ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, January 8, 2009

လျှောက်လွှာလက်ခံခြင်း (၁၇)

ကျွန်မ(အဲ ဟုတ်ဘူး)မိဖုရားလေး၊ ကေလာမမ ဖြစ်ပါသည်၊ ပထမတော့ အလည်လာတာပါ။ ဒုတိယကျတော့ နည်းနည်းစိတ်ပါလာတာပါ။ တတိယကျတော့ သောင်ပြင်မှာ ဦးတည်ရာမရှိ လျှောက်လမ်းသလားနေတဲ့ တစ်ကောင်တည်း ဒါပေမယ့် လိပ်လိုဖြစ်နေတဲ့ အတင်းကြီးရဲ့တစ်ဦးတည်းသော အဖွဲဝင် အသင်းသား-ကောလာလို နောက်တစ်နေရာလောက် ပူးတွဲ ခံစားခွင့်များရလို ရငြား ပလာစတာမပါ အကပ်မပါ၊ ဆီပုံးမပါ၊ မုန့်ပုံးမပါ၊ ပွဲစားမပါ ဘဲ ရိုးသားစွာ လျှောက်ထားအပ်ပါသည်။

အကယ်လို့ အပြောကောင်း၊ အပေါကောင်း၊ အပေးကောင်းလို့( တိုက်-ကား-ဘာညာ ပြောပါတယ်) ပတ်သက်ရာ ပတ်သက်ကြောင်း မျက်နှာဖျက်စရာ အချက်များနှင့် ပြည့်စုံပြီး၊ ဂွင်တစ်ခု မိပြီးဟု သတ်မှတ်ပြီး ခန့်မည်ဆိုပါက သက်တောင့်သက်သာ ဝေစား-မျှစား စနစ်ကြီးဖြင့် ဆွေစဉ် ၁၅ ဆက်-ခိုးစဉ် ၁၅ ဆက်ထက်မကသော် လူထုကြီး အကျိုးကို မျှော်ခိုးပြီးအတင်းကြီး၏ ပေါချက်များကို ဦးဆွေး(ဂတုံးဖြစ်တိအထိ) (သွားတုတပ်ရသည့်ထိ) တာဝန် ထမ်းရှောင် သွားမည်ဖြစ်ပါကြောင်း မိဖုရားလေး ကေလာမမ ၏ အရည်အချင်းများမှာ အထက်ဖော်ပြထားသည့်အပြင် အောက်ပါအတိုင်းဖြစ်ပါသည်။

အမည်
- ကေလာမမ
နစ် နိမ်း-(cross name) -ကေလာမမ (စာရေးရင်တော့ ကျွန်မ-ကျွန်မ( ကျွန်မလို ကိုယ့်ကိုကိုယ် နှိမ်ချပြောဆိုလိုခြင်း အရှင်းမရှိတဲ့အတွက်-မိဖုရားလေး)လို့ ဘယ်သူမှ မပေးသော် ရာထူးကို ကိုယ်ဘာသာ ကိုယ် ယူထားကြောင်းပါ)
အသက်-လူ့သက်တမ်း ၂ ပြန်ကျော်
လိုချင်သော်နေရာ-ခေါင်းဝင်ကိုယ်ဆန့်-သက်တောင့်သက်သာ(ဆပ်ပြာ-မဟုတ်ပါ)ပေါ့ပေါ့ပါးပါးတစ်နေရာ
လုပ်သက်-ပထမဦးဆုံးအကြိမ် ဤကဲ့သို့ပေါလိုခြင်း
ကျေးဇူးအထူးတင်ရှိပါကြောင်း
ကေလာမမ

မှတ်ချက်- သဘာပတိမှ စိတ်ဝင်စားစရာ အချက်တွေ့ရှိပါသဖြင့် ထောက်ခံလိုက်သည်။

7 comments:

Unknown said...

ထောက်ခံပါ၏ ။ အင်းဘိုလိုမှုတ်ရရင်တော့ ဝဲခမ်းပါဝဲခမ်း

ဆက်သွယ်ရေးဝန်ကြီး

ခေါင်ခေါင် said...

ထောက်ခံပါဒယ် ထောက်ခံပါဒယ်..
ပေါသာပေါ.. ဟိ

ဗန်ပိုင်းယား said...

ဟိ. . တားတားလည်း ထောက်ခံတယ် .. ထောက်ခံ တယ် ... ဟီဟိ ... အသင်းသား တစ်ယောက်တိုးပီ ... လာထား ..

ဗီလိန် said...

ုလုပ်ဟ

sait phay yar said...

ကေလာတို့ က အဖော်လေးနဲလာတာ
တယ်ဟုတ် မိသားစုတွေကောပါသေးဘူးလားဟင်

tututha said...

စိတ်ဝင်စားစရာဆိုတာ အောက်ပါအချက်လားဟင် ငတိ

NangNyi said...

ဘာတွေတွေ့သွားတာတုန်း