ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, September 16, 2009

ငပေါဂေဟာမှ လူဂျီးမြင်းများအားလုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်ဖြစ်ပေါ်

၈ . ၉. ၂၀၀၉ ခုနှစ်တွင် ဂေဟာလူဂျီးမြင်းများ စုစည်းကာ အစည်းအဝေးလုပ် ခွက်ပုန်းချမည့် အစီအစဉ်အား
လူတည်ဂုဏ်းမှ သတင်းရရှိပြီးနောက် ငပေါများ စုဝေးရာရပ်သို့ ဂေဟာလူဂျီးမြင်းများအားလာရောက် လုပ်ကြံကြပါသည်။

ပထမအကြိမ်လုပ်ကြံခြင်း

ငပေါလူဂျီးမြင်းများစုဝေးရာ ထောက်ချုပ်၏ တောင်ဒဂုံဌာနခွဲသို့  လူတည်ဂိုဏ်းမှ သတင်းရရှိပြီး
လုပ်ကြံသတ်ဖြတ်မည်ဟု သတင်းများထွက်ပေါ်နေသော်ငြားလည်း ထောက်ချုပ် ဧည့်ခံမည့် အရက်ကြောင့်
မပျက်မကွက် တတ်ရောက်ခဲ့ကြပါသည် ...
သို့သော် လူတည်ဂိုဏ်းမှ လူတည်များရောက်ရှိလာချိန်တွင် မည်သူမှမရှိဘဲ အခန်းအလွတ်ကြီး ဖြစ်နေသောကြောင့် ငပေါများက သတင်းကြိုရကာ နေရာပြောင်းသွားပြီဟု အထင်ရောက်ပြီး ပြန်လည်ထွက်ခွာ သွားကြသည်။ အမှန်မှာ ဂေဟာမှ လူဂျီးမြင်းများသည် ပေါဂေဟာစံတော်ချိန်နှင့် တိုက်ပြီးလာကြသောကြောင့် ပုံမှန်အချိန်နှင့် တစ်နာရီကျော်ခန့် နောက်ကျပီးမှ အသီးသီးရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီး ငပေါများအ၀င်နှင့် လူတည်များ အထွက်မှာကိုရီးယား ကားထဲကလို နဲနဲလေးကပ် လွဲသွားခြင်းဖြစ်သည်။

ဒုတိယအကြိမ်လုပ်ကြံခြင်း

လူတည်ဂိုဏ်းသားများသည် ငပေါများမူရင်းနေရာသို့ ပြန်လည်ရောက်ရှိနေကြောင်း သိရသောအခါ ..
ပြန်လည် ချီတက်လာကြသော်လည်း မူရင်းအစည်းအဝေးခန်းသို့ ပြန်ရောက်လာကြသောအခါ လူများမတွေ့ရပဲ
အရက်ပုလင်းခွံများသာ တွေ့ရှိရသောကြောင့် အစည်းအဝေးပွဲ ပြီးပြီဟုယူဆသွားကြသည် ။
အမှန်တကယ်မှာ လူဂျီးမြင်းများနှင့် ၀ံဂျီးများသည် အရက်မလုံလောက်သောကြောင့် အပြင်အရက်ဆိုင်သို့
သွားရောက်ကာ ဆက်လက် ဆွေးနွေးခွက်ပုံးချနေကြခြင်းဖြစ်ပါသည် ။ (ကံများကောင်းချင်တော့လဲလေ ... )

တတိယအကြိမ်လုပ်ကြံခြင်း

လူတည်များမှာ ၄င်းအရက်ဆိုင်သတင်းကို ကြားသိရသောအခါ စိတ်မလျှော့သေးပဲ အရက်ဆိုင်ကို အမြန်ဆုံး လိုက်လာခဲ့ကြပါသည် ။ သို့သော်လည်း ငပေါများ၏ ဘော်ဒီကတ်အဖွဲဖြစ်သော အာနိုးဦးဆောင်သည့်
ပေါအားရှင်အဖွဲ့များ ကင်းလှည့်ချင်ယောင် ဆောင်နေစဉ်နှင့်တွေ့ရှိပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
ပေါအားရှင်အဖွဲ့များမှာ ဂေဟာကလူဂျီးများ သေချင်သေပလေ့စေ အရက်ပုလင်းတွေ မထိစေရဟု စိတ်ထဲတွင် ဆုံးဖြတ်ကာ ခုခံကာကွယ်ကြရာ.... နောက်ဆုံးတွင် ပေါအားရှင်အဖွဲ့များမှ အနိုင်ရရှိသွားပြီး လူတည်ခေါင်းဆောင်ကြီးအား အရှင်ဖမ်းမိခဲ့ပါသည်။ ငပေါလူဂျီးမြင်းများမှာ အရက်ဆိုင်ထဲမှ ဘုမသိဘမသိ ထွက်လာပီးနောက် လူတည်ခေါင်းဆောင်ကြီးအား တွေ့ရှိခဲ့ပါသည်။ ပေါအားရှင် ခေါင်းဆောင်ကြီး အာနိုးမှ ရှင်းပြလိုက်သောအခါ ထောက်ချုပ် နှင့်ငှက်ကထကြီးမှာ လူတည်များအား မည်သို့ စီရင်ရမည်ကို နှစ်ယောက်သား တိုင်ပင်ကြသည်။ သဘာငတိမှာ မူးနေသောကြောင့် ဘာမှမသိပဲ ဟိုယိုင်ဒီယိုင်ဖြစ်လို့နေသည်။ ထိုအချိန်တွင် အသင်းသားရှုပ်ကြီးခေါင်ခေါင်မှ ပေါင်ချိန်ဇာတ်ကားစီဒီအား ယူဆောင်လာကာ ၀င်ရောက်တိုင်ပင်သည်။ အမှုရှောင်မှ လည်း အမှုမရှောင်နိုင်တော့ပဲ အားကျမခံ မဟောသဓတရားစီရင်ခန်း စာအုပ်ကိုယူဆောင်ခဲ့သည်။
နောက်ဆုံးတွင် လယ်ယာပြန်စားဝံ၏အကြံပေးချက်အရ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။

တရားစီရင်ခြင်း

လူတည်များမှာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် အင်းယားကန်ဇောင်း အပေါ်မှအောက်ထိ သက်စေ့လှိမ့်ချ ဟူသောအမိန့်ထုတ်ပြန်ခဲ့သည် ။

သဘာငတိမှာ ဘာမှမသိပဲ လူတည်များလှိမ့်ချနေသည်ကိုမြင်သောအခါ သူလည်း ၀င်ရောကာလှိမ့်ချတော့သည် ။ ၀ံဂျီးများကမှီရာ လှမ်းဆွဲခဲ့သော်လည်း မရတော့ပေ ... ငတိကြီးမှာ ခေါင်းပေါက်သွားပြီး ကူးသန်းဝံကြီးမှ အရေးပေါ် လူနာတင်ယာဉ် ခေါ်ယူကာ အနီးစပ်ဆုံး ၀ပ်ရှော့သို့ ပို့ခဲ့ရပါသည်။ လူဂျီင်္းမြင်းများအားလုံး အဖြစ်မှန်ကို ပြန်လည်ဆန်းစစ်သော် ဂေဟာကံနိမ့်နေသည်ဟု ဗေဒင်က၀ီမောင်စီစီက ပြောသောအခါ အညံ့ဆိုးများ ပျောက်သွားအောင် အကြံပေးခဲ့ပါသည် ..

ဂေဟာထဲမှ ကံအဆိုးဆုံးဖြစ်သော ငတိအားအောက်ပါတို့ကို လုပ်ဆောင်ရန် အကြံပေးခဲ့သည် ..

၉ ရက် ၉ လ ၂၀၀၉ ခုနှစ်တွင်
ဆီ ၉ ကျပ်သားဖြင့်ချက်ထားသော ၀က်သား ၉ ပိသာအား
အရန်ဟင်း ငါးသလောက်ပေါင်း ၉ ကောင်နှင့် အတူ တစ်ထိုင်ထဲစား၇န် ..
ပြီးနောက် အချိုပွဲအဖြစ် ဒူရင်းသီး ၉ လုံးအား ၊ အုန်းရည် ၉ ခွက်ဖြင့် စားသောက်ရန် ....
ထို့နောက် ည ၉ နာရီအချိန်တိတိတွင် '' season in the sun '' သီချင်းအား ၉ ခေါက်ရွှတ်ဆိုပြီး
အိပ်ဆေး ၉ လုံးသောက်ကာ ... '' ငါ့ကိုငါသိတယ်ကွ'' ဟု ၉ ခါကြွေးကြော်ခါ အိပ်လိုက်ပါက ပျောက်သွားမည်ဖြစ်ကြောင်း (အသက်ထင်တယ်)
မပြောကောင်းပြောကောင်း အိပ်နေရာမှပြန်နိုးလာလျှင် နေကြာစေ့ကိုးထုပ်
ကိုစားရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

သတင်းအစီအစဉ် ဒီမှာတင်ပီးဆုံးပါသည် ။

1 comment:

မိုးသား said...

ကောင်းလိုက်တဲ့ယတြာ...ကြားယုံနဲ့တင် သွေးတက်လာပြီ