ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, December 12, 2008

အမည်နာမ ခေါ်ဆိုရန်တင်ပြခြင်း

အင်ထရို -
အသင်းသားလေး ကေလာ တစ်ခါမှ ကွန်ပလိန်း မတက်ဖူးသေးပါ။ ပထမဆုံးအကြိမ် ကွန်ပလိန်းတက်ခြင်း ဖြစ်ပါတယ်။ အရင် ဖတ်ကြည့်ပါ ။ အမှားပါရင် . . . . ထောပနာပြုပါ။
(ဟီး . . . . ကြိတ်ထောပနာပြုမယ့်တူတူ မထူးဘူး ပေါတင်ထောပနာပြုဖို့ပြောလိုက်တော့မယ်)

ဘော်ဒီ -
ဒါက ဒီလို ရှိပါတယ်ခင်ဗျ (ဟိုလိုရှိတာတော့ချန်ထားတယ်)
အနော်က တစ်ဦးတည်းသော အသင်းသားလေး ဖြစ်နေတော့ အားငယ်ပီး ကွန်ပလိန်း တက်ရတာပေါ့။ တင်ပြချင်တာက . . . . နာမည် ကိစ္စပါခင်ဗျာ . . . .

ဥပမာ . . . . အနော်က နာယကကြီးကို . . သူးသူးတာ လို့ ခေါ်ပါတယ် . . . .
(ဆရာမလည်း သိပ်မကြည်ဟု ထင်ပါတယ် ဘာမှတော့ပြောဘူး သူက အုံ့ပုံး . . . . ဟိ)
နောက်တစ်ယောက်က . . . . ခေါင်ခေါင်ပါ . . . . ကုလားဖြူလိုရေးထားတာ . . . . khaung ပါ အနော်က အသံကို အားရပါးရ ထွက်လိုက်တာ . . . . ဂေါင်းဂေါင်း ဖြစ်သွားပါတယ် . . . သူကတော့ ပေါတင်ပဲ . .ထောပနာပြုပါတယ် လဒလေး တဲ့ . . . မနည်း ပြောယူရတယ်. .အနော်က ကေလာလေးပါ . . လဒလေး မဟုတ်ပါလို့ ဒါမယ့် ဘယ်လိုပြောပြာ မရပါဘူး . . . . အနော့်ကို လဒလေးပဲ ခေါ်တော့တယ်
ဗြဲ . . . . (ဗြဲ ဆိုသည်မှာ အသံပြဲကြီးနဲ့ အော်ငိုခြင်း ဖြစ်ပါတယ် . . . .)
နောက်တစ်ယောက်က သဘာပတိပါ။ သူ့ကို ငဂျဲ လို့ ခေါ်လို့ . . . . အနော့် ရုံးခန်းမှာ လာပီး
ဗြဲ . . . . ကနဲ အော်သွားပါတယ်။

အဲ့ဒီအကြောင်း ကြောင်းတွေကြောင့် . . . . အသင်းသားချုပ်နဲ့ ငပေါဂိုဏ်းအကြောင်း ဆွေးနွေးရင်း အိုင်ဒီယာ အသစ်ရပါတယ်။

ငပေါများဂိုဏ်းရှိ လူကြီးမင်းများကို နာမည် အဖျားဆွတ်ခေါ်ရန် ကျတော် အသင်းသားလေး ကေလာမှ တင်ပြ (ကွန်ပလိန်းတက်)အပ် ပါသည်။

ဥက္ကဌအား ပေါအန်ဒီ ဟူ၍လည်းကောင်း၊
နာယကကြီးအား ပေါသူးသူး ဟူ၍လည်းကောင်း၊
သဘာပတိအား ပေါဂျယ် ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၁အား ပေါမှုး ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၂အား ပေါဗီ ဟူ၍လည်းကောင်း၊
စည်းရုံးရေးအမှုဆောင်အား ပေါညီ ဟူ၍လည်းကောင်း၊
အသင်းသားချုပ်ကြီးအား ပေါခေါင် ဟူ၍လည်းကောင်း၊
အကြံပေးအရာရှိအား ပေါပြည့် ဟူ၍လည်းကောင်း၊
ပညာရေးဝန်ကြီးအား ပေါဇင် ဟူ၍လည်းကောင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအား ပေါမွန် ဟူ၍လည်းကောင်း၊
တရားစီရင်ရေး ၀န်ကြီးအား ပေါမင်း ဟူ၍လည်းကောင်း၊
ဆည်မြောင်းဝန်ကြီးအား ပေါဟီးရိုး ဟူ၍လည်းကောင်း၊
ထောက်လှမ်းရေးချုပ်အား ပေါသား ဟူ၍လည်းကောင်း၊
ပြန်ကြားရေးဝန်ကြီးအား ပေါရဲ ဟူ၍လည်းကောင်း၊
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား ပေါကြီး ဟူ၍လည်းကောင်း၊
နိုင်ငံခြားရေးဝန်ကြီးချုပ်အား ပေါမွှေ ဟူ၍လည်းကောင်း၊
လယ်ယာပြန်စားရေးဝန်ကြီးအား ပေါလယ် ဟူ၍လည်းကောင်း၊
အသင်းသားဖြစ်သော တားတားလေးအား ပေါကေလာ ဟူ၍လည်းကောင်း ခေါ်ဆိုသင့်ကြောင်း ကွန်ပလိန်းတက်လိုက်ပါသည်။

ကျန်အဖွဲ့သားများအား အမည်နာမ မသိသဖြင့် ကိုယ့်နာမည်ရှေ့တွင် လေးစားသမှုဖြင့်
ပေါ
ဘွဲ့ထည့်ပြီး ခေါ်ဆို ကြပါရန် တားတားလေး ပေါကေလာမှ ကွန်ပလိန်းတက်လိုက်ပါသည်။

နိဂုံး -
အဲဒီတော့ကာ . . . .
စသည်ဖြင့်ပေါင်း များစွာဖြင့် ကွန်ပလိန်း တက်လိုက်ရပေးသတည်း . . . .
အားရပါးရ ကိုယ့်နာမည်ကို ပေါ ဘွဲ့ထည့် ကြပါကုန် . . . .

ပုံ/
ဦး ကိုကို တားတားလေး မောင်မောင် ပေါကေလာ

(^_^)

# မှန်ချက်/ သဘာပတိမှ လိုအပ်သည်များ ဖြည့်စွက် မှာစားလိုက်သည်။#

7 comments:

Yaminnie’s Daydream said...

“ပေါမင်း” တဲ့... ယမ ဆိုတာလေး ဘယ်နားကျကျန်ခဲ့လဲဟင်... (:

ခေါင်ခေါင် said...

ပေါခေါင် တဲ့.. လစ်တာပဲ... မြှောက်ပေးမိတာမွှား ပါတယ်ပေါကေလာ လဒလေးရယ် ..
အဟဲ.. ပေါဘွဲ့တွေထဲမှာအမိုက်ဆုံးက..
ပေါဟီးရိုး.. ပဲ..ဟိဟိ..

Andy said...

နာမည်ပေါသွားပြီ...။ ငါ့နာမည်လှလှလေးပေါသွားပြီ...။ GRRRRRRRRRRRRRRRRRRRRRRRRRRR

NangNyi said...

နာလည်း ကျိုက်တယ်ဟေ့. ပေါညီဆိုပဲ ငှဲငှဲ ငှိ (ရယစ် ရိုက်တာ မပေါ်လို့ ရပင့်နဲ့ပဲရိုက်လိုက်တယ်)

စပ်မိစပ်ရာ said...

သေပြီဆရာ..တကယ့်ကို နေခြည်မဖြာနိုင်တော့ဘူး
တားတား ကျမှ ပေါကြီးတဲ့..
နည်းနည်းလောက် ငိုလိုက်ဦးမယ်...
အဟီ...ရွှတ်...ဖက်

သံလွင် HeRo said...

ပေါဟီးရိုးလာတော်မူပြီ...ဝယ်ယ်ယ်ယ်ယ်...ဝူ

sait phay yar said...

ပေါဇင်လေး ဇင်ပေါလေး ဟဟ ဟီဟီ
ကောင်းလိုက်တာ