ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, December 17, 2008

လျှောက်လွှာလက်ခံခြင်း (၁၃)

သို့/
ဥက္ကဌ
ရူးပေါဂိုဏ်း
ငပေါများဂေဟာ။
နေ့စွဲ။ ။ ၁၇. ၁၂. ၂ဝဝ၈

အကြောင်းအရာ။ ။ ငပေါရာထူးတစ်ခုခု ချီးမြှင့်ရန် လျှောက်ထားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ ကျွန်တော် ခပ်ညံ့ညံ့ကောင် (ခ) ဂျူဝသန်၊ အဘအမည် (မေ့နေ)၊ မှတ်ပုံတင်အမှတ် ( လျှောက်ထားဆဲ ) သည် ငပေါတစ်ယောက် အရည်အချင်းများနှင့် ပြည့်မီကြောင်း ရဲရဲကြီး အာမခံပါသဖြင့် လူကြီးမင်းတို့၏ ငပေါများဂေဟာတွင် ရာထူးအာဏာ တစ်ခုခုပေးအပ်ပါရန် လျှောက်ထားအပ်ပါသည်။ ကျွန်တော်သည် အများပေါတာမြင်၍ လိုက်ပေါနေခြင်းမျိုးမဟုတ်ပဲ မွေးရာပါ ဗီဇအတိုင်း ပေါနေသူတစ်ယောက်ဖြစ်ပါသည်။ သို့သော် ယခင်က လူအများအလယ်၌ (အပေါင်းအသင်းများမှ) ငပေါ ဟု အခေါ်ခံရချိန် ရှက်စိတ်ဝင်ခဲ့ဖူးပါသည်။ ယခုမူကား ကျွန်ုပ်ထက်ပေါသူများကို ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ပါသဖြင့် နောက်နောင် အရှက်မရတော့ပါဟု ၀န်ခံကတိပြုအပ်ပါသည်။ ကျွန်ုပ်သည် အခွင့်အရေးပေးလျင်ပေးသလို ပေါလေ့ ရှိပါသည်။ ရပ်ကွက် သာရေးနာရေး ကိစ္စများတွင်ထင်ရှားသူဖြစ်ပြီး၊ ကာရာအိုကေ ပွဲများတွင်မူ ပရက်ဇန်တာ တစ်ဦးရာထူးကို မတောင်းပါပဲ ဝင်ဝင်နွှဲရတတ်သည်။ ကျောင်းကားပေါ်၌ အတွေ့အကြုံရင့် စပယ်ယာ တစ်ယောက်ဖြစ်ခဲ့ပြီး၊ ကျောင်းခန်းထဲတွင် အီးစီ တစ်ယောက်ဖြစ် ၂ နှစ်ဆက်တိုက် တာဝန်ယူခဲ့ရဖူးသည်။ ကျွန်ုပ်လွယ်အိတ်ထဲတွင် စာတစ်အုတ်နှင့် ကြေးစည် တစ်ချပ်ပါ ယူဆောင်သွားတတ်သည်။ ကန်းတင်းန် ကဲ့သို့သော ကျောင်းသားများ စုရုံးနေရာများ၌ ဂစ်တာသံကြားရသော အရပ်သို့ သတိပြုကြည့်လိုက်မည်ဆိုလျင် ကျွန်ုပ် မဟုတ်ပါ။ ကြေးစည်သံကြားရမှ သာလျှင် စင်စစ် ကျွန်ုပ်ဖြစ်၏။ မျက်မှန်း တန်းမိယုံဖြင့် ကျွန်ုပ်အတွက် မုန့်တောင်းစားရန် လုံလောက်ပြီး ထို့ထက်ပို၍ ပိုက်ဆံချေး တတ်သည်။ ရည်းစားတစ်ယောက်နှင့် လျှောက်လည်နေရခြင်းထက်၊ ငပေါဖော် ပေါဖက် သူငယ်ချင်းများနှင့် လျှောက်သွားနေရခြင်းကို ကျွန်တော် အလွန်တောင်းတ လိုလားပါသည်။ လိုအပ်ပါက ငပေါ စာတီဖီကိတ်များပါ ပူးတွဲပေးပို့ သွားရန်ရှိပါသည်။

လေးစားစွာဖြင့်
ခပ်ညံ့ညံ့ကောင်


မှတ်ချက်။ ။ သဘာပတိမှ လုပ်နည်းလုပ်ထုံးများအရ လိုအပ်သည်များ ဖြည့်စွက်မှာစားလိုက်သည်။ ကျန်အရာရှိ လူဂျီးလူဂေါင်းများမှ ရာထူးပေးအပ်ရန် အစည်းအဝေးပြုလုပ်သင့်ကြောင်း သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်မှ ပြောကြား


4 comments:

ဗန်ပိုင်းယား said...

စတဖီကိတ်တွေ ပြရမယ်.နော်... ကွန်ပလိန်းတက်တာ.. ရာထူးကြီးကြီး အတွက် ထောက်ခံပေးမယ်

ဗီလိန် said...

ကောင်းလေစွ။ ငပေါဂိုဏ်းချုပ်မှာ မင်းလိုလူတွေလိုနေတာဟ။ ဘုတ်အဖွဲ့ရေ့ ခုချက်ချင်းခန့်............။

စပ်မိစပ်ရာ said...

ထောက်ခံသည်။ ကန့်ကွက်လို့မှမရတာ...
senior တွေထက် မနိမ့်စေရေး ဂရုပြုဆောင်ရွက် သွားရန်။ စလုံးနိုင်ငံ လူကြီးမြင်းများမှ အမြန်ရာထူး ခန့်ပေးပါရန်။

Andy said...

ထောက်ခံပါသည်...။ ပိုးးးးးဆောင်ရေးဝန်ကြီးခန့်အပ်ရန်