ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, December 8, 2008

ကိုယ်တွေ့ ဖြစ်ရပ်မှန်သတင်း

ကျတော်မနေ့က သဘာပတိနဲ့အတူ အတွင်းရေးမှူး၂၊ အသင်းသားချုပ်ကြီး၊ တရားစီရင်ရေးဝန်ကြီး၊ နာယကကြီးတို့အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း၊ ကျတော် ထင်ထားသော ပုံစံများနဲ့ များစွာကွာခြားကြောင်း။
နာယကမှာ လွန်စွာ ရေခပ်ကောင်းသူဖြစ်ပြီး လွန်စွာမှလည်း ဖုန်းပြောနိုင်သူဖြစ်ကြောင်း။ လွန်စွာမှလည်းအလုပ် များသူဖြစ်ကြောင်း လည်းသိရပါသည်။
တရားစီရင်ရေးမူးမှာ တရားဝင်လက်ထက်ခွင့် မရှိသေးကြောင်း (၁၈နှစ်မပြည့်သေးလို့)၊ လူကောင်မှာလည်း လွန်စွာမှ သေးငယ်ကြောင်း၊ မျောက်ရုပ်နှင့် မတူသောလည်း အနည်းငယ် ဆင်တူကြောင်း သိခဲ့ရပါသည်။
တစ်ရက်၂ကြိမ်သာ မှန်သောနာရီကြီးနဲ့ အသင်းသားချုပ်ကြီးက ဒူးပြဲနေသော ဘောင်းဘီကြီး ၀တ်လာပါသည်။
ုအင်မတန် ခန့်ညားပြီးတောင့်တင်းသော ကျတော့အား ခိုးခိုးကြည့်နေသည်ကို အကျယ်တပွင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသွားမှာ မဟုတ်ကြောင်း။ ကျတော် သာလိကာများ လွန်စွာစကားများသည်ကို ကြားဖူးကြောင်း၊ ၎င်းတို့ထက် စကားများစွာပြောနိုင်သော အသင်းသားချုပ်ကြီးကို ယနေ့မှမြင်ဘူးကြောင်း၊ အသားအရောင်မှာ မမဲပေမဲ့ အသားနည်းနည်း မိုးချုပ်ကြောင်းလည်း သိရပါသည်။
အတွင်းရေးမှူး-၂ ခေါ်ဗီလိန်မှာ လွန်စွာသန်မာပြီး ကြောက်စရာကောင်းလိမ့် မည်ဟုထင်ထားကြောင်း၊ ၎င်းနဲ့စီးချင်းထိုးရန် အိပ်မက်မက်မိသည်ကို လွန်စွာ နောင်တရကြောင်း၊ ကျတော့တွေ့လိုက်သော ဗီလိန်မှာ အင်မတန်မှ နွဲ့နှောင်းပြီး လိန်ဖယ်လိန်ဖယ်နဲ့ လမ်းလျှောက်တတ်ကြောင်း၊ တနေရာအရောက်တွင် ဗီလိန်က ကျတော့ကို အကိုခဏနော် ဆိုပြီး ကျတော့ ပုခုံးကို အားရပါးရကိုင်ပြီးအီးပေါက် လိုက်တယ် ကျတော်က ဟေ့လူဘာလုပ်တာလဲ ဆိုတော့ ဆောရီးပဲအစ်ကိုရာ ကျတော့အီးပေါက်ရင် တစ်ခုတစ်ခု ကိုင်ပြီးပေါက်ရတယ် မကိုင်ရင်ပစ်လဲတာပဲတဲ့ အရမ်းနွဲ့တဲ့ ဗီလိန်ပါပဲလို့ မှတ်ချက်ချမီကြောင်း နိုင်ငံခြားရေးဝန်ကြီးချုပ်၏ မှတ်စုစာအုပ်ထဲတွင် ရေးသားထားသည်များကို တင်ပြခြင်းဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးနောက်ကွယ်တွင်
ပြောခွင့်ဆိုခွင့်ရှိသူ
ဇင်မင်း

8 comments:

ခေါင်ခေါင် said...
This comment has been removed by the author.
ဗန်ပိုင်းယား said...

အော် .. . တူတို့ဒွေက ဒီလိုတွေကိုး ....... ဗီဗီက ဂယ်နွဲ့တာလား .. ဟိ

Unknown said...
This comment has been removed by the author.
Unknown said...

ဟုတ်တယ်ဗျို့  အဲဒီအတိုင်းပဲ ကိုကေလာရေ
ကျတော်က မလိမ်တတ်ပါဘူး

Anonymous said...

အဟေးဟေး ကိုဗီအီးပေါက်တဲ့ စတိုင်ကိုတော့ မှတ်သားသွားတယ်ဗျို့

Yaminnie’s Daydream said...

ညောင်မာညောင်မာ...
မီးကို အငယ်ဆုံးဆိုပြီး အနိုင်ကျင့်ကြတယ်...
လူကိုများ မျောက်ရုပ်တဲ့... အဟင့် အဟင့်... ):

sait phay yar said...

တွင်း၂ ကနွဲ့တာဟုတ်ဘူးလေ ယိုင်နေတာ ထိုင်းမှာ
ပစ္စည်းလည်းပြီးချိန်မှစ၍အဲဂလိုလေး ဖြစ်သွားခြင်းပါ
ဟီဟီ

သံလွင် HeRo said...

တော်ပါသေးရဲ့...အဲဒီနေ့ကတားတားကလပ်ကိုက်နေလို့
ဂါရဝသွားပြုမိရင်တော့...မတွေးဝံ့စရာပဲ ။
ဖြစ်ရပ်မှန်သတင်းကိုခေါင်းထဲသံမှိုစွဲသလိုမှတ်သွားပါတယ်...တိန်တိန်တိန်