ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, December 4, 2008

လျှောက်လွှာလက်ခံခြင်း (၁၀)

သဘာငတိနှင့်တကွ သက်ဆိုင်သူများအားလုံးသို့

အကြောင်းအရာ။ ။ နိုင်ငံတကာ အပေါများဂိုဏ်းချုပ်သို့ လျှောက်လွှာတင်ခြင်း
အမည် . . . . . သံလွင်မြစ်ပေါ်မှာ ရမ်းကားရင်း ဟီးရိုးလုပ်လွန်းသောကြောင့် နယ်နှင်ဒဏ်ပေးခံထားရသော ကျနော်မျိုး သံလွင်ဟီးရိုး
အသက် . . . . ဆယ်ကျော်သက်။
လိင် . . . . နပုန်းလိင်။ (သဒ္ဒါမေ့သွားပါသဖြင့် မှတ်မိသောတစ်ခုကို ရေးလိုက်ခြင်းသာ)
နေရပ်လိပ်စာ . . . . ခြင်္သေ့ကျွန်းဆွယ် မုန့်သုန်တောနှင့် မလေးကျွန်းဆွယ် ဂျိုဟိုးအကြား ပြောင်းဖူးခင်း။
ဖုန်းနံပါတ် . . . . . ၁၈၁၈
ဝါသနာ . . . . စိုက်ပြီးရှင်သန်လုဆဲ သစ်ပင်များကိုနှုတ်ခြင်း ။
ထင်ရှားသည့်အမှတ်သား . . . . နှာခေါင်းခေါင်းထိပ်တည့်တည့်တွင် သစ်စေ့ပုံမှဲ့ရှိခြင်း ။
အိမ်ထောင်ရှိ/မရှိ . . . . မရှိသည်ဟုယူဆရခြင်း ။
ပညာအရည်အချင်း . . . . ရေတတ်တက္ကသိုလ်မှ ပျိုးနှုတ်ဘွဲ့ရ၊ အပေါ်စ်ဖို့ဒ်တက္ကသိုလ်မှ ကိုင်းချိုး၊ ကိုင်းဆက်၊ ကိုင်းဖြတ်၊ ပညာကိုမာစတာထိပြီးစီး ။
ယခင်အလုပ်အကိုင် . . . . အော်လိုင်း မြို့တော်ခြောက်သွေ့စိုပြေရေးတွင် လုပ်သက် ၁ပတ်၊ ဘဲဆူဆီ ပျိုးနှုတ်ရေးတာဝန်ခံ လုပ်သက် ၂ လ နှင့် ၉ရက် ။
လိုချင်သည့်ရာထူး . . . . ပျိုးနှုတ်ရေးနှင့် ရေမြောင်းဝန်ကြီး ။
ခန့်မှန်းလစာ . . . . အင်တာနက်၊ ဖုံးဘေ၊ ရေဖိုးမီးဖိုး၊ အမ်အာတီဖိုးသာ (ညှိနှိုင်း)
ကိုယ်ရေးရာဇဝင် . . . . အရှုပ်ရှင်းအားလုံးကင်းစင်ခြင်း ။

#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ ပိုးစိုးပက်စက် ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဘေထယ်ရောင်း

10 comments:

ဗီလိန် said...
This comment has been removed by the author.
ဗီလိန် said...

ထောက်ခံပါတယ်ဗျိုး။

Yaminnie’s Daydream said...
This comment has been removed by the author.
Yaminnie’s Daydream said...

ထောက်လဲခံတယ်... ဆောင့်လဲကန်တယ်...
နပုန်းလိင်ဆိုတော့ ... ပိုပေါမယ်ထင်ပါရဲ့ ...
ဘာမှဆိုင်ဝူးဟုတ်... :P

sait phay yar said...

ထောက်ခံပါဒယ် ထောက်ခံပါဒယ်
ကြိုဆိုပါဒယ်
ပါမစ်ပေးနော် သဘာငတိရေ..
ဖူးမောဒယ်..လိုက်ထောက်ခံရတာ

Andy said...

ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်

မိုးသား said...

ကြောက်ခမန်းလိလိ ပေါပါပေသည်။
ဂိုဏ်းအတွက် အကျိုးပြုမည့်သူဖြစ်သည်။
ထောက်ခံပါသည်။

ဗန်ပိုင်းယား said...

အင်း နောက်တစ်ယောက် . .လာခဲ့ လာခဲ့ . .ကွန်ပလိန်းတက်ဖို့ . .ရာထူးကြီးကြီး တစ်ယောက်လာပီ .. ထောက်ထားတယ် ဘာမှ ပူနဲ့နော်.

Unknown said...

ထီးရိုးပဲဖြစ်ဖြစ် ဟီးရိုးပဲဖြစ်ဖြစ် သေဘော်တူတယ်

စပ်မိစပ်ရာ said...

အဖွဲ့ဝင်အဖြစ်လက်ခံပြီး... သင့်တော်ရာ နေရာတစ်ခု ခန့်ထားပေးနိုင်ပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။