ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, December 1, 2008

ငွေစာရင်ရှင်းတန်း (နိုဝင်ဘာ ၁-၁၂-၂၀၀၈)

နိုဝင်ဘာလအတွက် စာရင်းမှာ ကမ္ဘာ့စီးပွားပျက် ဂယက်ရိုက်နေသဖြင့် လက်ရှိ MOM မှ ထုတ်ပြန်လိုက်သော စည်းကမ်းများနှင့်အညီ လခနှင့်ခံစားခွင့်များ လျှော့ချလိုက်သည်။ ယခုလအတွက်
သဘာပတိကြီး အတွက် စီးတီးဟော(စင်္ကာပူ)မှ ၄ပေပတ်လည် အိမ်သာတစ်လုံး။
နာယကကြီး အတွက် စိန်များဖြုတ်ရောင်း ပြီးသား ငွေဆွဲကြိုးတစ်ကုန်း။
ဥက္ကဌကြီး အတွက် ကားဘက်မှန် တစ်စုံ။ (အိမ်မှာ အလှပြင်ဖို့ မှန်မရှိလို့)
စည်းရုံးရေးအမှုဆောင် အတွက် LOUIS VUITTON ကုမ္ပဏီသို့ အသွားအပြန် တစ်လစာ ဘက်စ်ကားခ။ (ကြည့်ရုံကြည့်ပြီး သားရေကျဖို့)
အတွင်းရေးမှူး-၁ အတွက် နဖူးပြောင်၊ သွားခေါ၊ မျက်စွေ၊ ဆံကောက်၊ ဂျီးထူ အတွင်းရေမှူး တစ်ယောက်။
အတွင်းရေးမှူး-၂ အတွက် ဂျင်ဆန်းမီ။ (ဟဲဟဲ)
အသင်းသားချုပ် အတွက် ဟန်းဖုန်းထည့်သည့် သရေအိတ် တစ်လုံး။
အကြံပေးအရာရှိ အတွက် ရန်ကုန်တွင် ကြိုက်နှစ်သက်ရာလမ်းကို အမှိုက်လှည်းခွင့် ပါမစ်။

ပညာရေးဝန်ကြီး အတွက် ကျောင်းသုံးဗလာစာအုပ် တစ်အုပ်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး အတွက် ငါးမွေးရန် ရေတစ်ဂါလံ။
နိုင်ငံခြားရေးဝန်ကြီး အတွက် ဓာတ်ခဲလေယာဉ် တစ်စီး။
တရားစီရင်ရေးဝန်ကြီး အတွက် ပေါင်ချိန်ဇာတ်လမ်းတွဲ (ကော်ပီခွေ) တစ်စုံ။
ပြန်ကြားရေးဝန်ကြီး အတွက် သတင်းထုတ်ပြန်ရန် A4 စာရွက် အရွက် ၂၀။
လယ်ယာပြန်စားရေးဝန်ကြီး အတွက် လယ်စိုက်ရန် နောက်ချေးမြေသြဇာ တစ်ပုံး။
ထောက်လှမ်းရေးချုပ် အတွက် 9mm ရေသေနတ် တစ်လက်။

တစ်ဦးတည်းသော အသင်းသား အတွက် မှန်ချို သလိပ်ကြေ အသံကြည်ဆေး တစ်ဗူး။ (ထောက်ခံကြောင်း အော်ရန်)။
များလာရောက်ထုတ်ယူနိုင်ကြပါပြီ။
ရက်ကျော်လွန်ပါက အဖွဲ့ဘဏ္ဏာတော်အဖြစ် သိမ်းဆည်းမည်။

ပုံ/
အခွင့်ရ (ယာယီဘဏ္ဏာရေးမှူး)
အတွင်းရေးမှူး-၂
ခေတ္တ စလုံး

အောက်တိုဘာလ ငွေစာရင်ရှင်းတန်း နှင့် နှိုင်းယှဉ်ဖော်ပြသည်။

9 comments:

ဖိုးဂျယ် said...

စီးတီးဟောက အိမ်သာကို
ငတိက ဘာလုပ်ရမှာလဲ ငါ့ အိမ်မှာလဲတာပဲ။
မင်းသာ ပြောင်း ဖူး ကောင်းကောင်းရောင်း
မင်း ပြောရတာ မောလိုက်တာ ဖူး ဖူး
ပူလိုက်တာကွာ ဖူး ဖူး

sait phay yar said...

မကျေနပ်ဘူး မထောက်ခံဘူး သူကြတော့ ဘဏ်ဌာတော်တွေကို အလွဲသုံးစား (တစ်ဖူးဖူးနဲ့စားတယ် ဟွန်း)သူများတွေကျတော့ လစာတွေက သန်းနဲ့ချီပေးတယ်
ဖူးမောတာ...

မဆုမွန် said...

အော်အော် ဂျင်ဆန်းမီပေါ့လေ သူအတွက်တော့ ဟွန်း
ရေသူမတွေအတွက် အရက်တစ်ဂါလံဆို ဟုတ်သေး ဟွန်း။။

ဗီလိန် said...

တူတို့ကရဲ။ ကွန်ပလိန်းတက်မယ် သျှိတာဂျီးဘဲ။ စီးပွားရေးဂယက်ကြောင့်ပါဂျာ။ နားလည် ပေးကြပါဂျာ။ မပူကြပါနဲ့ အနော်လည်း ဘုန်းနေ။ အဲလေ။ အနော်လည်း တိတ်အငြားကြီး မရပါဘူး။ ကိုယ့်ဟာကို ချိုက်ချားနေရတာပါဂျာ။ ဂျင်ချန်းမီက ချားလို့ရဘူးဂျ။

ခေါင်ခေါင် said...

သူကျ ဖူးချင်တိုင်း ဖူး ပြီး သူများ ကိုကျတော့
ဟန်းဖုန်း ထည့်တဲ့ အိတ်တဲ့..
တော်တော်ကောင်းတဲ့ တွင်း ၂ ..
ပြောင်းဖူး ရောင်းရင်း အရင်းပြုတ်ပါစေ

ဗန်ပိုင်းယား said...

ထောက်ခံပါတယ်. ထောက်ခံပါတယ်. . အခုလောလောဆယ် .. နှာစေး ချောင်းဆိုး ဖြစ်နေတာ ဂွင်ပဲ .... အသားကုန် ထောက်ခံပါတယ် ခင်ဗျာ .. . ဖူးဖူးဖူး ...

မိုးသား said...

ဖူး...
ရေသေနတ်တဲ့..
ဖူး...
တော်တော်ဆိုးတဲ့ ကောင်
ဖူး...တွေ့မယ်ကွ..မင်းနဲ့
ဖူး....ဖူးးးးးးးးးးး

Unknown said...

ဟဟ ပလုပ်တုပ် ဒုက္ခတော့များကုန်ပါပြီ ဂျင်ဆန်းမီ ကကျတော်နဲ့ ဘာညာဘာညာဖြစ်ထားတာဗျ ရပါတယ်လေ အချင်းချင်းတွေပဲ မသိချင်ယောင်ဆောင်နေလိုက်ပါ့မယ်။

aung pyae said...

အနော့် လစာက သိပ်များနေတယ်ဗျို့ လောလောဆယ်တော့ တံမြက်စည်းလှည်းလိုက်ဦးမယ် ဂျင်စမ်းမီအတွက်...