ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, November 6, 2008

ပေါထု အော်သံ(၁) ဖြေရှင်းပြီး

ဆရာအော ကျူရှင်မှကျောင်းသားများ ခင်ဗျား
ရန်ကုန်မြို့ ဗြုတ်စဗျင်းတောင်းမြို့နယ် ခွကန့်ရပ်ကွက် ကပ်သီကပ်သပ်လမ်းထိပ်ရှိ ဆရာအော ကျူရှင်ဆရာ ဆရာအောအား ပတ်ဝန်းကျင် ညစ်ညမ်းစေမှုလောင်စာဆီဖြုန်းမှု ကြက်ဆူဆီမသုံးမှု မီးမလာသည်ကို သိသာစေမှုဆူပူမှု(မိုက်ခ်ဖြင့်)၊ ညဘက်မီးထွန်းသဖြင့် မှောင်ရိပ်ခိုမှုများ ဖမ်းစရာမရှိအောင်ဖြစ်ပြီး ပြီသူ့ယဲများ အောက်ဆိုဒ်နည်းသွားအောင်လုပ်မှု များဖြင့် ဝင်ရောက်ဖမ်းဆီးရာ ထပ်မံတွေ့ရှိရသော သီချင်းဆိုရန် ထုတ်လုပ်ထားသည့် Samsaung တံဆိပ် မိုက်ခ်ဖြင့် စာသင်၍ အလွဲသုံးစားမှု၊ ကျောင်းသားများကို အိမ်စာပေးပြီး အိုတီကြေးမပေးမှု၊ မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် ကွမ်းယာစားသည့်ကျောင်းသားကို အပြစ်ပေးသဖြင့် ရိုးရာတိမ်ကောအောင်လုပ်မှု၊ အေးမြသည့် ဆောင်းတွင်းတွင် ဆေးဖြစ်ဝါးဖြစ် Grand တစ်ပြားသောက်လာသော ကျောင်းသားကို အတန်းမတက်ခိုင်း၍ လက်အောက်ငယ်သားကို မစာနာမှု၊ အားလပ်ချိန်တွင် ဖဲရိုက်သည်ကို ဖမ်းပြီး မိဘခေါ်သဖြင့် အခွင့်အရေးပိတ်ပင်မှု၊ ၈တန်း ကျောင်းသား/သူ ရည်းစားထားသည်ကို ပိတ်ပင်သဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်ပြီး အနှောက်အယှက်ဖြစ်သည် ဟုဆိုသော ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက် ထက်မဖြစ်စေရန် ပြည်သူပိုင်သိမ်း၍ ငပေါဂိုဏ်းသားများကို ပါမစ်ချပေးပြီးကြောင်း။

လျှပ်စစ်လုပ်သားများ ခင်ဗျား
ပြည်သူများမှ ဆဲရေးခြင်းမရှိနိုင်စေရန် အပေါဆက်သွယ်ရေးဌာနကို အပြီးအပိုင်ဖျက်သိမ်းလိုက်ပါကြောင်းနှင့် တိုင်တန်းသူများကိုလည်း အရေးယူပြီးပါကြောင်း။

စခန်းမှူး ခင်ဗျား
ဖားမနိုင်ရပ်ကွက် လမ်းထိပ်ရဲစခန်းကို ပြန်လည်ဖျက်သိမ်းပြီး အမှိုက်ပုံအဖြစ် ပြန်လည်သတ်မှတ်ပြီးကြောင်းနှင့် ရဲစခန်းကို နီပြေတော်သို့ ပြောင်းရွှေ့ပြီး စခန်းမှူးမှ အမှိုက်လာစွန့်ပစ်သည့် ရပ်ကွက်လူထုထံမှ အမှိုက်တစ်ထုတ်လျှင် စင်္ကာပူဒေါ်လာ ၃၀မှ ၅၀အထိ အခွန်ကောက်ရန် အမိန့်ချပြီးကြောင်းပါ။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး-၂ (ငပေါများဂေဟာ)

1 comment:

ပုံ့မေ said...

တွင်းမူး-၂ လုပ်ဆောင်ချက်တော်တော်ပီပြင်တာဘဲ....လေးစားသွားပြီ.......သဘာငတိကြီး တို့  တွင်းမူး-၂ လုပ်ဆောင်ချက်ကို ချီးမြှောက်သောအားဖြင့် ပါမစ်များများပေးသင့်ပါကြောင်း ........

ပေါထုတဦး :D