ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, January 10, 2009

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၃) (၁၀-၀၁-၀၉)

(၁) မော်ဒယ်လ်မလေး ၀က်ဝံရွှေရည် ခေတ္တခဏပျောက်ဆုံးသွားမှုနှင့်
ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ချမ်းရဲက အများထင်သလို သူနှင့်ဟိုဒင်းဟိုဟာမဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
ဝက်ဝံရွှေရည်သည် လူမမြင်သူမမြင်နေရာတွင် ရူးပေါဂိုဏ်းအတွင်းရေးမှူးတစ်၏ ကုမ္မဏီမှ ထုတ်လုပ်သော ဖိုးလပြည့်ရေခဲချောင်း သွားစားနေခြင်းသာဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ထွက်ဆိုခဲ့သည်။

(၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။

(၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် "ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်" ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင် "အဖေနှင့် ဇနီးများ" ဇာတ်ကားမှ သရုပ်ဆောင်များလည်း အကယ်ဒမီမျော်မှန်းထားသည်။

(၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည့်ု ဖုန်းကဒ်များ ဈေးကွက်အတွင်း အရောင်းအ၀ယ် မတွင်ကျယ်ဟု သိရ၏။ ပြည်သူများက ဈေးသက်သာပြီး ဖုန်းလိုင်းပိုမိသော နို့ဆီခွက်နှင့်အပ်ချည်ကြိုးများ အစားထိုးသုံးစွဲနေကြ၏။

(၅) ဂိုဏ်းအတွင်း တစ်ကြိမ်တစ်ခါမှ အလုပ်မလုပ်သော ပို့ဆောင်ရေးဝန်ကြီးသည် ၄င်းယောက္ခမ၏ အသုဘအခမ်းအနားသို့ ပထမဆုံးအကြိမ် အားတက်သရော ပို့ဆောင်ခဲ့သည်။

(၆) အသစ်ခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ညနေက ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ။ ခရီးစဉ်ရည်ရွယ်ချက်မှာ အဂ်လိပ်စကားသင်ရန်ဖြစ်ပြီး မူလတန်းအောင် စကားပြန်၂ယောက်လည်း လိုက်ပါသွားသည်ဟု သတင်းရရှိသည်။

(၇) လယ်ယာပြန်စားရေးဝန်ကြီး၏ တစ်နှစ်စာလျာထားချက်အတိုင်း ယာ၃ယာ ပြည့်မီစေရန် ဒေသခံတောင်သူဦးကြီးများက ပလယာ နှင့် ကွမ်းယာ တစ်ခုစီ ထည့်သွင်းဖော်ပြခဲ့ကြသည်။

ပုံ/
ပျံကျားရေးဝံကြီး

4 comments:

ဗန်ပိုင်းယား said...

အသင်းသား ကေလာလည်း ... ခရီးရှည် ထွက်နေကြောင်း သိရ

ဖိုးဂျယ် said...

တော်သေးတာပေါ့ ငတိ အတင်းမပါလို့

tututha said...

သဒင်းဒွေက လန်းတယ်ဟေ့။ ဒါမှ တို့လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီးကွ။ ကျဆိမ့်တခွက်လောက် အလကားတိုက်ပါဦး။ ကြုံတုန်းလေး။

chanye` said...

စိတ်ဆင်းရဲသောကရောက်နေချိန် မပေါချင်ဘဲ တာဝန်အရကြောင့်သာ အတင်းပေါထားရကြောင်း :'(