့်သည်တော့ ဂျင်ဂျင်လေး ဖြစ်ပါတယ် ခင်ဗျား ……
လူပုံသေးသေး ဂျင်ဂျင်လေးက တော့ စင်မြင့်ပေါ်ကို ချာလပတ်ရမ်းပီး တက်လာပါတယ်. (နာမည်နဲ့လည်း လိုက်ပါတယ် .. အဲဗား ချာချာလည်နေတာပဲ)
အဲဒီမှာ ပဲ .. ပေါကေလာမှ အင်ထရို စတီးနေပါပီ … အင်ထရိုကတော့ အများမျှော်လင့်ထားတဲ့အတိုင်း …
တွံတေးစိုးအောင်ရဲ့ ဦးနဲ့ သမီး ဖြစ်ပါတယ် ….. အင်ထရိုပင် မဆုံး သေး … အောက်မှ ပရိတ်သတ်ကြီးကလည်း သောင်းသောင်း ဖြဖြ ဖြင့် ဆင်းပါတော့ဗျို့ ကို သံပြိုင် သီဆိုနေကြလေသည်။
ဂျင်ဂျင်လေးမှလည်း … ဆင်းပါတော့ဗျို့သည် သူနှင့်မဆိုင်သည့်အလား …. အသံစူး၂ သေး၂ ဖြင့် စတင်သီဆိုလေတော့သည်။ …

သံယောဇဉ်ညှိတွယ် မိပီကွယ်..
ဒီငပေါဂေဟာကိုတော့ မသွားရမနိုင်ဘူးကွယ်…
ငတိရယ် ငှက်ရယ် .. ပေါဆရာများ မလာတဲ့ ရက်မယ်..
ဂျင်ဂျင်လေး တော့ သိပ်သိပ် လွမ်းတယ်
ဖဲမခိုးတတ်ပါ ချစ်သော ငပေါများရယ်
ဂျင်ပေါလေး ပေါ် သတိမှ ရပါရယ်စ ဦးငတိ တစ်ယောက်ရယ်….
(ငတိ ဟာမိုနီ အသံ)
မင်းမေးတဲ့ ဒီစကားလေးကို တန်ဖိုးထား ဖြေလိုက်ပါ့မယ် ..
ဦးတိလည်း မလာနိုင်ပဲ မှောက်နေပါတယ်ကွယ် …..


ငတိအသံမှ မဆုံးသေး … စင်အောက်မှ လာသော ပြောင်းဖူးရိုးက ဂျင်ဂျင်လေး နဖူးတည့်တည့်မှန်က .. ချာလပတ်ရမ်း ဒရီးဒယိုင်ဖြင့် ပြန်ဆင်းသွားလေတော့သည်။ … ကေလာမှာလည်း ဂစ်တာ အသာချကာ စင်ရှေ့သို့ခုန်ချပီး သူမဟုတ်သည့်အတိုင်း ခုံအလွတ်တစ်ခုတွေ ၀င်ထိုင်နေလိုက်တော့သည်။
ပေါကေလာ
---------------------------------------------------------------------------------------------------------------------
စတိတ်ရှိုးအစီအစဉ်အတွက် ရှောက်လုပ်ရေးဝန်ကြီးဖားပီးသကာလ
(ဆိုချင်လွန်းလို့) စင်ပေါ်တတ်လာပါတယ် ....
စင်ပေါ်တတ်လာတဲ့ ပုံကိုကြည့်ဦး ......
အင်္ကျီကပွပွ ဒူးခေါင်းလောက်ထိရှည်တယ် ... ဘောင်းဘီကလဲ အပွနဲ့
စင်ပေါ်တတ်လာတော့ ပရိတ်သတ်နည်းနည်းငြိမ်သွားတယ်
(ဘယ်ကဗိုက်ကြီးသယ် စင်ပေါ်တတ်လာသလဲပေါ့) ....
နောက်တော့မှ သီချင်းဆိုမယ့်လူမှန်းသိရော အရင်ဆုံး ဘီယာဗူးခွံအဖြစ်
လက်ဆောင်ရလိုက်တယ် ..
အဲ .. နောက်တော့ပြန်ငြိမ်သွားပြန်ရော ..
ဘယ်ရမလဲပေါညီလေ (လုပ်လိုက်ရင်တလွဲချည်း) DJ စက်ကြီးစင်ပေါ်တင်လာတာကိုး ... ( DJ စက်လိုပုံစံမျိုးပါ
စားပွဲ ပေါ်မှာ ရှေးဟောင်း ဓါတ်ပြားနှစ်ချပ်တင်ထားတာ .. အောက်မှာ
စပီကာနဲ့ ဆက်ထားတဲ့ ကက်စက်တစ်လုံးလေ ... ၇ှုးတိုးတိုး )
အခုကျွှန်တော်စဆိုမယ့်သီချင်းကတော့ '' ပေါသမမွှေ '' ဖြစ်ပါတယ်
အဲ့ဒီ့လိုလဲကြေငြာလိုက်ရော နှစ်ရပ်ကွက်ကျော်လောက်က သီတင်းကျွှတ်
မီးပန်းတွေဖောက်နေကြတယ် .. (တကယ်တော့ သူတို့ဟာသူတို့ဖောက်နေကြတာ ) ငါကွ ဆိုပီး ကိုယ့်ကိုကိုယ် အားပေးလိုက်တယ် (မဟုတ်မှန်းသိသိကြီးနဲ့လေ)
သီချင်းစဆိုလိုက်တယ် ................ နှာစည်းနေတော့ နှာသံထွက်နေတယ်

ပေါသံကို .. ကြားလိုက်ရင်ဖြင့်
ဘယ်သူတွေတားမရတယ်
ပေါလိုက်တဲ့မောင် ....
ပေါကြပါလားဟေ့ သူငယ်ချင်းတို့ရေ
ပေါကြိုက်တောင် .... ပေါလိုက်ပါလား .. အားအားအား ..

ဒိုင်း (စင်ပေါ်ပစ်ထဲ့လိုက်တဲ့ဗျောက်အိုးသံကတောင်ပိုနားထောင်လို့ကောင်းနေလားမသိ )
ဆိုရင်းနဲ့ DJ စက်နားတိုးသွား ဓါတ်ပြားနှစ်ချပ်ကို ကိုင်ရင်း ( အောက်ကမသိမသာ ခြေထောက်နဲ့ ကက်စက်ကိုဖွင့်လိုက်တယ် ) !@#$%^&*()_+ ကြွက်အော်သံတွေထွက်လာတယ် ...

ပရိတ်သတ်က မခံနိုင်တော့လို့ ရှုးဒိုင်းတွေကိုမီးရှို့ နေကြပီ ..
ိအခြေအနေကို အကဲခတ်ပြီး Dj စက်တောင်ပြန်မယူနိုင်တော့ဘူး
ဓါတ်ပြားနှစ်ချပ်ပဲမြန်မြန်သယ်ပီး .. အောက်ဆင်းပြေးလိုက်ပါတော့တယ် ...

ပေါညီ

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၅) ကို စောင့်မျှော်အားပေးကြပါ။

4 comments:

mg said...

စု ချချင်ပါသော်လည်း...အဲ
ဆု ချ ချင်တာပါ...(သော်လည်း)
အကြွေအခက်အခဲကြောင်..
နောက် တစ်ထောင်နဲ.ထပ်မြှောက်မှ
ပေါင်းယူတော.နော်..

ပေါငြိမ် said...

ဇာတ်စင်ကြီး မီးရှို့ပစ်ချင်လည်း ရှို့ဗျို့... ပေါငြိမ်တို့က အညိမ့်သား ပြီးသွားပြီ... ခဲနဲ့ပေါက်ပေါက် ရေနဲ့ ပက်ပက် လုပ်ချင်ရာသာ လုပ်ကြပေတော့... :D

ဗီလိန် said...

ဂျင်ဂျင်လေးရဲ့ ဘယ်လိုဒီဇိုင်းနဲ့ ဆိုတာလဲဟင်။

sait phay yar said...

ကေလာက မမ တွက် အမှတ်တရသီချင်းလေး ခပ်လွမ်းလွမ်းလေးငြီးသွားပါတယ်။ ၀မ်းသာစွာလက်ခုတ်တီးပေးလိုက်ပါတယ်