ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, September 25, 2009

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၂)

လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်ဆင်းသွားပြီး ကြေငြာသူက.....

“ကိုပေါငြိမ်ကြီး အပြီးမှာ ဆက်လက် သီဆို ဖျော်ဖြေမယ့်သူက..... အားလုံး(ခဲနဲ့ပေါက်ဖို့) မျှော်လင့်စောင့်စားနေကြတဲ့.......”
ဆက်မပြောပဲ ရပ်လိုက်တော့ ပရိတ်သတ်ကလည်း ရင်ခုန်စွာစောင့်စားနေကြသည်။
“သူက လိန်ဖယ်လိန်ဖယ်နဲ့၊ ဓာတ်တိုင်ကို ကြိုးတုတ်ပြီး ကင်းမီးကောက်ထောင်ခိုင်း ထားသလိုလို၊ အုန်းပင်ကို အမြစ်က နှုတ်ပြီး ၄ စိတ်စိတ်ထားသလို ပုံစံမျိုးနဲ့။ မဆိုပါနဲ့ ဆိုတာလည်း ပြောမရလို့ ငါ......ကွ၊ ငါလုပ်ချင်ရာ လုပ်မယ် ဆိုလို့ အားနာပါနာနဲ့ ခွင့်ပြုလိုက်ရတဲ့။”
လို့ ပြောလိုက်သည်နှင့် တပြိုင်နက် ပရိတ်သတ်က..
“အာကြီး.... အာကြီး.... အာကြီး.... အာကြီး.... အာကြီး....”
“ဟုတ်ပါတယ်။ အာပေါဗီ ဖြစ်ပါတယ်.......”

ညကတည်း စင်ပေါ်တက်ဖို့ ရင်ခုန်ပြီး ပြန်ကြားရေး ပေးထားတဲ့ လက်ကျန်ဗော်ကာလေးကို ကစ်ရင်းတစ်ညလုံးမအိပ်ရသေးလို့ ယိုင်တိုင်တိုင်နဲ့ စင်ပေါ်တက်လာပြီး ထောက်တိုင်လေးကို အမီသဟဲ ပြုလို့ ပရိတ်သတ်ရှေ့မှာ မလဲအောင် ဟန်ထားလိုက်ရသည်။ မဏ္ဍပ်ထဲက လေတွေ အကုန်လုံးကို အတွင်းအားနဲ့ စုပ်ယူပြီး လည်ချောင်းသံ ခပ်ကွဲကွဲနဲ့ အော်လိုက်တာက.....
“မင်္ဂလာပါ.....................အာဟာဟာဟာ..အအအ”
“ဟှရို ဟှရို” အဲ သွားပြီ။ အသံမထွက်တော့ဘူး။ ကတုန်ကရင်နဲ့ ဟိုစမ်းဒီစမ်းလုပ်လိုက်တော့ ဘောင်းဘီအိတ်ထဲက အဝတ်လျှော်စက်ထဲပါသွားတဲ့ မှန်ချို လိပ်ခေါင်းဆေး။ မှန်ချိုက သလိပ်ပျော်အသံကောင်းဆေးလည်း ထုတ်တယ်ဆိုတော့ လိပ်ခေါင်းဆေးမှာလည်း သူ့ဓာတ်တွေ ပါချင်ပါမှာပဲဆိုပြီး မော့ချလိုက်သည်။
“အဟမ်း အဟမ်း၊ ဟလို တက်စတင်၊ ဟလို တက်စတင်”
မဏ္ဍပ်အပြင်၌ ကားသံများ ကားဟွန်းသံများ ဆူညံသွားသည် ဘယ်အချိန်ထဲက စောင့်စားနေလည်း မသိသည့် တက္ကစီ သမားများက တက်စတင်ကို တက္ကစီဟုထင်ပြီး အလုအယက် ရောက်လာကြခြင်းဖြစ်ပေသည်။ အသံက နည်းနည်းတော့ ထွက်လာပြီဆိုတော့ ဆိုလို့ရပြီ။ အောက်က ပရိတ်သတ်ကလည်း ဆူနေပြီ။

“သန့်ခရူး... အခုလို ပေါပေးတဲ့အတွက် အားလုံးအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။”
ပဲနည်းနည်းထပ်များလိုက်ပြီး မိုက်ကို ဖြုတ်လိုက်တော့ မိုက်ထိပ်ဖူးအလုံးကြီးပဲ ပြုတ်ထွက်သွားသည်။ ဟိုကြည့်ဒီကြည့်လုပ်ပြီး လူလစ်တုန်း ပြန်တက်လိုက်သည်။ ငတိဘေးအိမ်က မော်ဒယ်မမဆီက ပတ်ချွဲနှပ်ချွဲပြောပြီး ငှားထားတာ တော်ကြာမိုက်ပျက်သွားလို့ လူကို သိမ်းနေမှ ဒွတ်ခ။
“ဒီထဲမှာပါတဲ့ ကျနော့ ပေါသီချင်းလေးကို နားဆင်ပေးပါဦး”
“ဘယ်သူ ပေါထားတာလဲ သိတယ်မဟုတ်လား”
ပရိတ်သတ်ကလည်း...
“အာလိန်.... အာလိန်.... အာလိန်....”
ပရိတ်သတ်၏ အသံနှင့်အတူ ကီးဘုတ်ဆရာ ဗညားပေါက အင်ထရိုစဝင်လေပြီ

တလောင်... တလောင့်တောင့်တောင့်တလောင်....တလောင့်တောင့်တောင်လောင်.... တလောင့်တောင့်တောင်............

အတူပေါ အတူမူးကာ တို့ပေါခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ........
သူစိမ်းတွေကြားမှာ မုန့်စားရင်းနဲ့သာ ကောင်မလေးတွေ ငန်းကာ ကိုယ်ပျော်နေဆဲပါ........

CHO:
(ဂေဟာအဝေးသွားရတော့ ငပေါတို့ကို ထားခဲ့ရပြီပေါ့ မျက်ကွယ်ရာမှာ ကိုယ်ပေါရဦးမလေ........
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီး ပေါနေပါနော် ပေါရက်တွေကို တဖြည်းဖြည်း ပေါနေပါ........

ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ ၁ စပိတ်မြင် ဂေဟာတော်ရဲ့ ဖဲဝိုင်းလေးတွေ ပုံရိပ်ထင်........
ဤမှန်ကန်သော ငပေါရဲ့ သစ္စာတွေ ကြောင့် ဆုတောင်းပြည့်ခဲ့ရင် ဒိုင်ကိုင်တိုင်းသာ ကိုယ်ပဲ စားနေချင်........)၂

ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ ၁ စပိတ်မြင် ဂေဟာတော်ရဲ့ ဖဲဝိုင်းလေးတွေ ပုံရိပ်ထင်........
ဤမှန်ကန်သော ငပေါရဲ့ သစ္စာတွေ ကြောင့် ဆုတောင်းပြည့်ခဲ့ရင် ဒိုင်ကိုင်တိုင်းသာ ကိုယ်ပဲ စားနေချင်........

ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ ၁ စပိတ်မြင် ဂေဟာတော်ရဲ့ ဖဲဝိုင်းလေးတွေ ပုံရိပ်ထင်........
ဤမှန်ကန်သော တိုင်တည်ထား ငပေါသစ္စာ ဆုတောင်းပြည့်ခဲ့ရင် ဒိုင်ကိုင်တိုင်းသာ ကိုယ်ပဲ စားနေချင်........

အော်ဟောဟော့ဟော်ဟော်

ဒိုင်ကိုင်တိုင်းသာ ကိုယ်ပဲ စားနေချင်...........................................


သန်ခရူး................ ဘယ်လိုလဲ အဆင်ပြေလား... အဆင်ပြေရင် ခဲနဲ့ ပေါက်စေချင်တယ်....။

ပြောလည်းပြော ပြေးလည်းပြေးရသေးသည်။ အဆင်ပြေမပြေတော့မသိဘူး။ ခဲများကတော့ စင်ပေါ်ရောက်နေပြီ။

အတွင်းရေးမှူး - ၂
ပေါဗီ

လျှောက်လုပ်ရေး ၀န်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ် (၃) ကို စောင့်မျှော်အားပေးကြပါ။

4 comments:

mg said...

ဆောင်းရီကွက်...ဆောင်းရီကွက်....
ပလိ - ပလိ..

အစီအစဉ် ၃ မှာ မေစိ ရဲ.
ညောင်....
အယ်...မောင် သီချင်းကို
" ပြောင် " အဖြစ်
ဂေဟာမှ တစ်ဦးတည်းသော်
ကိုးယို.ကားယား ပေါမမ အား
၈ဲ တန်ချိန် ၁၀၀ ဖြင်.
ဆောင်းရီကွက်ပါကြောင်း

နန်းညီ said...

ရီကွက်ကို.. အလေးအနက်ထား စဉ်းစားပေးပါ့မယ်.. အစီအစဉ် ၃ မှာတော့ မရလောက်ဘူးချင့်..

ပေါငြိမ် said...

ထူးအိမ်သင်ရဲ့... `ငပေါဆိုသည်မှာ´ သီချင်းကိုတောင်းဆိုပါတယ်...။ ဒါမှမဟုတ် `အလွမ်းရဲ့ ပေါသံများ´... ဒါမှမဟုတ် `ပေါပေါလေးနဲ့ သွပ်သွပ်လေး´... အဟေး ဟေး...။

aungnyinyi said...

ပရိတ်သတ်တွေ ခဲနဲ့ပေါက်တာတွေ
ရေဗူးနဲ့ပေါက်တာတွေ
လူကိုထိရင်ထိပစေ
ဆောင်းဘောက်စ် တွေမထိစေနဲ့ဗျို့ 