ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, January 26, 2009

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၄) (၂၆-၀၁-၀၉)

(၁) ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြန်မာပြည်ရှိ သူတောင်းစားများ ၀င်ငွေ လျော့ကျလျှက်ရှိ၏။ ထို့အပြင် ၀င်ငွေချို့တဲ့မှုကြောင့် မွေးမြူရေးဝန်ကြီးမှာလည်း မွေးမြူထားသော ရေသူမများအတွက် ဘလာစီယာများ လုံလုံလောက်လောက်မထောက်ပံ့နိုင်တော့ချေ။

(၂) ရူးပေါဂေဟာမှ အတင်းရေးမှူး(၁) ကြီးမှူးကျင်းပသော အာဆီယံအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပြည်မှ ဂေါက်သီးရိုက်အားကစားသမား တစ်ချက်တည်း ကျင်းဝင်။ ၀င်သောကျင်းမှာ ဂေါက်ကွင်းအနီး အသစ်ဖောက်လုပ်နေသော ၅ပေပတ်လည် အိမ်သာကျင်းဖြစ်နေကြောင်း သိရ၏။

(၃) ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ် မန်ဒါလီ (ကြက်ငှက်တုပ်ကွေးကင်းရှင်းကြောင်း ဆေးစစ်ပြီးသူ) သည် ရူးပေါဂိုဏ်းသို့လာရောက်ကာ စားသောက်လည်ပတ်ပြီး သဘာပတိကြီးနှင့် အပေါပြိုင်မည်ဟု သတင်းရရှိသည်။

(၄) ငှက္ကထနှင့်အဖွဲ့သည် ဂါဇာမြို့မှ စစ်ဒဏ်ခံဒဏ်ရာရပြည်သူများကို လိုက်လံတွေ့စုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ပလာစတာ(၅)ခုကို ကံစမ်းမဲဖောက်ပေးခဲ့သည်။

(၅) ငပေါများဂေဟာမှ မွေး/ရေ ၀န်ကြီးသည် မြန်မာပြည်တွင်း ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရန် မွေးမြူရေးခြံများရှိ ကြက်၊ ဘဲများအား ပါရာစီတမောနှင့် ပနဒေါလ်ဆေးလုံးများ တိုက်ကျွေးလျှက်ရှိသည်။

(၆) ငပေါများဂေဟာတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ရခြင်း အကြောင်းရင်းမှာ မီးမလာခြင်းကြောင့်ဖြစ်သည်ဟု EPC (Existence for People's Complaints) ရုံးက ဖြေရှင်းပြောကြားခဲ့၏။

ပုံ/ ဖျံကျရေးဝံကြီး ချမ်းရဲ

4 comments:

tututha said...

တခုကျန်သေးတယ် .. ဖျံကျရေးဝံဂျီး၏ ကိုယ်လုံးကို ခြင်မလေးက ကိုက်သွားရာ ဝမ်းကိုက်ဝေဒနာခံစား နေရသည်ဟု သိရ။
(ဒါနာယကဂျီးကဖြည့်စွက်တဲ့သတင်း)

ဗန်ပိုင်းယား said...

ဒီတစ်ပတ် သတင်း သိပ်မစုံဘူး ... ဟိ လူကြီးသတင်းတွေ ကြည့်ပဲ .. ကလေး သတင်းတွေ ပါဝူး ...

ဖိုးဂျယ် said...

အေင်မာ ငါနဲ့များ အပေါပြိုင်ချင်သေးတယ်
ရာရာစစ နိုင်မယ်များထင်နေလား မသိ

သံလွင် HeRo said...

မွေးမြူရေးဝန်ကြီးအတွက်ကျနော်
Billabong က one piece တွေ စပါယ်ရှယ်
ဒင့်စကောင့်နဲ့အော်ဒါမှာပေးထားပါမယ်ဗျ...
တော်ကြာအအေးပတ်ပြီး သေကုန်လို့ဂေဟာ
အမှုပတ်နေအုံးမယ်။